Friday, March 27, 2020

ဘူးသီးတောင်- မောင်တောသွားလမ်းမပေါ်၌ မိုင်းထောင်နေသူတစ်ဦး ဖမ်းဆီးရမိ

Image may contain: one or more people, people sitting and motorcycle

မောင်တောမြို့နယ်အတွင်း ဘူးသီးတောင်- မောင်တောသွားလမ်းမပေါ်၌ မိုင်းထောင်နေသူတစ်ဦး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မတ် ၂၅ ရက် ည ၇ နာရီ မိနစ် ၅၀ ခန့်တွင် မောင်တောမြို့၏ အရှေ့ဘက် မီတာ ၆၀၀၀ ခန့်အကွာသို့ အရောက် ဘူးသီးတောင်-မောင်တောသွား လမ်းမပေါ်၌ အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦးတို့မှာ ဆိုင်ကယ်နှစ်စီးအားရပ်တန့်၍ မိုင်းထောင် နေသည်ကို တွေ့ရှိသဖြင့် လိုက်လံဖမ်းဆီးရာ မောင်တောမြို့၊ အမှတ် (၃)ရပ်ကွက်နေ ညီညီနိုင်(ဘ) ဦးငွေစိန် အား ဆိုင်ကယ်တစ်စီး၊ အလျား ၈ လက်မ၊ အနံ ၅ လက္မ၊ ထု ၂ လက်မခွဲခန့်ရှိ ရှေ့ထွက်မိုင်း တစ်လုံး၊ ကော်ပိုက်ဖြင့် ပြုလုပ် ထားသော အမြင့် ၈ လက်မ၊ လုံးပတ် ၈ လက်မခန့်ရှိ ဒေသန္တရလက်လုပ်မိုင်း တစ်လုံး၊ ဓားတစ် ချောင်းတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖမ်းဆီး ရမိသူနှင့် ဆက်စပ် ပစ္စည်းများအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွား မည်ဖြစ် ကြောင်းနှင့် ၎င်းနေရာ တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်း များ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Source-မြဝတီ #Myanmar_Online_News

>>zawgyi<<

Source-ျမဝတီ #Myanmar_Online_News

0 comments:

Post a Comment