Monday, March 30, 2020

အမြန်လမ်းတွင် လုယက်မှုကျူးလွန်သူများကို ဖော်ထုတ် ဖမ်းဆီးအရေးယူမှုများပြုလုပ်

Image may contain: one or more people, people standing and outdoor

မတ်လ (၂၇)ရက် နံနက် (၀၃၀၀) နာရီချိန်ခန့်တွင် နေပြည်တော် -ရန်ကုန် လမ်းပိုင်း မိုင်တိုင် (၉၁/၂ ) အနီး၌ ရပ်နားထားသော ယာဉ်ငယ် တစ်စီး လုယက်ခံရပြီးနောက် ကျူးလွန်သူများအား နာရီပိုင်းအတွင်း ဖော်ထုတ် ဖမ်းမိပြီး စပ်ဆက် တရားခံ များကို ဆက်လက်ဖော်ထုတ်ကာယနေ့ မတ်လ (၃၀) ရက်တွင် တရားစွဲတင် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်

ဖြစ်စဉ်မှာ မတ်လ(၂၇) ရက် နံနက် (၀၃၀၀) နာရီချိန်ခန့် တွင် ယာဉ်မောင်း ဦးအောင်မိုး (၅၀) နှစ် တိုက်ကြီးမြို့နေသူ သည်YGN 5I/---- light truck အဖြူရောင်ယာဉ်ကို နေပြည်တော်-ရန်ကုန် လမ်းမိုင်တိုင် (၉၁/၂) အနီး လမ်းဘေး မြေသားလမ်းတွင် ရပ်တန့်ပြီး ခတ္တ အနားယူ အိပ်နေစဉ် အမည်မသိ အမျိုးသား (၄)ဦး ရောက်ရှိလာကာ စစ်ဆေးရန်ရှိသည် အကြောင်းပြရျ် ယာဉ်ကို တံခါးဖွင့်ခိုင်းပြီးယာဉ်ခေါင်းခန်းရှိ ယာဉ်မောင်း၏ ဇနီး ဖြစ်သူ ဒေါ်စန်းစန်းညွန့် (၄၉) နှစ် တိုက်ကြီးမြို့ နေသူထံမှ မြန်မာငွေ (၂၈၀၀၀/) -Oppo (အနီရောင်) လက်ကိုင် ဖုန်း (၄၄၂၈၉၇၂၁၅) (၁)လုံး -ဦးအောင်မိုး အမည် ယာဉ်မောင်း လိုင်စင် (၁)ခု နိုင်ငံသားမှတ်ပုံတင်(၁)ခုပါ အမျိုးသမီး ဆလင်းဘတ် လက်ကိုင်အိတ် နှင့် ဒေါ်စန်းစန်းညွန့် ဝတ်ဆင်ထားသော ရွှေဆွဲကြုံး (၁) ကုံး အား ဖြုတ်ယူ ထွက်ပြေးသွားကြောင်း နှင့် မလှမ်းမကမ်းတွင် လူ မတွေ့ရှိသည့် YGN 5F/ ----- probox တစ်စီး ရပ်ထားသည်ကို တွေ့ရှိရကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ မြို့ချောင်းရဲစခန်းသို့ ကာယကံရှင် တို့မှ လာရောက် သတင်းပို့ တိုင်ကြားခဲ့ပါသည်
သတင်းရလျင်ရခြင်း ဖြစ်စဉ်နေရာသို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးရာ 5F/----Probox ယာဉ်မှာ ရပ်တန့်ထားခြင်း မရှိတော့ကြောင်း စစ်ဆေးတွေ့ရှိရပါသည်
ရရှိဖြစ်စဉ် သတင်းပေါ် အခြေခံ၍ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မသင်္ကာဖွယ် probox ယာဥ်အား ပိတ်ဆို့ ရှာဖွေဖော်ထုတ် ဖမ်းဆီးရာ ည (၀၇၃၀ ) နာရီချိန်တွင် အဆိုပါ ယာဥ်သည် နေပြည်တော်-ရန်ကုန် လမ်း မိုင်တိုင် (၄၆/၂) အနီး တွင် ယာဥ်မောင်း ကိုအောင်မြိုးကျော် (၄၁)နှစ် ရွှေပြည်သာ နေသူမောင်းနှင်လာသည်ကို ပိတ်ဆို့ ဖမ်းဆီး ရမိခဲ့ပါသည်။
စစ်ကြောချက်များ အရ မတ်လ (၁၂) ရက်နေ့ ည မိုင်တိုင် (၁၁၇) အနီး တွင် အမျိုးသား(၁)ဦးထံမှ လုယူ သွားသည့် Sim ကဒ်မပါ Huawei တယ်လီဖုန်း (၁) လုံး ကို ဖော်ထုတ်သိမ်းဆည်းရမိပါသည်
အဆိုပါ အဖွဲ့သည် အမြန်လမ်း တလျောက် တွင် ရပ်နားထားသည့် ယာဥ် ၏ အခြေအနေ အခွင့်အရေးပေါ်မူတည်ရျ် စစ်ဆေးရန် အကြောင်းပြ လိမ်ညာ ဟန်ဆောင် ကာ ခရီးသည်များထံမှ ငွေ ပစ္စည်း တောင်းယူ လုယက် ကြောင်း ဖော်ထုတ် ရရှိသဖြင့် အမြန်လမ်းမကြီး တလျောက် ခရီးသွားလာလျက်ရှိသည့် ပြည်သူများ ခတ္တ ယာဥ်ရပ်နား လိုက အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ရဲစခန်း/ ရဲကင်းများတွင် ရပ်နား ကြပါရန် နှင့် တရားဥပဒေ ပြင်ပ ထူးခြား ဖြစ်စဥ် များကြုံတွေ့ဖြစ်ပေါ်ပါ က အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ သို့ အမြန်ဆုံး မဖြစ်မနေ သတင်းပေးဆက်သွယ်ခြင်းဖြင့် ပြည့်သူအကျိုး ရှေးရှုရျ် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့နှင့်ပူးပေါင်းပါဝင် ကူညီကြပါရန် အသိပေးဖော်ပြအပ်ပါသည်
Image may contain: one or more people
No photo description available.
Image may contain: 1 person

