ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်မြို့၊ မန်ဂိုခမ်းကုမ္ပဏီ မန်နေဂျာဖြစ်သူ ဦးစိုးမောင်အား အမျိုးသား နှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် အဆိုပါ ဝန်ထမ်းအား မူဆယ်ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ဆေးကုသမှုခံယူစေခဲ ့သော်လည်း ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
မူဆယ်မြို့၊ မန်ဂိုခမ်း ကုမ္ပဏီလီမိတက်မှ မြေဖို့လုပ်ငန်း မန်နေဂျာဖြစ်သူ ဦးစိုးမောင်သည် မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်အနီး၌ မြေဖို့လုပ်ငန်းအား ကြီးကြပ်ဆောင်ရွက်စဉ် မတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့် တွင် ပါဂျဲရိုးအမျိုး အစားမော်တော်ယာဉ်ဖြင့် အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး တစ်ဦးက ယာဉ်ပေါ်မှဆင်း၍ ဦးစိုးမောင်အား ပစ္စတိုဖြင့် သုံးချက် ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးခဲ့ကြောင ်း သိရှိရသည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားရာနေရ ာမှ ၉ မမ ကျည်ခွံသုံးခုကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ပြီး ဌာနဆိုင်ရာ တာဝန်ရှိ သူများပါဝင် သောပူးပေါင်းအဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သူ အမျိုးသားနှစ်ဦးအားဖမ်းဆီးရ မိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Source-တပ်မတော်ကာကွယ်ရေးဦး စီးချုပ်ရုံး #Myanmar_Online_News
>>zawgyi<<
မူဆယ်မြို့တွင် ကုမ္ပဏီဝန်ထမ်းတစ်ဦးအား အမျိုးသား နှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်
Friday, March 27, 2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်မြို့၊ မန်ဂိုခမ်းကုမ္ပဏီ မန်နေဂျာဖြစ်သူ ဦးစိုးမောင်အား အမျိုးသား နှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် အဆိုပါ ဝန်ထမ်းအား မူဆယ်ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ဆေးကုသမှုခံယူစေခဲ့ သော်လည်း ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
မူဆယ်မြို့၊ မန်ဂိုခမ်း ကုမ္ပဏီလီမိတက်မှ မြေဖို့လုပ်ငန်း မန်နေဂျာဖြစ်သူ ဦးစိုးမောင်သည် မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်အနီး၌ မြေဖို့လုပ်ငန်းအား ကြီးကြပ်ဆောင်ရွက်စဉ် မတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့် တွင် ပါဂျဲရိုးအမျိုး အစားမော်တော်ယာဉ်ဖြင့် အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး တစ်ဦးက ယာဉ်ပေါ်မှဆင်း၍ ဦးစိုးမောင်အား ပစ္စတိုဖြင့် သုံးချက် ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးခဲ့ကြောင ်း သိရှိရသည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားရာနေရ ာမှ ၉ မမ ကျည်ခွံသုံးခုကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ပြီး ဌာနဆိုင်ရာ တာဝန်ရှိ သူများပါဝင် သောပူးပေါင်းအဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သူ အမျိုးသားနှစ်ဦးအားဖမ်းဆီးရ မိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
0 comments:
Post a Comment