Sunday, March 29, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျာမန်ဒေသဆိုင်ရာ ဘဏ္ဍာရေးဝန်ကြီးတစ်ဦး မိမိကိုယ်မိမိ သတ်သေမှုနှင့်ဆက်စပ်နေဟု ဆို

Image may contain: one or more people, suit and eyeglasses

ဂျာမနီနိုင်ငံ Hesse ဒေသ၏ ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ သောမတ်စ်ရှေဖာ(Thomas Schaefer - အသက် ၅၄နှစ်)အား ဖရန့်ဖွတ်မြို့အနီးရှိ မီးရထားလမ်းတစ်ခုအနီးတွင် သေဆုံးနေသည်ကိုတွေ့ရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မစ္စတာ ရှေဖာသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကြောင့် စီးပွားရေးကျဆင်းလာမှုအပေါ် မည်သို့ရင်ဆိုင်ရမည်ကို အလွန်အမင်းစိုးရိမ်လာပြီးနောက် စိတ်ဓာတ်ကျပြီး မိမိကိုယ်မိမိသတ်သေခြင်းဖြစ်နိုင်ကြောင်း ပြည်နယ်အုပ်ချုပ်ရေမှူး မစ္စတာ Volker Bouffierက တနင်္ဂနွေနေ့က မှတ်ချက်ပြုကြောင်း နိုင်ငံတကာ သတင်းများဝယ် ဖော်ပြထားသည်။
ရဲတပ်ဖွဲ့နှင့် စုံစမ်းရေးအရာရှိများ၊ တရားရေးအရာရှိများကလည်း သက်သေများအား စစ်ဆေးမေးခြင်းများနှင့် အခင်းဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးခြင်းများပြုလုပ်ပြီးနောက် မစ္စတာရှေဖာသည် မိမိကိုယ်မိမိသတ်သေခြင်းဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြသည်။ မစ္စာရှေဖာသည် Hesse ဒေသ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဆယ်စုနှစ်တစ်ခုမျှ တာဝန်ယူခဲ့သူဖြစ်သည်။ သူ့တွင် ဇနီးနှင့် ရင်သွေးနှစ်ဦး ကျန်ရစ်ခဲ့သည်။
ယမန်နေ့အထိ သိရသော အချက်အလက်များအရ ဂျာမနီနိုင်ငံတွင် COVID-19 အတည်ပြုမှု ၆၂၀၉၅ ရှိပြီး၊ သေဆုံးသူ စုစုပေါင်း ၅၄၁ ဦးရှိကာ ကုသပျောက်ကင်းသွားသူ ၉၂၁၁ ဦးရှိသည်။
Source- Aljazeera #Myanmar_Online_News

>>zawgyi<<
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျာမန်ဒေသဆိုင်ရာ ဘဏ္ဍာရေးဝန်ကြီးတစ်ဦး မိမိကိုယ်မိမိ သတ်သေမှုနှင့်ဆက်စပ်နေဟု ဆို
Monday, March 30, 2020

ဂျာမနီနိုင်ငံ Hesse ဒေသ၏ ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ သောမတ်စ်ရှေဖာ(Thomas Schaefer - အသက် ၅၄နှစ်)အား ဖရန့်ဖွတ်မြို့အနီးရှိ မီးရထားလမ်းတစ်ခုအနီးတွင် သေဆုံးနေသည်ကိုတွေ့ရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ မစ္စတာ ရှေဖာသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကြောင့် စီးပွားရေးကျဆင်းလာမှုအပေါ် မည်သို့ရင်ဆိုင်ရမည်ကို အလွန်အမင်းစိုးရိမ်လာပြီးနောက် စိတ်ဓာတ်ကျပြီး မိမိကိုယ်မိမိသတ်သေခြင်းဖြစ်နိုင်ကြောင်း ပြည်နယ်အုပ်ချုပ်ရေမှူး မစ္စတာ Volker Bouffierက တနင်္ဂနွေနေ့က မှတ်ချက်ပြုကြောင်း နိုင်ငံတကာ သတင်းများဝယ် ဖော်ပြထားသည်။
ရဲတပ်ဖွဲ့နှင့် စုံစမ်းရေးအရာရှိများ၊ တရားရေးအရာရှိများကလည်း သက်သေများအား စစ်ဆေးမေးခြင်းများနှင့် အခင်းဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးခြင်းများပြုလုပ်ပြီးနောက် မစ္စတာရှေဖာသည် မိမိကိုယ်မိမိသတ်သေခြင်းဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြသည်။ မစ္စာရှေဖာသည် Hesse ဒေသ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဆယ်စုနှစ်တစ်ခုမျှ တာဝန်ယူခဲ့သူဖြစ်သည်။ သူ့တွင် ဇနီးနှင့် ရင်သွေးနှစ်ဦး ကျန်ရစ်ခဲ့သည်။
ယမန်နေ့အထိ သိရသော အချက်အလက်များအရ ဂျာမနီနိုင်ငံတွင် COVID-19 အတည်ပြုမှု ၆၂၀၉၅ ရှိပြီး၊ သေဆုံးသူ စုစုပေါင်း ၅၄၁ ဦးရှိကာ ကုသပျောက်ကင်းသွားသူ ၉၂၁၁ ဦးရှိသည်။
Source- Aljazeera #Myanmar_Online_News

0 comments:

Post a Comment