Sunday, March 29, 2020

ဆေးဝါးစက်ရုံ(အင်းစိန်) BPI မှ လက်သန့်ဆေးရည်နှင့် အရက်ပြန်ဆေးဘူးများ ယခင်ကထက် ပိုမိုတိုးမြှင့်ထုတ်လုပ်

Image may contain: one or more people

ရန်ကုန်မြို့ရှိ ဆေးဝါးစက်ရုံ(အင်းစိန်) BPI မှ COVID-19 ရောဂါ ကာကွယ်ရေးအတွက် ဈေးကွက်တွင် လိုအပ်လျက်ရှိသည့် လက်သန့်ဆေးရည်နှင့် အရက်ပြန်ဆေးဘူးများကို ယခင်ကထက် ပိုမိုတိုးမြှင့် ထုတ်လုပ်လျက် ရှိကြောင်း ဆေးဝါးစက်ရုံ(အင်းစိန်) က သိရသည်။

ဆေးဝါးစက်ရုံ(အင်းစိန်) BPI မှ ထုတ်လုပ်လျက်ရှိသော အရက်ပြန်နှင့် လက်သန့်ဆေးရည်များသည် သတ်မှတ်ထား သည့် စံချိန်စံညွန်း GMP guide line အတိုင်း ထုတ်လုပ်လျက်ရှိပြီး သုံးစွဲသူများအနေဖြင့် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ကြောင်း ဈေးကွက်အတွင်း ပုံမှန်ဈေးနှုန်းဖြင့်သာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
BPI ဆေးဝါးစက်ရုံအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမှာစာ အတိုင်း ဆေးဝါးတွေကို ထုတ်လုပ်ပေးနေပါတယ်။ ပဋိဇီ၀ဆေးတွေကိုလည်း တောက်လျောက် ထုတ်ပေးနေပါတယ်။ နိုင်ငံတော်ရဲ့ လိုအပ်ချက်ဖြစ်လာတဲ့အချိန်မှာ BPI ဆေးဝါးစက်ရုံ ဝန်ထမ်းတွေအနေနဲ့ နေ့၊ ည အဆိုင်းတွေ တိုးပြီး ထုတ်လုပ်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဆေးဝါးလိုအပ်ချက်ကိုလည်း တက်နိုင်သလောက် ဖြည့်ဆည်းပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
ဆေးဝါးစက်ရုံ(အင်းစိန်) BPI မှ ဆေးပြား၊ ဆေးမှုန့်၊ ဆေးရည်၊ လိမ်းဆေး၊ ထိုးဆေး၊ သွေးကြောသွင်းဆေးရည်၊ ကာကွယ်ကုသဆေးနှင့် အဆိပ်ဖြေဆေးများ၊ စုစုပေါင်း ဆေးအမျိုး အစား (၁၈၀)ကျော်ကို ထုတ်လုပ်ပေးလျက်ရှိပြီး လက်သန့်ဆေးရည်ကို 50mL ၊ 500mL ၊ 4 Liters ဘူးများဖြင့် ဖြင့် ထုတ်လုပ်လျက်ရှိပြီး အရက်ပြန် ဆေးဘူးများကို 100mL ၊ 500mL ဘူးများဖြင့် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
COVID-19 ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပမှထုတ်လုပ်သည့် အရက်ပြန်နှင့် လက်သန့်ဆေးရည်များ ဈေးကွက်အတွင်း ပစ္စည်းပြတ်သည်အထိ ဝယ်ယူမှုများခဲ့ကြောင်း ဈေးကွက်အတွင်းက သိရသည်။
Source-MDN #Myanmar_Online_News

>>zawgyi<<
ဆေးဝါးစက်ရုံ(အင်းစိန်) BPI မှ လက်သန့်ဆေးရည်နှင့် အရက်ပြန်ဆေးဘူးများ ယခင်ကထက် ပိုမိုတိုးမြှင့်ထုတ်လုပ်
Monday, March 30, 2020

ရန်ကုန်မြို့ရှိ ဆေးဝါးစက်ရုံ(အင်းစိန်) BPI မှ COVID-19 ရောဂါ ကာကွယ်ရေးအတွက် ဈေးကွက်တွင် လိုအပ်လျက်ရှိသည့် လက်သန့်ဆေးရည်နှင့် အရက်ပြန်ဆေးဘူးများကို ယခင်ကထက် ပိုမိုတိုးမြှင့် ထုတ်လုပ်လျက် ရှိကြောင်း ဆေးဝါးစက်ရုံ(အင်းစိန်) က သိရသည်။
ဆေးဝါးစက်ရုံ(အင်းစိန်) BPI မှ ထုတ်လုပ်လျက်ရှိသော အရက်ပြန်နှင့် လက်သန့်ဆေးရည်များသည် သတ်မှတ်ထား သည့် စံချိန်စံညွန်း GMP guide line အတိုင်း ထုတ်လုပ်လျက်ရှိပြီး သုံးစွဲသူများအနေဖြင့် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ကြောင်း ဈေးကွက်အတွင်း ပုံမှန်ဈေးနှုန်းဖြင့်သာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
BPI ဆေးဝါးစက်ရုံအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမှာစာ အတိုင်း ဆေးဝါးတွေကို ထုတ်လုပ်ပေးနေပါတယ်။ ပဋိဇီဝဆေးတွေကိုလည်း တောက်လျောက် ထုတ်ပေးနေပါတယ်။ နိုင်ငံတော်ရဲ့ လိုအပ်ချက်ဖြစ်လာတဲ့အချိန်မှာ BPI ဆေးဝါးစက်ရုံ ဝန်ထမ်းတွေအနေနဲ့ နေ့၊ ည အဆိုင်းတွေ တိုးပြီး ထုတ်လုပ်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဆေးဝါးလိုအပ်ချက်ကိုလည်း တက်နိုင်သလောက် ဖြည့်ဆည်းပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
ဆေးဝါးစက်ရုံ(အင်းစိန်) BPI မှ ဆေးပြား၊ ဆေးမှုန့်၊ ဆေးရည်၊ လိမ်းဆေး၊ ထိုးဆေး၊ သွေးကြောသွင်းဆေးရည်၊ ကာကွယ်ကုသဆေးနှင့် အဆိပ်ဖြေဆေးများ၊ စုစုပေါင်း ဆေးအမျိုး အစား (၁၈၀)ကျော်ကို ထုတ်လုပ်ပေးလျက်ရှိပြီး လက်သန့်ဆေးရည်ကို 50mL ၊ 500mL ၊ 4 Liters ဘူးများဖြင့် ဖြင့် ထုတ်လုပ်လျက်ရှိပြီး အရက်ပြန် ဆေးဘူးများကို 100mL ၊ 500mL ဘူးများဖြင့် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
COVID-19 ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပမှထုတ်လုပ်သည့် အရက်ပြန်နှင့် လက်သန့်ဆေးရည်များ ဈေးကွက်အတွင်း ပစ္စည်းပြတ်သည်အထိ ဝယ်ယူမှုများခဲ့ကြောင်း ဈေးကွက်အတွင်းက သိရသည်။

0 comments:

Post a Comment