Sunday, March 29, 2020

Covid-19 ဖြစ်ပွားမှုထိန်းချုပ်ရန်အတွက် မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများအား ပြည်ဝင်ဗီဇာထုတ်ပေးခြင်း ယာယီရပ်ဆိုင်း

Image may contain: outdoor

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ လာရောက်မည့် နိုင်ငံခြားသားများအား မည့်သည့် ပြည်ဝင်ဗီဇာအမျိုးအစားမဆို ဧပြီ လကုန်အထိ ထုတ်ပေးတော့မည်မဟုတ်ဘဲ ယာယီရပ်ဆိုင်းလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ မတ်လ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် (က) နိုင်ငံခြားသား အားလုံးအား (မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများမှ ဝန်ထမ်းများ မြန်မာနိုင်ငံနှင့် အပြန်အ လှန် ပြေးဆွဲနေသည့် လေယာဉ်များနှင့် သင်္ဘောများမှ လေယာဉ် မှူးများ/ သင်္ဘောအရာရှိ များ၊ တာဝန်ရှိအမှုထမ်းများမှလွဲ၍) လူမှုရေးဗီဇာအပါအဝင် မည်သည့် ပြည်ဝင်ဗီဇာ ထုတ်ပေးခြင်းကိုမဆို ယာယီရပ်ဆိုင်းခြင်းဟု ပါရှိသည်။
ထို့ပြင် အာဆီယံ နိုင်ငံများ အပါအဝင် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ အစီအစဉ်ဖြင့် ပြည်ဝင် ဗီဇာကင်းလွတ်ခွင့်ပြုထားသော နိုင်ငံအားလုံးမှ နိုင်ငံခြားသားများအား (သံတမန် နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများမှအပ) ဗီဇာ ကင်းလွတ်ခွင့်ကို ယာယီရပ်ဆိုင်းခြင်းစသည့်အပြင် မြန်မာနိုင်ငံဆိုင်ရာ သံတ မန်များ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့်မူ ပြည်ပနိုင်ငံများရှိ သက်ဆိုင်ရာ မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံး တို့မှတဆင့် ပြည်ဝင်ဗီဇာ လျှောက်ထား ရယူနိုင်မည်ဖြစ်ကြောင်း ပါရှိသည်။

၎င်းတို့အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် နေ့ရက်မတိုင်မီနှင့် လေယာဉ်များပေါ်သို့ မတက်ရောက်မီ အသိအမှတ်ပြု ဓာတ်ခွဲခန်းမှ လွန်ခဲ့သော (၇၂) နာရီ မတိုင်မီက ရရှိထားသည့် COVID-19 ရောဂါ ကင်းရှင်းကြောင်း ဆေးစစ်ချက် အထောက်အထား ပြသရန် လိုအပ်မည်ဖြစ်ပြီး ၎င်းတို့အား မြန်မာနိုင်ငံသို့ စတင်ရောက်ရှိချိန် မှစတင်၍ ၎င်းတို့နေအိမ်များတွင် ၁၄ ရက် သီးသန့်နေထိုင်စောင့်ကြည့်မှု (Home Quarantine) ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် အပြန်အလှန်ပြေးဆွဲနေသည့် လေယာဉ်များနှင့် သင်္ဘောများမှ လေယာဉ်မှူးများ/သင်္ဘောအရာရှိများ၊ တာဝန်ရှိ အမှုထမ်းများအနေဖြင့်လည်း ပြည်ပနိုင်ငံများရှိ သက်ဆိုင်ရာ မြန်မာသံရုံး/အဖွဲ့ရုံး/ ကောင်စစ်ဝန်ချုပ်ရုံး တို့မှတဆင့် ပြည်ဝင်ဗီဇာ လျှောက်ထားရယူနိုင်မည်ဖြစ်ကာ ၎င်းတို့အနေဖြင့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ နောက်ဆုံးထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
သို့သော် ပြည်ပနိုင်ငံအသီးသီးမှ ခရီးသွားများအနေဖြင့် မလွှဲမရှောင်သာ ကိစ္စရပ်ကြောင့် ဖြစ်စေ သို့မဟုတ် အရေးပေါ် တာဝန် ဖြင့်ဖြစ်စေ မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိပါက ဖော်ပြပါ ပြည်ဝင်ဗီဇာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပ နိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
Image may contain: sky and outdoor
Image may contain: indoor
Image may contain: sky, cloud and outdoor
Source - Akonthi
<zawgyi>
Covid-19 ဖြစ်ပွားမှု ထိန်းချုပ်ရန်အတွက် မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများအား ပြည်ဝင်ဗီဇာ ထုတ်ပေးခြင်း ယာယီရပ်ဆိုင်း
Monday, March 30, 2020

