Sunday, March 29, 2020

Covid-19 ကူးစက်ပျံ့ပွားမှု မဖြစ်စေရန်အတွက် လာအိုနိုင်ငံ Lockdown ပြုလုပ်

Image may contain: 2 people

လာအိုနိုင်ငံကို ၂၀၂၀ ပြည့်နှစ် မတ်လ(၃၀)ရက်နေ့မှစ၍ ဧပြီလ(၁၉)ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပိတ်ဆို့မှု (Lockdown) ပြုလုပ်မည်ဖြစ်ကြောင်း လာအိုဝန်ကြီးချုပ်က မတ်လ၂၉ ရက်နေ့တွင် အမိန့်ထုတ်ခဲ့သည်။

အစိုးရဝန်ထမ်းများသည် ဧပြီလ ၁ ရက် မှ ၁၁ ရက်နေ့အထိ နေအိမ်မှ အလုပ်လုပ်ရမည်ဖြစ်သည်။ ဧပြီလ ၁၂ ရက်နေ့ မှ ၁၉ ရက်နေ့အထိကို နှစ်သစ်ကူးပိတ်ရက်ခွင့်အဖြစ်သတ်မှတ်ပေးသည်။ တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရေနှင့်လျှပ်စစ်မီးကုမ္ပဏီဝန်ထမ်းများ၊ မီဒီယာသမားများ၊ ဆရာဝန်များ၊ သူနာပြုများ၊ စေတ နာဝန်ထမ်းများ နှင့် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကိုဟန့်တားနိုင်ရေး ဆောင်ရွက်နေသူများသည် ဖော်ပြပါအမိန့်တွင် အကျူံးဝင်ခြင်းမရှိကြောင်း သိရသည်။
နိုင်ငံသားများ၊ နိုင်ငံခြားသားများ နှင့် နိုင်ငံမဲ့သူများအားလုံးအနေဖြင့် ၎င်းတို့၏နေအိမ်များမှ ထွက်ခွာမှုကို ပိတ်ပင်တားမြစ်သည်။ မရှိမဖြစ်ပစ္စည်းများဝယ်ယူရန်၊ ဆေးရုံသွားရန်၊ဆက်လက်ဖွင့်လှစ်ခွင့်ပြုထားသောလုပ်ငန်းများတွင် သွားအလုပ်လုပ်ရန်၊ အစိုးရဋ္ဌာနအသီးသီး၏သတ်မှတ်လုပ်ငန်းများကိုလုပ်ဆောင်ရန်မှလွဲ၍ မည်သူမျှ နေအိမ်ပြင်ပသို့ထွက်ခြင်းမပြုနိုင်ပေ။ လယ်သမားများအနေဖြင့် ဘဝရပ်တည်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်သည်။ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် အိမ်ပြင်ပရှိလူဦးရေနှင့်ပမာဏကို ကြပ်မတ်၍ စည်းမျဉ်းသစ်များဖော်ဆောင်နိုင်ရေး တင်းတင်းကြပ်ကြပ်ဆောင်
ရွက်ရမည်။

