Friday, March 27, 2020

မန္တလေးမြို့မှာ COVID-19တွေ့ရှိခဲ့သည့် အမေရိကန်နိုင်ငံသားခံယူထားတဲ့ မြန်မာအမျိုးသားရဲ့ ၁၄ ရက်အတွင်း ထိတွေ့ခဲ့မှုလမ်းကြောင်းများ

No photo description available.

🔴 မတ်လ ၁၉ ရက်နေ့ ညနေ ၆နာရီတွင် Qatar Airlines (ကွာတာလေကြောင်းလိုင်း) ဖြင့် ရန်ကုန်မြို့သို့ရောက်ရှိခဲ့သည်။
🔴 မတ်လ ၁၉ ရက် ညတွင် ရန်ကုန်မြို့ တောင်ဥက္ကလာမြို့နယ်တွင် တစ်ညအိပ်နေထိုင်ခဲ့သည်။ မည်သည့်နေရာတွင် တစ်ညအိပ်ခဲ့သည်ကို ဖော်ပြခြင်း မရှိသေးပါ။

🔴 မတ်လ ၂၀ ရက် နေ့တွင် မနက်မှ ညအထိ ရန်ကုန်မြို့တွင် ရှိနေခဲ့သည်။ မတ်လ ၂၀ရက်နေ့ တစ်နေ့လုံးတွင် တည်းခိုသည့်နေရာတွင်ပဲ ရှိနေခြင်း (သို့) အခြားဘယ်နေရာများသွားခဲ့ခြင်းကို ဖော်ပြခြင်းမရှိသေးပါ။
🔴 မတ်လ ၂၀ ရက်နေ့ ည ၁၀နာရီတွင် ရန်ကုန်မြို့မှ မန္တလေး မြို့သို့ ခိုင်မန္တလေး အဝေးပြေးမှန်လုံယာဉ်ဖြင့် သွားရောက်ခဲ့သည်။ တည်းခိုသည့်နေရာမှ ရန်ကုန်အဝေးပြေးဂိတ်သို့ မည်သို့ သွားခဲ့သည်မသိသေးပါ။ လမ်းတွင် ၁၁၅မိုင် စခန်းတွင် ဝင်နားခဲ့ပါမည်။
🔴 မတ်လ ၂၁နေ့ တွင် မန္တလေးကားဂိတ်မှ ချမ်းမြသာစည် မြို့နယ်ရှိနေအိမ်သို့ မီနီအိုးဝေယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်းသိရှိရပါသည်။
🔴 မတ်လ ၂၂ရက်နေ့တွင် စတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းခြင်း လက္ခဏာ များ ခံစားခဲ့ရသည်။
🔴 မတ်လ ၂၅ရက်နေ့တွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လာရောက် ပြသခဲ့ရာ ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်း၍ စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင် ထားရှိ၍ ကုသမှုပေးလျက်ရှိပါသည်။
🔴 မန္တလေးသို့ ရောက်ရှိခဲ့သည့် မတ်လ ၂၀ရက်နေ့ မှ ရောဂါလက္ခဏာများ ခံစားနေရသည့် မတ်လ ၂၂ရက်နေ့ထိ နှင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လာရောက် ပြသခဲ့သည့် မတ်လ ၂၅ရက်နေ့ထိ အဆိုပါ ၆ရက်အတွင်း မန္တလေးမြို့တွင် ရှိနေခဲ့ပါသည်။ ၎င်းသွားရောက်ခဲ့သော နေရာများအား ဖော်ပြခြင်းမရှိသေးပါ။
🔴 မတ်လ ၂၆ရက်နေ့တွင် လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးခဲ့ရာ (၂၆-၃-၂၀၂၀) ရက်နေ့ တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။
COVID-19 ရောဂါသည် ရောဂါလက္ခဏာများ မပြမီ ၁၄ရက်အတွင်း လွယ်ကူစွာ ကူးစက်စေနိုင်သောကြောင့် အဆိုပါ လူနာရန်ကုန်လေဆိပ်ကို စတင်ရောက်ရှိသည့် မတ်လ ၁၉ ရက်နေ့မှစပြီး မတ်လ ၂၅ မန္တလေး ကန်တော်နဒီဆေးရုံ၏ သီးသန့်ခန်းသို့ မလွှဲပြောင်းမှီထိ အဆိုပါ လူနာနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ကြေငြာထားပါသည်။ သို့ဖြစ်ပါ၍ အဆိုပါဓာတ်ခွဲ အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ပြည်သူလူထု အနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
Source - WeNews
#Myanmar_Online_News
>>zawgyi<<
မန္တလေးမြို့မှာ COVID-19တွေ့ရှိခဲ့သည့် အမေရိကန်နိုင်ငံသားခံယူထားတဲ့ မြန်မာအမျိုးသားရဲ့ ၁၄ ရက်အတွင်း ထိတွေ့ခဲ့မှုလမ်းကြောင်းများ
Friday, March 27, 2020

