Sunday, March 29, 2020

COVID-19 ကာကွယ်ရေးအထောက်အကူ ဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ဘုန်းတော်ကြီးနှင့်သီလရှင် ကျောင်းများ၊ ဘာသာရေးအသင်း အဖွဲ့များသို့ တပ်မတော်သားများမှ ကျန်းမာရေး အသိပညာပေးခြင်းနှင့် ပိုးသတ်ဆေးဖြန်းပေး

Image may contain: one or more people, people sitting and indoor
COVID-19 ကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ(Pandemic)အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization -WHO)က မတ် ၁၁ ရက်တွင် တရားဝင် သတ်မှတ်ခဲ့သဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရကလည်း COVID-19ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို ဖွဲ့စည်းပြီး နိုင်ငံအတွင်း ကူးစက်ရောဂါပျံ့နှံ့မှု မရှိစေရေး ကာကွယ်ရေး လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက် လျက်ရှိပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ကဏ္ဍ အသီးသီးမှ အဖွဲ့များ၊ ပြည်သူလူထုပါ မကျန် ပူးပေါင်းဆောင်ရွက် လျက်ရှိရာ တပ်မတော် အနေဖြင့်လည်း တစ်တပ်တစ် အား ပါဝင် ကူညီ ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ပါဝင်ဆောင်ရွက်ရာတွင် အသက်အရွယ် ကြီးရင့်တော်မူကြသော သံဃာတော်များနှင့် ဘာသာပေါင်းစုံမှ သက်ကြီး ဘာသာ ရေးခေါင်းဆောင်များ၏ ကျန်းမာရေး ကောင်း မွန်စေရေး၊ ရောဂါပိုးပြန့်ပွားမှု မရှိစေရေး နှင့် ကြိုတင် ကာကွယ်ခြင်းများ ဆောင်ရွက် နိုင်ရန် အလေးပေးဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်သြဝါဒါစရိယ ဆရာတော် ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် ဆရာတော်ကြီးများ၊ တိုင်းဒေသ ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အသီးသီးရှိ သြဝါဒါစရိယဆရာတော်ကြီးများ၊ ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများအား လည်းကောင်း၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဘာသာရေး ကျောင်းများရှိ ဘာသာရေးခေါင်းဆောင် များအားလည်းကောင်း (COVID-19) ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ ဘာသာရေး အဆောက်အအုံများ၊ အနီး ဝန်းကျင်နှင့် အများပြည်သူ အသုံးပြုလျက်ရှိသည့် နေရာများအား ပိုးသတ်ဆေး ဖျန်းပေးခြင်းနှင့် ကိုယ်ခံအားကောင်းမွန်စေ ရေးအတွက် အာဟာရဖြည့်စွက်စာများ၊ ရောဂါကြိုတင် ကာကွယ်ရာတွင် အသုံးပြု နိုင်သည့် ထောက်အကူပြု ဆေးဝါးများနှင့် လက်သန့် ဆေးရည်များ၊ Mask များကို ပေးအပ် လှူဒါန်းလျက်ရှိသည်။
ထိုသို့ဆောင်ရွက်နေမှုများကို တိုင်းစစ် ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုကြပြီး COVID-19 ရောဂါကြိုတင် ကာကွယ်ရေး အထောက်အကူ ပြုဆေးဝါးများ၊ ရေမလိုလက်သန့်ဆေးရည်များ၊ နှာခေါင်းစည်းများနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ် ပေးအပ်လှူဒါန်းကြသည်။
ထို့ပြင် တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများက စေတီပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင်ကျောင်းများ၊ ဘာသာရေး ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ အဝေးပြေးယာဉ်ရပ် နား စခန်း များနှင့် လူသွား လူလာထူထပ် များပြားသည့် နေရာများ၌ ပိုးသတ် ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
Image may contain: 1 person, sitting, standing and indoor
Image may contain: 2 people, people sitting
Image may contain: 3 people, people sitting and indoor
သတင်းစဉ်
<zawgyi>
COVID-19 ကာကွယ်ရေးအထောက်အကူ ဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ဘုန်းတော်ကြီးနှင့်သီလရှင် ကျောင်းများ၊ ဘာသာရေးအသင်း အဖွဲ့များသို့ တပ်မတော်သားများမှ ကျန်းမာရေး အသိပညာပေးခြင်းနှင့် ပိုးသတ်ဆေးဖြန်းပေး
Monday, March 30, 2020

COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (World Health Organization-WHO)က မတ် ၁၁ ရက်တွင် တရားဝင် သတ်မှတ်ခဲ့သဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရကလည်း COVID-19ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို ဖွဲ့စည်းပြီး နိုင်ငံအတွင်း ကူးစက်ရောဂါပျံ့နှံ့မှု မရှိစေရေး ကာကွယ်ရေး လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက် လျက်ရှိပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ကဏ္ဍ အသီးသီးမှ အဖွဲ့များ၊ ပြည်သူလူထုပါ မကျန် ပူးပေါင်းဆောင်ရွက် လျက်ရှိရာ တပ်မတော် အနေဖြင့်လည်း တစ်တပ်တစ် အား ပါဝင် ကူညီ ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ပါဝင်ဆောင်ရွက်ရာတွင် အသက်အရွယ် ကြီးရင့်တော်မူကြသော သံဃာတော်များနှင့် ဘာသာပေါင်းစုံမှ သက်ကြီး ဘာသာ ရေးခေါင်းဆောင်များ၏ ကျန်းမာရေး ကောင်း မွန်စေရေး၊ ရောဂါပိုးပြန့်ပွားမှု မရှိစေရေး နှင့် ကြိုတင် ကာကွယ်ခြင်းများ ဆောင်ရွက် နိုင်ရန် အလေးပေးဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်သြဝါဒါစရိယ ဆရာတော် ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် ဆရာတော်ကြီးများ၊ တိုင်းဒေသ ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အသီးသီးရှိ သြဝါဒါစရိယဆရာတော်ကြီးများ၊ ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများအား လည်းကောင်း၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဘာသာရေး ကျောင်းများရှိ ဘာသာရေးခေါင်းဆောင် များအားလည်းကောင်း (COVID-19) ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ ဘာသာရေး အဆောက်အအုံများ၊ အနီး ဝန်းကျင်နှင့် အများပြည်သူ အသုံးပြုလျက်ရှိသည့် နေရာများအား ပိုးသတ်ဆေး ဖျန်းပေးခြင်းနှင့် ကိုယ်ခံအားကောင်းမွန်စေ ရေးအတွက် အာဟာရဖြည့်စွက်စာများ၊ ရောဂါကြိုတင် ကာကွယ်ရာတွင် အသုံးပြု နိုင်သည့် ထောက်အကူပြု ဆေးဝါးများနှင့် လက်သန့် ဆေးရည်များ၊ Mask များကို ပေးအပ် လှူဒါန်းလျက်ရှိသည်။
ထိုသို့ဆောင်ရွက်နေမှုများကို တိုင်းစစ် ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုကြပြီး COVID-19 ရောဂါကြိုတင် ကာကွယ်ရေး အထောက်အကူ ပြုဆေးဝါးများ၊ ရေမလိုလက်သန့်ဆေးရည်များ၊ နှာခေါင်းစည်းများနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ် ပေးအပ်လှူဒါန်းကြသည်။
ထို့ပြင် တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများက စေတီပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင်ကျောင်းများ၊ ဘာသာရေး ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ အဝေးပြေးယာဉ်ရပ် နား စခန်း များနှင့် လူသွား လူလာထူထပ် များပြားသည့် နေရာများ၌ ပိုးသတ် ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်

0 comments:

Post a Comment