ပြည်သူများအနေဖြင့် ရောဂါကူးစက်မှုရှိသော၊ကူးစက်မည့်ဘေးရှိသော ပြည်နယ်များ သို့မဟုတ် ဒေသများသို့ ကုန်ပစ္စည်းများပို့ဆောင်ရန် နှင့် ဆေးရုံပြရန်မှလွဲ၍ ခရီးသွားခြင်းကို တားမြစ်ပိတ်ပင်သည်။ ကျန်းမာရေးနှင့်ဆက်စပ်တာဝန်ရှိသူများအနေဖြင့် စစ်ဆေးရေးစခန်းများဖွင့်လှစ်၍ ပြည်နယ်၊ ဒေသသို့ ဝင်ထွက်သူများ ၏ ကျန်းမာရေး နှင့် စာရွက်စာတမ်းတို့ကိုစစ်ဆေးရမည်။ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများအားလုံးကို ယာယီရပ်ဆိုင်းထားရမည်။
နှာခေါင်းစည်း၊ လက်ဆေးရည်၊ ဆေးဝါး၊ ဆေးသုံးပစ္စည်း ဆန်၊ အစားအသောက်၊ ရေ အပါအဝင် ဗိုင်းရပ်စ်ကာကွယ်ရေးလုပ်ငန်းများအတွက် မရှိမဖြစ်ပစ္စည်းများ၏ဈေးနှုန်းများတိုးမြှင့်ခြင်းကို တားမြစ်သည်။ ရဲတပ်ဖွဲ့အရာရှိများအနေဖြင့် တင်းတင်းကြပ်ကြပ်စောင့်ကြည့်ရန် နှင့် ဒဏ်ငွေနှင့်ဥပဒေအရပြစ်ဒဏ်များချမှတ်ခြင်းဖြင့် ဥပဒေ၊ စည်းမျဉ်းနှင့်အညီ ဆောင်ရွက်ရန်ဖြစ်သည်။
သတင်းမှား၊ သတင်းအတုအယောင်၊ လူ့အဖွဲ့အစည်းကိုထိပ်လန့်စေမည့်သတင်းများ ဖြန့်ချိမှုကို တားမြစ် သည်။သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ချိုးဖောက်သူများကို အရေးယူဆောင်ရွက်နိုင်ရေး အဆင်သင့်ဖြစ်ရမည်ဖြစ်သည်။
လူ(၁၀)ဦးထက်ပိုသော မည်သည့်စုဝေးမှုကိုမဆို တားမြစ်သည်။ ယဉ်ကျေးမှုအခမ်းအနားများ၊ လာအိုနှစ်သစ်ကူးပွဲတော်များ၊ ဘာသာရေးဆုတောင်းပွဲများ၊ မင်္ဂလာဆောင်များ နှင့် အခြားအပန်းဖြေအနားယူသည့်ပွဲများကို ပိတ်ပင်တားမြစ်သည်။ အသုဘအခမ်းအနားနှင့်ဆက်စပ်လှည့်လည်မှုများကိုမူ ချွင်းချက်အဖြစ် သတ်မှတ်သည်။ သို့ရာတွင် အထူးလုပ်ငန်းအဖွဲ့ကချမှတ်ထားသောသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်သည်။ ကိုယ်အပူချိန်တိုင်းခြင်း၊ ၂ မီတာအကွာနေခြင်း၊ နှာခေါင်းစည်းဝတ်ခြင်း နှင့် ဆပ်ပြာနှင့်လက်ဆေးခြင်းတို့ကို မဖြစ်မနေဆောင်ရွက်ရမည်။
နိုင်ငံတကာနယ်စပ်များ၊ ပြည်နယ်ချင်းနယ်စပ်များနှင့်ဓလေ့ထုံးတမ်းနယ်စပ်များကို ပြည်သူအားလုံးအတွက်
ပိတ်ထားရမည်ဖြစ်ပြီး၊ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ခွင့်ရရှိထားသည့် ကုန်တင်ယာဉ်များသာ နယ်စပ်များကိုဖြတ်သန်းနိုင်မည်ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မိခင်နိုင်ငံများသို့ပြန်လိုသည့်နိုင်ငံခြားသားများအရေးကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရမည်။

ဖျော်ဖြေရေးလုပ်ငန်းများအားလုံး၊ အနှိပ်ခန်းများ၊SPA ခန်းများ၊ ကာရာအိုကေများ၊ ဘီယာဆိုင်များ၊
အားကစားနှင့်လေ့ကျင့်ရေးရုံများ၊ ညဈေးတန်များကို ပိတ်ထားရမည်ဖြစ်သည်။ စားသောက်ကုန်များ၊
ဆေးပစ္စည်းများ နှင့် အခြားဆေးဘက်ဆိုင်ရာပစ္စည်းများထုတ်လုပ်နေသည့်စက်ရုံများမှလွဲ၍ အထည်ချုပ်
စက်ရုံများ၊ ကုန်ထုတ်စက်ရုံများ၊ စီမံကိန်များကို ပိတ်ရမည်။ လုပ်ငန်းဆောင်ရွက်မည့်စက်ရုံများအနေဖြင့်
ရောဂါကာကွယ်ရေးဆိုင်ရာသတ်မှတ်ချက်များကိုတင်းတင်းကြပ်ကြပ်လိုက်နာဆောင်ရွက်ရမည်ဖြစ်
သည်။ ပိတ်ထားသောစက်ရုံပိုင်ရှင်များအနေဖြင့်အလုပ်သမားများကို နေအိမ်များတွင် မိမိသဘော
အလျောက်သီးခြားခွဲနေနိုင်ရန် စီမံပေးရမည်ဖြစ်ပြီး၊အဆိုပါကာလတွင် လူမှုဖူလုံရေးကို ပံ့ပိုးရမည်ဖြစ်သည်။