🔴 မတ်လ ၁၉ ရက်နေ့ ညနေ ၆နာရီတွင် Qatar Airlines (ကွာတာလေကြောင်းလိုင်း) ဖြင့် ရန်ကုန်မြို့သို့ရောက်ရှိခဲ့သည်။
🔴 မတ်လ ၁၉ ရက် ညတွင် ရန်ကုန်မြို့ တောင်ဥက္ကလာမြို့နယ်တွင် တစ်ည အိပ်နေထိုင်ခဲ့သည်။ မည်သည့်နေရာတွင် တစ်ညအိပ်ခဲ့သည်ကို ဖော်ပြခြင်း မရှိသေးပါ။
🔴 မတ်လ ၂၀ ရက် နေ့တွင် မနက်မှ ညအထိ ရန်ကုန်မြို့တွင် ရှိနေခဲ့သည်။ မတ်လ ၂၀ရက်နေ့ တစ်နေ့လုံးတွင် တည်းခိုသည့်နေရာတွင်ပဲ ရှိနေခြင်း (သို့) အခြားဘယ်နေရာများသွားခဲ့ခြင်းကို ဖော်ပြခြင်းမရှိသေးပါ။
🔴 မတ်လ ၂၀ ရက်နေ့ ည ၁၀နာရီတွင် ရန်ကုန်မြို့မှ မန္တလေး မြို့သို့ ခိုင်မန္တလေး အဝေးပြေးမှန်လုံယာဉ်ဖြင့် သွားရောက်ခဲ့သည်။ တည်းခိုသည့်နေရာမှ ရန်ကုန်အဝေးပြေးဂိတ်သို့ မည်သို့ သွားခဲ့သည်မသိသေးပါ။ လမ်းတွင် ၁၁၅မိုင် စခန်းတွင် ဝင်နားခဲ့ပါမည်။
🔴 မတ်လ ၂၁နေ့ တွင် မန္တလေးကားဂိတ်မှ ချမ်းမြသာစည် မြို့နယ်ရှိနေအိမ်သို့ မီနီအိုးဝေယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်းသိရှိရပါသည်။
🔴 မတ်လ ၂၂ရက်နေ့တွင် စတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းခြင်း လက္ခဏာ များ ခံစားခဲ့ရသည်။
🔴 မတ်လ ၂၅ရက်နေ့တွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လာရောက် ပြသခဲ့ရာ ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်း၍ စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင် ထားရှိ၍ ကုသမှုပေးလျက်ရှိပါသည်။
🔴 မန္တလေးသို့ ရောက်ရှိခဲ့သည့် မတ်လ ၂၀ရက်နေ့ မှ ရောဂါလက္ခဏာများ ခံစားနေရသည့် မတ်လ ၂၂ရက်နေ့ထိ နှင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လာရောက် ပြသခဲ့သည့် မတ်လ ၂၅ရက်နေ့ထိ အဆိုပါ ၆ရက်အတွင်း မန္တလေးမြို့တွင် ရှိနေခဲ့ပါသည်။ ၎င်းသွားရောက်ခဲ့သော နေရာများအား ဖော်ပြခြင်းမရှိသေးပါ။
🔴 မတ်လ ၂၆ရက်နေ့တွင် လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးခဲ့ရာ (၂၆-၃-၂၀၂၀) ရက်နေ့ တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။
COVID-19 ရောဂါသည် ရောဂါလက္ခဏာများ မပြမီ ၁၄ရက်အတွင်း လွယ်ကူစွာ ကူးစက်စေနိုင်သောကြောင့် အဆိုပါ လူနာရန်ကုန်လေဆိပ်ကို စတင်ရောက်ရှိသည့် မတ်လ ၁၉ ရက်နေ့မှစပြီး မတ်လ ၂၅ မန္တလေး ကန်တော်နဒီဆေးရုံ၏ သီးသန့်ခန်းသို့ မလွှဲပြောင်းမှီထိ အဆိုပါ လူနာနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ကြေငြာထားပါသည်။ သို့ဖြစ်ပါ၍ အဆိုပါဓာတ်ခွဲ အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ပြည်သူလူထု အနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
Source - WeNews

0 comments:

Post a Comment