Friday, March 27, 2020

အကာအကွယ်ပစ္စည်း ပြည့်စုံစွာမရှိသည့်အတွက် ဖိလစ်ပိုင်တွင် covid-19 ကြောင့် ဆရာဝန်ကိုးဦး သေဆုံး

Image may contain: one or more people, people standing and outdoor

ဖိလစ်ပိုင်နိုင်ငံမှာ covid-19 ဗိုင်းရပ်စ်ကြောင့် ဆရာဝန် ကိုးဦး သေဆုံးသွားပြီလို့ ဖိလစ်ပိုင်ဆေးဘက်ဆိုင်ရာအဖွဲ့က ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရပါတယ်။

covid-19 ဗိုင်းရပ်စ်ကူးစက်မှုကို ဆေးရုံတွေမှာ ရှေ့တန်းကနေ ရင်ဆိုင်တိုက်ခိုက်နေသူတွေအတွက် အကာအကွယ် ပစ္စည်း ပြည့်ပြည့်စုံစုံမရှိတာအတွက်လည်း ပြစ်တင်ဝေဖန်လိုက်ပါတယ်။
ဆရာဝန်သေဆုံးမှု ထုတ်ပြန်ချက်ဟာ ဖိလစ်ပိုင်ပြည်သူတွေအတွက် စိုးရိမ်စိတ်တွေကို ပိုပြီး မြင့်မားစေခဲ့ပါတယ်။
ဖိလစ်ပိုင် နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှု မြင့်မားလာတာကြောင့် လူ ၅၅ သန်း နေထိုင်တဲ့ ပင်မကျွန်းကြီးဖြစ်တဲ့ လူဇွန်ကျွန်းကို အသွားအလာပိတ်ပင်ထားတာ တစ်ပတ်ကျော်သွားပါပြီ။ နောက်ဆုံး ရရှိထားတဲ့ စာရင်းတွေအရ ဖိလစ်ပိုင်နိုင်ငံမှာ ကူးစက် သူ ၇၀၀ ကျော် ရှိပြီး သေဆုံးသူ ၄၅ ယောက် ရှိနေပါပြီ။
No photo description available.
Source- AFP #Myanmar_Online_News

>>zawgyi<<
အကာအကွယ်ပစ္စည်း ပြည့်စုံစွာမရှိသည့်အတွက် ဖိလစ်ပိုင်တွင် covid-19 ကြောင့် ဆရာဝန်ကိုးဦး သေဆုံး
Friday, March 27, 2020

ဖိလစ်ပိုင်နိုင်ငံမှာ covid-19 ဗိုင်းရပ်စ်ကြောင့် ဆရာဝန် ကိုးဦး သေဆုံးသွားပြီလို့ ဖိလစ်ပိုင်ဆေးဘက်ဆိုင်ရာအဖွဲ့က ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရပါတယ်။
covid-19 ဗိုင်းရပ်စ်ကူးစက်မှုကို ဆေးရုံတွေမှာ ရှေ့တန်းကနေ ရင်ဆိုင်တိုက်ခိုက်နေသူတွေအတွက် အကာအကွယ် ပစ္စည်း ပြည့်ပြည့်စုံစုံမရှိတာအတွက်လည်း ပြစ်တင်ဝေဖန်လိုက်ပါတယ်။
ဆရာဝန်သေဆုံးမှု ထုတ်ပြန်ချက်ဟာ ဖိလစ်ပိုင်ပြည်သူတွေအတွက် စိုးရိမ်စိတ်တွေကို ပိုပြီး မြင့်မားစေခဲ့ပါတယ်။
ဖိလစ်ပိုင် နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှု မြင့်မားလာတာကြောင့် လူ ၅၅ သန်း နေထိုင်တဲ့ ပင်မကျွန်းကြီးဖြစ်တဲ့ လူဇွန်ကျွန်းကို အသွားအလာပိတ်ပင်ထားတာ တစ်ပတ်ကျော်သွားပါပြီ။ နောက်ဆုံး ရရှိထားတဲ့ စာရင်းတွေအရ ဖိလစ်ပိုင်နိုင်ငံမှာ ကူးစက် သူ ၇၀၀ ကျော် ရှိပြီး သေဆုံးသူ ၄၅ ယောက် ရှိနေပါပြီ။
Source- AFP #Myanmar_Online_News

0 comments:

Post a Comment