ဘဏ်များ၊ ဘဏ္ဍာရေးအင်စတီကျူးရှင်းများ၊ စတော့ဈေးကွက်၊ စတော့ဈေးကွက်ဖော်လုပ်ငန်း၊ ဆေးရုံများ၊ဆေးခန်းများ၊ ဆေးရောင်းဆိုင်များ၊ ကယ်ဆယ်ရေးလုပ်ငန်းများ၊ စာတိုက်များ၊ တယ်လီဆက်သွယ်ရေးလုပ်ငန်းများ၊ ရေနှင့်လျှပ်စစ်ကုမ္ပဏီများ၊ အညစ်အကြေးစွန့်လုပ်ငန်းများ၊ စိုက်ပျိုးရေးဈေးကွက်များ၊ စတိုးဆိုင်များ၊ စူပါမားကတ်များ၊ ဓာတ်ဆီဆိုင်များ၊ စားသောက်ဆိုင်များနှင့်ကဖေးဆိုင်များကို ဆက်လက်ဖွင့်ခွင့်ပြုမည်ဖြစ်သည်။ဟိုတယ်များနှင့်အပန်းဖြေစခန်းများသည် လုပ်ငန်းလည်ပတ်မည်ဖြစ်သော်လည်း နေရာထိုင်ခင်းနှင့်အစားအသောက်ဝန်ဆောင်မှုများကိုသာ ရရှိမည်ဖြစ်သည်။ အထက်ဖော်ပြပါ စီးပွားရေးလုပ်ငန်းများတွင် အထူးလုပ်ငန်းအဖွဲ့ကချမှတ်ထားသော လူပုဂ္ဂိုလ်နှင့်ဆိုင်သောကန့်သတ်ချက်များအပါ အဝင်စည်းမျဉ်းများကို တင်းတင်းကြပ်ကြပ်လိုက်နာရမည်ဖြစ်ပြီး၊ သို့မှသာ အလုပ်သမားများအကြား ရောဂါကူးစက်နိုင်ခြေကို လျော့ချနိုင်မည်ဖြစ်သည်။
လာအိုဝန်ကြီးချုပ်က ပြည်သူတိုင်းနှင့်အဖွဲ့အစည်းများအားလုံးအနေဖြင့် အမိန့်ပါပြဋ္ဌာန်းချက်များကို တင်းတင်းကြပ်ကြပ် ပူးပေါင်းလိုက်နာရန် တိုက်တွန်းသည်။ လက်တွေ့ဆောင်ရွက်ရာတွင် စီမံခန့်ခွဲရေးအဖွဲ့အနေဖြင့် ၎င်းတို့၏လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ ပိုမိုအသေးစိတ်ကျသည့်စည်းမျဉ်းစည်းကမ်းများကို ထုတ်ပြန်နိုင်သည်။လာအိုနိုင်ငံအစိုးရအနေဖြင့် အများပြည်သူ၏ အပြုသဘောဆောင်သော ဝေဖန်ထောက်ပြမှုများကို ကြိုဆိုပါကြောင်းလည်း ဖော်ပြထားသည်။
လာအိုနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ရှစ်ဦးရှိကြောင်း ဓာတ်ခွဲအတည်ပြုထားသည်။ ကိုဗစ်-၁၉ ပထမဆုံးကူးစက်မှုကို မတ်လ ၂၃ ရက်နေ့တွင် ဓာတ်ခွဲအတည်ပြုခဲ့သည်။

လာအိုနိုင်ငံအစိုးရအဖွဲ့၏ ကိုဗစ်-၁၉ ဆိုင်ရာသတင်းစာရှင်းလင်းပွဲကို ၂၀၂၀ ပြည့်နှစ် မတ်လ ၂၉ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပြီး၊ အစိုးရအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူနှင့်ဝန်ကြီးချုပ်ရုံးဝန်ကြီး Chalern Yapaoher က ဦးဆောင်ခဲ့သည်။
Image may contain: sky and outdoor
Source-Yan Myo Thein #Myanmar_Online_News
>>zawgyi<<
Covid-19 ကူးစက်ပျံ့ပွားမှု မဖြစ်စေရန်အတွက် လာအိုနိုင်ငံ Lockdown ပြုလုပ်
Monday, March 30, 2020

