Friday, March 27, 2020

ကိုရိုနာဗိုင်းရပ်ပိုး တွေ့ရှိသူ တင်ဆောင်ခဲ့သည့် မီနီအိုဝေယာဉ်မောင်းက နေအိမ်တွင်ပင် ကန့်သတ်နေထိုင်မည်

Image may contain: 1 person, standing and outdoor

ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားသည့် ကိုရိုနာဗိုင်းရပ်ပိုး တွေ့ရှိသူ အမေရိကန်နိုင်ငံသား ခံယူထားသည့် မြန်မာလူမျိုးကို ကျွဲဆည်ကန် ကားဝန်းမှ မြရည်နန္ဒာ တိုက်ခန်းသို့ ပို့ဆောင်ပေးခဲ့သူ မီနီအိုးဝေ ယာဥ်မောင်းက ယနေ့နံနက် ၉နာရီခန့် အချိန်တွင် လာရောက် စစ်ဆေးခံခဲ့သည်။

အဆိုပါမီနီအိုးဝေယာဥ်မောင်းကို မြရည်နန္ဒာတိုက်ခန်းအနီးတွင်ပင် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပေးခဲ့ပြီး ၎င်း၏ဆန္ဒအရ ဆေးရုံတွင် မထားပဲ ၎င်းအိမ်တွင်အသွားအလာကန့်သတ်၍ နေထိုင် ခွင့်ပြုခဲ့သည်။
မီနီအိုးဝေယာဉ်မောင်း၏ ပြောဆိုချက်အရ ၎င်းလိုက်ပို့သည့်နေ့က အဆိုပါ ပိုးတွေ့လူနာနှင့်အတူ နောက်ထပ်တစ်ဦးကိုလည်း ချမ်းမြသာစည်မြို့နယ်အတွင်း လိုက်ပို့ပေးခဲ့ရသေးသည်ဟု ဆိုသည်။ ယခု ယင်းပုဂ္ဂိုလ်ကို လိုက်လံရှာဖွေလျက်ရှိသည်။
Image may contain: one or more people, people standing and outdoor
Source- ရန်မိုးနိုင် #Myanmar_Online_News

>>zawgyi<<
ကိုရိုနာဗိုင်းရပ်ပိုး တွေ့ရှိသူ တင်ဆောင်ခဲ့သည့် မီနီအိုဝေယာဉ်မောင်းက နေအိမ်တွင်ပင် ကန့်သတ်နေထိုင်မည်
Friday, March 27, 2020

ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားသည့် ကိုရိုနာဗိုင်းရပ်ပိုး တွေ့ရှိသူ အမေရိကန်နိုင်ငံသား ခံယူထားသည့် မြန်မာလူမျိုးကို ကျွဲဆည်ကန် ကားဝန်းမှ မြရည်နန္ဒာ တိုက်ခန်းသို့ ပို့ဆောင်ပေးခဲ့သူ မီနီအိုးဝေ ယာဉ်မောင်းက ယနေ့နံနက် ၉နာရီခန့် အချိန်တွင် လာရောက် စစ်ဆေးခံခဲ့သည်။
အဆိုပါမီနီအိုးဝေယာဉ်မောင်းကို မြရည်နန္ဒာတိုက်ခန်းအနီးတွင်ပင် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပေးခဲ့ပြီး ၎င်း၏ဆန္ဒအရ ဆေးရုံတွင် မထားပဲ ၎င်းအိမ်တွင်အသွားအလာကန့်သတ်၍ နေထိုင် ခွင့်ပြုခဲ့သည်။
မီနီအိုးဝေယာဉ်မောင်း၏ ပြောဆိုချက်အရ ၎င်းလိုက်ပို့သည့်နေ့က အဆိုပါ ပိုးတွေ့လူနာနှင့်အတူ နောက်ထပ်တစ်ဦးကိုလည်း ချမ်းမြသာစည်မြို့နယ်အတွင်း လိုက်ပို့ပေးခဲ့ရသေးသည်ဟု ဆိုသည်။ ယခု ယင်းပုဂ္ဂိုလ်ကို လိုက်လံရှာဖွေလျက်ရှိသည်။
Source- ရန်မိုးနိုင် #Myanmar_Online_News

0 comments:

Post a Comment