Source : အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး #Myanmar_Online_News
>>Zawgyi<<
အမြန်လမ်းတွင် လုယက်မှုကျူးလွန်သူများကို ဖော်ထုတ် ဖမ်းဆီးအရေးယူမှုများပြုလုပ်
Monday, March 30, 2020

မတ်လ (၂၇)ရက် နံနက် (၀၃၀၀) နာရီချိန်ခန့်တွင် နေပြည်တော် -ရန်ကုန် လမ်းပိုင်း မိုင်တိုင် (၉၁/၂ ) အနီး၌ ရပ်နားထားသော ယာဉ်ငယ် တစ်စီး လုယက်ခံရပြီးနောက် ကျူးလွန်သူများအား နာရီပိုင်းအတွင်း ဖော်ထုတ် ဖမ်းမိပြီး စပ်ဆက် တရားခံ များကို ဆက်လက်ဖော်ထုတ်ကာယနေ့ မတ်လ (၃၀) ရက်တွင် တရားစွဲတင် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်
ဖြစ်စဉ်မှာ မတ်လ(၂၇) ရက် နံနက် (၀၃၀၀) နာရီချိန်ခန့် တွင် ယာဉ်မောင်း ဦးအောင်မိုး (၅၀) နှစ် တိုက်ကြီးမြို့နေသူ သည်YGN 5I/---- light truck အဖြူရောင်ယာဉ်ကို နေပြည်တော်-ရန်ကုန် လမ်းမိုင်တိုင် (၉၁/၂) အနီး လမ်းဘေး မြေသားလမ်းတွင် ရပ်တန့်ပြီး ခတ္တ အနားယူ အိပ်နေစဉ် အမည်မသိ အမျိုးသား (၄)ဦး ရောက်ရှိလာကာ စစ်ဆေးရန်ရှိသည် အကြောင်းပြရျ် ယာဉ်ကို တံခါးဖွင့်ခိုင်းပြီးယာဉ်ခေါင်းခန်းရှိ ယာဉ်မောင်း၏ ဇနီး ဖြစ်သူ ဒေါ်စန်းစန်းညွန့် (၄၉) နှစ် တိုက်ကြီးမြို့ နေသူထံမှ မြန်မာငွေ (၂၈၀၀၀/) -Oppo (အနီရောင်) လက်ကိုင် ဖုန်း (၄၄၂၈၉၇၂၁၅) (၁)လုံး -ဦးအောင်မိုး အမည် ယာဉ်မောင်း လိုင်စင် (၁)ခု နိုင်ငံသားမှတ်ပုံတင်(၁)ခုပါ အမျိုးသမီး ဆလင်းဘတ် လက်ကိုင်အိတ် နှင့် ဒေါ်စန်းစန်းညွန့် ဝတ်ဆင်ထားသော ရွှေဆွဲကြုံး (၁) ကုံး အား ဖြုတ်ယူ ထွက်ပြေးသွားကြောင်း နှင့် မလှမ်းမကမ်းတွင် လူ မတွေ့ရှိသည့် YGN 5F/ ----- probox တစ်စီး ရပ်ထားသည်ကို တွေ့ရှိရကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ မြို့ချောင်းရဲစခန်းသို့ ကာယကံရှင် တို့မှ လာရောက် သတင်းပို့ တိုင်ကြားခဲ့ပါသည်