လာအိုနိုင်ငံကို ၂၀၂၀ ပြည့်နှစ် မတ်လ(၃၀)ရက်နေ့မှစ၍ ဧပြီလ(၁၉)ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအ တာဖြင့် ပိတ်ဆို့မှု (Lockdown) ပြုလုပ်မည်ဖြစ်ကြောင်း လာအိုဝန်ကြီးချုပ်က မတ်လ၂၉ ရက်နေ့တွင် အမိန့်ထုတ်ခဲ့သည်။
အစိုးရဝန်ထမ်းများသည် ဧပြီလ ၁ ရက် မှ ၁၁ ရက်နေ့အထိ နေအိမ်မှ အလုပ်လုပ်ရမည်ဖြစ်သည်။ ဧပြီလ ၁၂ ရက်နေ့ မှ ၁၉ ရက်နေ့အထိကို နှစ်သစ်ကူးပိတ်ရက်ခွင့်အဖြစ်သတ်မှတ်ပေးသည်။ တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရေနှင့်လျှပ်စစ်မီးကုမ္ပဏီဝန်ထမ်းများ၊ မီဒီယာသမားများ၊ ဆရာဝန်များ၊ သူနာပြုများ၊ စေတ နာဝန်ထမ်းများ နှင့် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကိုဟန့်တားနိုင်ရေး ဆောင်ရွက်နေသူများသည် ဖော်ပြပါအမိန့်တွင် အကျူံးဝင်ခြင်းမရှိကြောင်း သိရသည်။
နိုင်ငံသားများ၊ နိုင်ငံခြားသားများ နှင့် နိုင်ငံမဲ့သူများအားလုံးအနေဖြင့် ၎င်းတို့၏နေအိမ်များမှ ထွက်ခွာမှုကို ပိတ်ပင်တားမြစ်သည်။ မရှိမဖြစ်ပစ္စည်းများဝယ်ယူရန်၊ ဆေးရုံသွားရန်၊ဆက်လက်ဖွင့်လှစ်ခွင့်ပြုထားသောလုပ်ငန်းများတွင် သွားအလုပ်လုပ်ရန်၊ အစိုးရဋ္ဌာနအသီးသီး၏သတ်မှတ်လုပ်ငန်းများကိုလုပ်ဆောင်ရန်မှလွဲ၍ မည်သူမျှ နေအိမ်ပြင်ပသို့ထွက်ခြင်းမပြုနိုင်ပေ။ လယ်သမားများအနေဖြင့် ဘဝရပ်တည်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်သည်။ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် အိမ်ပြင်ပရှိလူဦးရေနှင့်ပမာဏကို ကြပ်မတ်၍ စည်းမျဉ်းသစ်များဖော်ဆောင်နိုင်ရေး တင်းတင်းကြပ်ကြပ်ဆောင်
ရွက်ရမည်။