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ လာရောက်မည့် နိုင်ငံခြားသားများအား မည့်သည့် ပြည်ဝင်ဗီဇာအမျိုးအစားမဆို ဧပြီ လကုန်အထိ ထုတ်ပေးတော့မည်မဟုတ်ဘဲ ယာယီရပ်ဆိုင်းလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ မတ်လ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် (က) နိုင်ငံခြားသား အားလုံးအား (မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများမှ ဝန်ထမ်းများ မြန်မာနိုင်ငံနှင့် အပြန်အ လှန် ပြေးဆွဲနေသည့် လေယာဉ်များနှင့် သင်္ဘောများမှ လေယာဉ် မှူးများ/ သင်္ဘောအရာရှိ များ၊ တာဝန်ရှိအမှုထမ်းများမှလွဲ၍) လူမှုရေးဗီဇာအပါအဝင် မည်သည့် ပြည်ဝင်ဗီဇာ ထုတ်ပေးခြင်းကိုမဆို ယာယီရပ်ဆိုင်းခြင်းဟု ပါရှိသည်။
ထို့ပြင် အာဆီယံ နိုင်ငံများ အပါအဝင် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ အစီအစဉ်ဖြင့် ပြည်ဝင် ဗီဇာကင်းလွတ်ခွင့်ပြုထားသော နိုင်ငံအားလုံးမှ နိုင်ငံခြားသားများအား (သံတမန် နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများမှအပ) ဗီဇာ ကင်းလွတ်ခွင့်ကို ယာယီရပ်ဆိုင်းခြင်းစသည့်အပြင် မြန်မာနိုင်ငံဆိုင်ရာ သံတ မန်များ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့်မူ ပြည်ပနိုင်ငံများရှိ သက်ဆိုင်ရာ မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံး တို့မှတဆင့် ပြည်ဝင်ဗီဇာ လျှောက်ထား ရယူနိုင်မည်ဖြစ်ကြောင်း ပါရှိသည်။

၎င်းတို့အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် နေ့ရက်မတိုင်မီနှင့် လေယာဉ်များပေါ်သို့ မတက်ရောက်မီ အသိအမှတ်ပြု ဓာတ်ခွဲခန်းမှ လွန်ခဲ့သော (၇၂) နာရီ မတိုင်မီက ရရှိထားသည့် COVID-19 ရောဂါ ကင်းရှင်းကြောင်း ဆေးစစ်ချက် အထောက်အထား ပြသရန် လိုအပ်မည်ဖြစ်ပြီး ၎င်းတို့အား မြန်မာနိုင်ငံသို့ စတင်ရောက်ရှိချိန် မှစတင်၍ ၎င်းတို့နေအိမ်များတွင် ၁၄ ရက် သီးသန့်နေထိုင်စောင့်ကြည့်မှု (Home Quarantine) ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် အပြန်အလှန်ပြေးဆွဲနေသည့် လေယာဉ်များနှင့် သင်္ဘောများမှ လေယာဉ်မှူးများ/သင်္ဘောအရာရှိများ၊ တာဝန်ရှိ အမှုထမ်းများအနေဖြင့်လည်း ပြည်ပနိုင်ငံများရှိ သက်ဆိုင်ရာ မြန်မာသံရုံး/အဖွဲ့ရုံး/ ကောင်စစ်ဝန်ချုပ်ရုံး တို့မှတဆင့် ပြည်ဝင်ဗီဇာ လျှောက်ထားရယူနိုင်မည်ဖြစ်ကာ ၎င်းတို့အနေဖြင့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ နောက်ဆုံးထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
သို့သော် ပြည်ပနိုင်ငံအသီးသီးမှ ခရီးသွားများအနေဖြင့် မလွှဲမရှောင်သာ ကိစ္စရပ်ကြောင့် ဖြစ်စေ သို့မဟုတ် အရေးပေါ် တာဝန် ဖြင့်ဖြစ်စေ မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိပါက ဖော်ပြပါ ပြည်ဝင်ဗီဇာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပ နိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
Source - Akonthi

0 comments:

Post a Comment