သတင်းရလျင်ရခြင်း ဖြစ်စဉ်နေရာသို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးရာ 5F/----Probox ယာဉ်မှာ ရပ်တန့်ထားခြင်း မရှိတော့ကြောင်း စစ်ဆေးတွေ့ရှိရပါသည်
ရရှိဖြစ်စဉ် သတင်းပေါ် အခြေခံ၍ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မသင်္ကာဖွယ် probox ယာဉ်အား ပိတ်ဆို့ ရှာဖွေဖော်ထုတ် ဖမ်းဆီးရာ ည (၀၇၃၀ ) နာရီချိန်တွင် အဆိုပါ ယာဉ်သည် နေပြည်တော်-ရန်ကုန် လမ်း မိုင်တိုင် (၄၆/၂) အနီး တွင် ယာဉ်မောင်း ကိုအောင်မြိုးကျော် (၄၁)နှစ် ရွှေပြည်သာ နေသူမောင်းနှင်လာသည်ကို ပိတ်ဆို့ ဖမ်းဆီး ရမိခဲ့ပါသည်။
စစ်ကြောချက်များ အရ မတ်လ (၁၂) ရက်နေ့ ည မိုင်တိုင် (၁၁၇) အနီး တွင် အမျိုးသား(၁)ဦးထံမှ လုယူ သွားသည့် Sim ကဒ်မပါ Huawei တယ်လီဖုန်း (၁) လုံး ကို ဖော်ထုတ်သိမ်းဆည်းရမိပါသည်
အဆိုပါ အဖွဲ့သည် အမြန်လမ်း တလျောက် တွင် ရပ်နားထားသည့် ယာဉ် ၏ အခြေအနေ အခွင့်အရေးပေါ်မူတည်ရျ် စစ်ဆေးရန် အကြောင်းပြ လိမ်ညာ ဟန်ဆောင် ကာ ခရီးသည်များထံမှ ငွေ ပစ္စည်း တောင်းယူ လုယက် ကြောင်း ဖော်ထုတ် ရရှိသဖြင့် အမြန်လမ်းမကြီး တလျောက် ခရီးသွားလာလျက်ရှိသည့် ပြည်သူများ ခတ္တ ယာဉ်ရပ်နား လိုက အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ရဲစခန်း/ ရဲကင်းများတွင် ရပ်နား ကြပါရန် နှင့် တရားဥပဒေ ပြင်ပ ထူးခြား ဖြစ်စဉ် များကြုံတွေ့ဖြစ်ပေါ်ပါ က အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ သို့ အမြန်ဆုံး မဖြစ်မနေ သတင်းပေးဆက်သွယ်ခြင်းဖြင့် ပြည့်သူအကျိုး ရှေးရှုရျ် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့နှင့်ပူးပေါင်းပါဝင် ကူညီကြပါရန် အသိပေးဖော်ပြအပ်ပါသည်

Source : အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး #Myanmar_Online_News

0 comments:

Post a Comment