ပြည်သူများအနေဖြင့် ရောဂါကူးစက်မှုရှိသော၊ကူးစက်မည့်ဘေးရှိသော ပြည်နယ်များ သို့မဟုတ် ဒေသများသို့ ကုန်ပစ္စည်းများပို့ဆောင်ရန် နှင့် ဆေးရုံပြရန်မှလွဲ၍ ခရီးသွားခြင်းကို တားမြစ်ပိတ်ပင်သည်။ ကျန်းမာရေးနှင့်ဆက်စပ်တာဝန်ရှိသူများအနေဖြင့် စစ်ဆေးရေးစခန်းများဖွင့်လှစ်၍ ပြည်နယ်၊ ဒေသသို့ ဝင်ထွက်သူများ ၏ ကျန်းမာရေး နှင့် စာရွက်စာတမ်းတို့ကိုစစ်ဆေးရမည်။ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများအားလုံးကို ယာယီရပ်ဆိုင်းထားရမည်။
နှာခေါင်းစည်း၊ လက်ဆေးရည်၊ ဆေးဝါး၊ ဆေးသုံးပစ္စည်း ဆန်၊ အစားအသောက်၊ ရေ အပါအဝင် ဗိုင်းရပ်စ်ကာကွယ်ရေးလုပ်ငန်းများအတွက် မရှိမဖြစ်ပစ္စည်းများ၏ဈေးနှုန်းများတိုးမြှင့်ခြင်းကို တားမြစ်သည်။ ရဲတပ်ဖွဲ့အရာရှိများအနေဖြင့် တင်းတင်းကြပ်ကြပ်စောင့်ကြည့်ရန် နှင့် ဒဏ်ငွေနှင့်ဥပဒေအရပြစ်ဒဏ်များချမှတ်ခြင်းဖြင့် ဥပဒေ၊ စည်းမျဉ်းနှင့်အညီ ဆောင်ရွက်ရန်ဖြစ်သည်။
သတင်းမှား၊ သတင်းအတုအယောင်၊ လူ့အဖွဲ့အစည်းကိုထိပ်လန့်စေမည့်သတင်းများ ဖြန့်ချိမှုကို တားမြစ် သည်။သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ချိုးဖောက်သူများကို အရေးယူဆောင်ရွက်နိုင်ရေး အဆင်သင့်ဖြစ်ရမည်ဖြစ်သည်။
လူ(၁၀)ဦးထက်ပိုသော မည်သည့်စုဝေးမှုကိုမဆို တားမြစ်သည်။ ယဉ်ကျေးမှုအခမ်းအနားများ၊ လာအိုနှစ်သစ်ကူးပွဲတော်များ၊ ဘာသာရေးဆုတောင်းပွဲများ၊ မင်္ဂလာဆောင်များ နှင့် အခြားအပန်းဖြေအနားယူသည့်ပွဲများကို ပိတ်ပင်တားမြစ်သည်။ အသုဘအခမ်းအနားနှင့်ဆက်စပ်လှည့်လည်မှုများကိုမူ ချွင်းချက်အဖြစ် သတ်မှတ်သည်။ သို့ရာတွင် အထူးလုပ်ငန်းအဖွဲ့ကချမှတ်ထားသောသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်သည်။ ကိုယ်အပူချိန်တိုင်းခြင်း၊ ၂ မီတာအကွာနေခြင်း၊ နှာခေါင်းစည်းဝတ်ခြင်း နှင့် ဆပ်ပြာနှင့်လက်ဆေးခြင်းတို့ကို မဖြစ်မနေဆောင်ရွက်ရမည်။
နိုင်ငံတကာနယ်စပ်များ၊ ပြည်နယ်ချင်းနယ်စပ်များနှင့်ဓလေ့ထုံးတမ်းနယ်စပ်များကို ပြည်သူအားလုံးအတွက်
ပိတ်ထားရမည်ဖြစ်ပြီး၊ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ခွင့်ရရှိထားသည့် ကုန်တင်ယာဉ်များသာ နယ်စပ်များကိုဖြတ်သန်းနိုင်မည်ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မိခင်နိုင်ငံများသို့ပြန်လိုသည့်နိုင်ငံခြားသားများအရေးကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရမည်။

ဖျော်ဖြေရေးလုပ်ငန်းများအားလုံး၊ အနှိပ်ခန်းများ၊SPA ခန်းများ၊ ကာရာအိုကေများ၊ ဘီယာဆိုင်များ၊
အားကစားနှင့်လေ့ကျင့်ရေးရုံများ၊ ညဈေးတန်များကို ပိတ်ထားရမည်ဖြစ်သည်။ စားသောက်ကုန်များ၊
ဆေးပစ္စည်းများ နှင့် အခြားဆေးဘက်ဆိုင်ရာပစ္စည်းများထုတ်လုပ်နေသည့်စက်ရုံများမှလွဲ၍ အထည်ချုပ်
စက်ရုံများ၊ ကုန်ထုတ်စက်ရုံများ၊ စီမံကိန်များကို ပိတ်ရမည်။ လုပ်ငန်းဆောင်ရွက်မည့်စက်ရုံများအနေဖြင့်
ရောဂါကာကွယ်ရေးဆိုင်ရာသတ်မှတ်ချက်များကိုတင်းတင်းကြပ်ကြပ်လိုက်နာဆောင်ရွက်ရမည်ဖြစ်
သည်။ ပိတ်ထားသောစက်ရုံပိုင်ရှင်များအနေဖြင့်အလုပ်သမားများကို နေအိမ်များတွင် မိမိသဘော
အလျောက်သီးခြားခွဲနေနိုင်ရန် စီမံပေးရမည်ဖြစ်ပြီး၊အဆိုပါကာလတွင် လူမှုဖူလုံရေးကို ပံ့ပိုးရမည်ဖြစ်သည်။

