Tuesday, March 31, 2020

တပ်မတော်မှ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019(COVID-19)ကာကွယ်ရေး အထောက် အကူဖြစ်စေရန်အတွက် ကျန်းမာရေးအသိပညာပေးဆွေးနွေးခြင်း၊ ဆေးစစ်ဆေးပေးခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆက်လက်ဆောင်ရွက်

Image may contain: outdoor

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် တပ်မတော်အနေဖြင့် တစ်တပ်တစ်အား ပါဝင်ကူညီဆောင်ရွက်လျက်ရှိရာ အသက်အရွယ်ကြီး ရင့်တော်မူကြသော သံဃာတော်များနှင့် ဘာသာပေါင်းစုံမှ သက်ကြီးဘာသာရေး ခေါင်းဆောင်များ၏ကျန်းမာရေး ကောင်းမွန်စေရေး၊ ရောဂါပိုးပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင် ကာကွယ်ခြင်းများ ဆောင်ရွက်နိုင်ရန် အလေးပေး ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် တိုင်းစစ်ဌာနချုပ် အသီးသီးရှိ နယ်မြေခံ တပ်မတော် ဆေးရုံများမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင် သော ဆေးအဖွဲ့များက တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အသီးသီးရှိ သြဝါ ဒါစရိယ ဆရာတော်ကြီးများ၊ ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများနှင့် သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များအား လည်းကောင်း၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဘာသာရေးကျောင်းများရှိ ဘာသာရေးခေါင်းဆောင်များနှင့် ဘာသာရေးအဖွဲ့ ဝင်များအားလည်းကောင်း၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များကိုလည်း ကောင်း၊ ဒေသခံပြည်သူများ၊ မသန်စွမ်းသူ များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား လည်းကောင်း (COVID-19)ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကိုယ်ခံအားကောင်းမွန်စေရေးအတွက် အာဟာရဖြည့်စွက်စာများ၊ ရောဂါကြိုတင် ကာကွယ်ရာတွင် အသုံးပြုနိုင်သည့် အထောက်အကူပြုဆေးဝါးများနှင့် လက်သန့်ဆေးရည်များ၊ Mask များကို ပေးအပ် လှူဒါန်းခြင်းနှင့် ဘာသာရေး အဆောက်အဦများ၊ အနီးဝန်းကျင်နှင့် အများပြည်သူအသုံးပြုလျက် ရှိသည့်နေရာ များအား ပိုးသတ် ဆေးဖျန်း ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ် အသီးသီးမှ နယ်မြေခံတပ်မတော်သားများ က စေတီပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင်ကျောင်းများ၊ ဘာသာရေး ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ အဝေး ပြေးယာဉ်ရပ်နား စခန်းများနှင့် လူသွားလူလာ ထူထပ်များပြားသည့် နေရာများ၌ ပိုးသတ် ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Image may contain: people sitting and indoor
Image may contain: indoor
Image may contain: pool, sky, outdoor and water
Image may contain: 3 people, people sitting
Image may contain: 1 person
Image may contain: outdoor
Image may contain: one or more people, shoes and indoor
Image may contain: one or more people, bridge, sky, outdoor and water
Image may contain: 1 person, standing and outdoor

Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

0 comments:

Post a Comment