Saturday, March 28, 2020

Covid -19 အခြေအနေဆိုးရွားလာပါက စစ်ကိုင်းတံတားနှစ်စင်းလုံး ပိတ်မည်

Image may contain: sky, bridge, cloud, grass, outdoor and water
မြန်မာနိုင်ငံမှာ COVID-19 ရောဂါပြန့်ပွားလာတာဆိုရင် ဒီနေ့ မတ်လ ၂၈ ရက်နေ့မှာ ရောဂါဖြစ်ပေါ်သူ ၈ ယောက်ရှိပြီဖြစ်ပြီး အခြေအနေဆိုးရွားလာရင် စစ်ကိုင်းတံတားနှစ်စင်းလုံးကို ဘလောက်တုံးတွေ ချကာ ပိတ်ထားမယ်လို့ စစ်ကိုင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းလှိုင် က ပြောပါတယ်။

"အဆိုးရွားဆုံးအခြေအနေကိုလည်း ကျွန်တော်တို့ မျှော်လင့်ပြီးသားဖြစ်ပါတယ်။ အဲ့လိုဖြစ်လာခဲ့ရင်လည်း တစ်မြို့လုံးကို ပိတ်လိုက်မှာပါ အဲ့ဒါကိုလဲ ပြည်သူတွေက လိုက်နာဖို့လိုပါတယ်။ဆိုင်တွေပိတ်ဖို့ဆိုတာက ဆိုင်တိုင်းကို လျှောက်ပြီးပိတ်ဖို့ မလိုပါဘူး စားနက်ရိက္ခာရောင်းတဲ့ဆိုင်တွေ ရှိတယ် သူတို့ကို ပိတ်လိုက်ရင် ပြဿနာရှိပါတယ်။ပါဆယ်ရောင်းဖို့သာ ညွှန်ကြားထားပါတယ်။ KTV တွေ အဝတ်အထည်ရောင်းတဲ့ ဆိုင်တွေကတော့ ပိတ်သွားပါပြီ။လူအမြောက်အများသာ ထားမယ်ဆို အနှစ် ၇၀၀ ကွင်း မှာ ထားမယ် နောက်တစ်နည်းက သူ့ရဲ့ အရပ်ဒေသက စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ ရှိပါတယ် အဲ့ဒီနေရာတွေမှာ ထားပါမယ်။ သူတို့ကို စုပြီးထားမယ်ဆိုရင် တစ်ယောက်ဖြစ်လိုက်ပြီဆိုတာနဲ့ ကျန်တဲ့ သူတွေပါ ဖြစ်မှာကိုလည်းစိုးရိမ်တဲ့ အတွက် ၃ ယောက်စီထားမယ် "လို့ ဦးကျော် ဝင်းလှိုင်က ပြောပါတယ်။
စစ်ကိုင်းမြို့မှာ ဒီရောဂါနဲ့ ပါတ်သက်ပြီး နေ့စဉ်စစ်ဆေးနေတာတွေလဲ ရှိပါတယ်။မြို့ရဲ့ အဝင်အထွက် နေရာတွေကိုလည်း ရောဂါစစ်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပြီး Volunteer အဖွဲ့တွေကိုလည်း ပူးပေါင်းပါဝင် ကူညီပေးဖို့ ဖိတ်ခေါ်ထားတယ်လို့လဲ သိရပါတယ်။
စစ်ကိုင်းမြို့မှာ နိုင်ငံခြားကနေ ပြန်လာတဲ့သူ ၈၉ ယောက်ရှိပြီး ၁၄ ရက်စောင့်ကြည့်ပြီး တဲ့သူ ၂၀ ယောက်ရှိတာဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဖြစ်တဲ့သူ ရန်ကုန်မှ ၅ ယောက်၊ မန္တလေးမှာ ၁ ယောက်၊ နေပြည်တော်မှာ ၁ ယောက်၊ ချင်းပြည်နယ်မှာ ၁ ယောက် စုစုပေါင်း ၈ ယောက်ရှိနေပြီဖြစ်ပါတယ်။
Image may contain: sky, bridge, outdoor, nature and water
#Sagaing #စစ်ကိုင်း #COVID-19
သတင်း -ရှိုင်းအောင
<zawgyi>

သတင်း -ရှိုင်းအောင်

0 comments:

Post a Comment