ဘဏ်များ၊ ဘဏ္ဍာရေးအင်စတီကျူးရှင်းများ၊ စတော့ဈေးကွက်၊ စတော့ဈေးကွက်ဖော်လုပ်ငန်း၊ ဆေးရုံများ၊ဆေးခန်းများ၊ ဆေးရောင်းဆိုင်များ၊ ကယ်ဆယ်ရေးလုပ်ငန်းများ၊ စာတိုက်များ၊ တယ်လီဆက်သွယ်ရေးလုပ်ငန်းများ၊ ရေနှင့်လျှပ်စစ်ကုမ္ပဏီများ၊ အညစ်အကြေးစွန့်လုပ်ငန်းများ၊ စိုက်ပျိုးရေးဈေးကွက်များ၊ စတိုးဆိုင်များ၊ စူပါမားကတ်များ၊ ဓာတ်ဆီဆိုင်များ၊ စားသောက်ဆိုင်များနှင့်ကဖေးဆိုင်များကို ဆက်လက်ဖွင့်ခွင့်ပြုမည်ဖြစ်သည်။ဟိုတယ်များနှင့်အပန်းဖြေစခန်းများသည် လုပ်ငန်းလည်ပတ်မည်ဖြစ်သော်လည်း နေရာထိုင်ခင်းနှင့်အစားအသောက်ဝန်ဆောင်မှုများကိုသာ ရရှိမည်ဖြစ်သည်။ အထက်ဖော်ပြပါ စီးပွားရေးလုပ်ငန်းများတွင် အထူးလုပ်ငန်းအဖွဲ့ကချမှတ်ထားသော လူပုဂ္ဂိုလ်နှင့်ဆိုင်သောကန့်သတ်ချက်များအပါ အဝင်စည်းမျဉ်းများကို တင်းတင်းကြပ်ကြပ်လိုက်နာရမည်ဖြစ်ပြီး၊ သို့မှသာ အလုပ်သမားများအကြား ရောဂါကူးစက်နိုင်ခြေကို လျော့ချနိုင်မည်ဖြစ်သည်။
လာအိုဝန်ကြီးချုပ်က ပြည်သူတိုင်းနှင့်အဖွဲ့အစည်းများအားလုံးအနေဖြင့် အမိန့်ပါပြဋ္ဌာန်းချက်များကို တင်းတင်းကြပ်ကြပ် ပူးပေါင်းလိုက်နာရန် တိုက်တွန်းသည်။ လက်တွေ့ဆောင်ရွက်ရာတွင် စီမံခန့်ခွဲရေးအဖွဲ့အနေဖြင့် ၎င်းတို့၏လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ ပိုမိုအသေးစိတ်ကျသည့်စည်းမျဉ်းစည်းကမ်းများကို ထုတ်ပြန်နိုင်သည်။လာအိုနိုင်ငံအစိုးရအနေဖြင့် အများပြည်သူ၏ အပြုသဘောဆောင်သော ဝေဖန်ထောက်ပြမှုများကို ကြိုဆိုပါကြောင်းလည်း ဖော်ပြထားသည်။
လာအိုနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ရှစ်ဦးရှိကြောင်း ဓာတ်ခွဲအတည်ပြုထားသည်။ ကိုဗစ်-၁၉
ပထမဆုံးကူးစက်မှုကို မတ်လ ၂၃ ရက်နေ့တွင် ဓာတ်ခွဲအတည်ပြုခဲ့သည်။

လာအိုနိုင်ငံအစိုးရအဖွဲ့၏ ကိုဗစ်-၁၉ ဆိုင်ရာသတင်းစာရှင်းလင်းပွဲကို ၂၀၂၀ ပြည့်နှစ် မတ်လ ၂၉ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပြီး၊ အစိုးရအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူနှင့်ဝန်ကြီးချုပ်ရုံးဝန်ကြီး Chalern Yapaoher က ဦးဆောင်ခဲ့သည်။

0 comments:

Post a Comment