Monday, March 30, 2020

COVID-19 ထပ်တိုးလူနာတွေ့ရှိသည့် မင်္ဂလာတောင်ညွန့်မြို့နယ် ၁ဝ၁ လမ်းအတွင်း ရပ်နားထားသောကားများကို အပြင်ထွက်ခွင့်ပိတ်၊ မလိုက်နာသူများအား ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သိရ

Image may contain: car and outdoor

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ထပ်တိုးလူနာတွေ့ရှိခဲ့သည့် ၁၀၁ လမ်းအတွင်း ရပ်နားထားသော ကားများကို အပြင်ထွက်ခွင့်ပိတ်လိုက်ပြီး စည်းကမ်းမလိုက်နာသူများအား ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးဇော် ဝင်းထွန်းက ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ၂၉ရက်ထုတ်ပြန်ချက်တွင် ပါရှိသော Case 10 လူနာမှာ Case 5 လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူဖြစ်သောကြောင့် Case 5 လူနာ၏ မိသားစုဝင်များ၏ ကျန်းမာရေး အခြေ အနေကိုလည်း စဉ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
" ညက Case 5 ရဲ့သား Case 10 ထပ်တွေ့တယ်။ တစ်အိမ်လုံးမှာ ကျန်ခဲ့တဲ့ မိသားစု ၁၇ယောက်ကို ကျန်းမာရေးစစ်ဆေးတာတွေခုလုပ်နေ တယ်။ မနက်ကစပြီး လမ်းတစ်လမ်းလုံးကို မော်တော်ယာဉ် အဝင်အထွက်လုံးဝပေးမလုပ်တော့ဘူး။ လမ်းထဲ လူတွေကိုတော့ ဝင်ထွက်ခွင့်ပြုထားသေးတယ်။ ရပ်ကွက်နေပြည်သူတွေ စိုးရိမ်ထိတ်လန့်မှုမဖြစ်အောင် ၁၇ ယောက်လုံးဆေးရုံတင်ဖို့လိုမယ်ဆိုရင် အကုန်လုံး ဝေဘာဂီကိုခေါ်သွားမယ်။ ပြီးရင်ဒီအိမ်ကို ပိုးသတ်ဆေးဖြန်းပြီး လုံးဝပိတ်ပစ်လိုက်မယ်လို့ စဉ်းစားထားတယ်။ အစည်းအဝေးမှာလည်း တင်ပြသွားမယ်။ ဒါမှလည်း လမ်းသူ လမ်းသားတွေနဲ့ ရပ်ကွက်နေပြည်သူတွေ စိတ်ချရတဲ့အခြေအနေတစ်ခုကိုရောက်မယ် " ဟု ယင်းက ပြော သည်။
Case 10 လူနာ သွားလာထိတွေ့ခဲ့သည့် လူများအား မိမိအိမ်တွင်ပင် ၁၄ ရက်စောင့်ကြည့်အဖြစ် ဆောင်ရွက်ထားရှိထားကာ ကျန်းမာရေးဌာနက နေ့စဉ်စစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း၊ဓာတ်ပုံ- နှင်းနုဝေ
>>Zawgyi<<
COVID-19 ထပ်တိုးလူနာတွေ့ရှိသည့် မင်္ဂလာတောင်ညွန့်မြို့နယ် ၁ဝ၁ လမ်းအတွင်း ရပ်နားထားသောကားများကို အပြင်ထွက်ခွင့်ပိတ်၊ မလိုက်နာသူများအား ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သိရ
Monday, March 30, 2020

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ထပ်တိုးလူနာတွေ့ရှိခဲ့သည့် ၁၀၁ လမ်းအတွင်း ရပ်နားထားသော ကားများကို အပြင်ထွက်ခွင့်ပိတ်လိုက်ပြီး စည်းကမ်းမလိုက်နာသူများအား ထိရောက် စွာအရေး ယူသွား မည်ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးဇော် ဝင်းထွန်းက ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ၂၉ရက်ထုတ်ပြန်ချက်တွင် ပါရှိသော Case 10 လူနာမှာ Case 5 လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူဖြစ်သောကြောင့် Case 5 လူနာ၏ မိသားစုဝင်များ၏ ကျန်းမာရေး အခြေ အနေကိုလည်း စဉ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
" ညက Case 5 ရဲ့သား Case 10 ထပ်တွေ့တယ်။ တစ်အိမ်လုံးမှာ ကျန်ခဲ့တဲ့ မိသားစု ၁၇ယောက်ကို ကျန်းမာရေးစစ်ဆေးတာတွေခုလုပ်နေ တယ်။ မနက်ကစပြီး လမ်းတစ်လမ်းလုံးကို မော်တော်ယာဉ် အဝင်အထွက်လုံးဝပေးမလုပ်တော့ဘူး။ လမ်းထဲ လူတွေကိုတော့ ဝင်ထွက်ခွင့်ပြုထားသေးတယ်။ ရပ်ကွက်နေပြည်သူတွေ စိုးရိမ်ထိတ်လန့်မှုမဖြစ်အောင် ၁၇ ယောက်လုံးဆေးရုံတင်ဖို့လိုမယ်ဆိုရင် အကုန်လုံး ဝေဘာဂီကိုခေါ်သွားမယ်။ ပြီးရင်ဒီအိမ်ကို ပိုးသတ်ဆေးဖြန်းပြီး လုံးဝပိတ်ပစ်လိုက်မယ်လို့ စဉ်းစားထားတယ်။ အစည်းအဝေးမှာလည်း တင်ပြသွားမယ်။ ဒါမှလည်း လမ်းသူ လမ်းသားတွေနဲ့ ရပ်ကွက်နေပြည်သူတွေ စိတ်ချရတဲ့အခြေအနေတစ်ခုကိုရောက်မယ် " ဟု ယင်းက ပြော သည်။
Case 10 လူနာ သွားလာထိတွေ့ခဲ့သည့် လူများအား မိမိအိမ်တွင်ပင် ၁၄ ရက်စောင့်ကြည့်အဖြစ် ဆောင်ရွက်ထားရှိထားကာ ကျန်းမာရေးဌာနက နေ့စဉ်စစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း၊ဓာတ်ပုံ- နှင်းနုဝေ

0 comments:

Post a Comment