Monday, March 30, 2020

COVID-19 ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်သည့်အနေဖြင့် လာအိုနိုင်ငံ၌ ခရီးသွားလာမှုများကန့်သတ်

Image may contain: outdoor

လာအိုနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်သည့်အနေဖြင့် နိုင်ငံတစ်ဝန်း ခရီးသွားလာမှုများ ကန့်သတ်လိုက်ပြီဖြစ်ကြောင်း လာအိုအစိုးရက ယနေ့ကြေညာခဲ့သည်။

သို့သော် ကုန်စည်ပို့ဆောင်ရေးစနစ်များကို ခွင့်ပြုပေး မည်ဖြစ်သည်။ နိုင်ငံအတွင်းရှိ ပြည်သူများကိုလည်း နေအိမ်အတွင်းမှာသာ နေထိုင်ကြရန်နှင့် အရေးကြီးကိစ္စများအတွက်သာ နေအိမ်ပြင်ပသို့ ထွက်ကြရန် လာအိုအစိုးရက တိုက်တွန်း ပြောကြားထားသည်။
ကုန်စည်ပို့ဆောင်ရေး (သို့မဟုတ်) ဆေးရုံသို့လူနာပို့ဆောင်ခြင်းကဲ့သို့သော အာဏာပိုင်များခွင့်ပြုထားသည့် အရေးကြီးကိစ္စရပ်များ လုပ်ဆောင်ခြင်းမှအပ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းမြင့်တက်သည့်ဒေသများသို့ သွားလာခွင့်ကို ပြည်သူများအား ပိတ်ပင်ထားကြောင်း သိရသည်။ ထို့ပြင် လူစုလူဝေးခြင်းများကိုလည်း ရှောင်ရှားရန် အမိန့်စာတွင် ပါရှိသည်။
နိုင်ငံအတွင်း ခရီးသွားလာခြင်းကန့်သတ်မှုသည် မတ် ၃၀ ရက်မှ ဧပြီ ၁၉ ရက်အထိ အာဏာသက်ရောက်မှု ရှိမည်ဖြစ်သည်။ ဗိုင်းရပ်စ်ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့် နိုင်ငံအတွင်း ခရီးသွားလာမှု ကန့်သတ်ခြင်းကို ဝန်ကြီးချုပ် ထောင်လွန်းဆီဆုလစ်က မတ် ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မဖြစ်မနေတာဝန်ထမ်းဆောင်ရမည့် ပြည်သူ့ ဝန်ထမ်းများမှအပ ကျန်ဝန်ထမ်းများအားလုံးကိုလည်း ဧပြီ ၁ ရက်မှ ၉ ရက်အထိ အလုပ်တာဝန်များကို နေအိမ်မှသာ လုပ်ဆောင်ကြရန် အစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း သိရသည်။
နိုင်ငံအတွင်း ခရီးသွားပို့ဆောင်ရေးလုပ်ငန်းများကိုယာယီပိတ်ပင်ထားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ချာလင်ယီရာဘာအိုဟာက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။အိမ်နီးချင်းထိုင်းနိုင်ငံမှ လာအိုနိုင်ငံအတွင်းသို့ ပြည်သူအများအပြား ပြန်လည်ရောက်ရှိလာပြီးနောက် နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်းများ မြင့်တက်လာခဲ့သည်။
နိုင်ငံအတွင်း ဗိုင်းရပ်စ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ပြည်တွင်းရှိ ကုန်သည်များအနေဖြင့် ကုန်ပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန် ဝန်ကြီးချုပ်၏ အမိန့်စာကို ကိုးကားပြီး အစိုးရ အဖွဲ့ပြောရေးဆိုခွင့်ရှိသူက သတိပေးပြောကြားခဲ့သည်။
ထို့ပြင် ဗိုင်းရပ်စ်ကူးစက်မှုအခြေအနေနှင့်ပတ်သတ် ပြီး သတင်းမှားများဖြန့်ဝေသူများကို ပြစ်ဒဏ်များချမှတ် မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
လာအိုနိုင်ငံအတွင်း၌ မတ် ၂၁ ရက်မှစပြီး ဗိုင်းရပ်စ် ကူးစက်ခံရသူရှစ်ဦး စစ်ဆေးတွေ့ရှိထားကြောင်း သိရသည်။
Image may contain: one or more people, sky and outdoor
ကိုးကား-ဆင်ဟွာ
Crd : MDN #Myanmar_Online_News

>>Zawgyi<<
COVID-19 ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်သည့်အနေဖြင့် လာအိုနိုင်ငံ၌ ခရီးသွားလာမှုများကန့်သတ်
Tuesday, March 31, 2020

လာအိုနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်သည့်အနေဖြင့် နိုင်ငံတစ်ဝန်း ခရီးသွားလာမှုများ ကန့်သတ်လိုက်ပြီဖြစ်ကြောင်း လာအိုအစိုးရက ယနေ့ကြေညာခဲ့သည်။
သို့သော် ကုန်စည်ပို့ဆောင်ရေးစနစ်များကို ခွင့်ပြုပေး မည်ဖြစ်သည်။ နိုင်ငံအတွင်းရှိ ပြည်သူများကိုလည်း နေအိမ်အတွင်းမှာသာ နေထိုင်ကြရန်နှင့် အရေးကြီးကိစ္စများအတွက်သာ နေအိမ်ပြင်ပသို့ ထွက်ကြရန် လာအိုအစိုးရက တိုက်တွန်း ပြောကြားထားသည်။
ကုန်စည်ပို့ဆောင်ရေး (သို့မဟုတ်) ဆေးရုံသို့လူနာပို့ဆောင်ခြင်းကဲ့သို့သော အာဏာပိုင်များခွင့်ပြုထားသည့် အရေးကြီးကိစ္စရပ်များ လုပ်ဆောင်ခြင်းမှအပ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းမြင့်တက်သည့်ဒေသများသို့ သွားလာခွင့်ကို ပြည်သူများအား ပိတ်ပင်ထားကြောင်း သိရသည်။ ထို့ပြင် လူစုလူဝေးခြင်းများကိုလည်း ရှောင်ရှားရန် အမိန့်စာတွင် ပါရှိသည်။
နိုင်ငံအတွင်း ခရီးသွားလာခြင်းကန့်သတ်မှုသည် မတ် ၃၀ ရက်မှ ဧပြီ ၁၉ ရက်အထိ အာဏာသက်ရောက်မှု ရှိမည်ဖြစ်သည်။ ဗိုင်းရပ်စ်ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့် နိုင်ငံအတွင်း ခရီးသွားလာမှု ကန့်သတ်ခြင်းကို ဝန်ကြီးချုပ် ထောင်လွန်းဆီဆုလစ်က မတ် ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မဖြစ်မနေတာဝန်ထမ်းဆောင်ရမည့် ပြည်သူ့ ဝန်ထမ်းများမှအပ ကျန်ဝန်ထမ်းများအားလုံးကိုလည်း ဧပြီ ၁ ရက်မှ ၉ ရက်အထိ အလုပ်တာဝန်များကို နေအိမ်မှသာ လုပ်ဆောင်ကြရန် အစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း သိရသည်။
နိုင်ငံအတွင်း ခရီးသွားပို့ဆောင်ရေးလုပ်ငန်းများကိုယာယီပိတ်ပင်ထားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ချာလင်ယီရာဘာအိုဟာက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။အိမ်နီးချင်းထိုင်းနိုင်ငံမှ လာအိုနိုင်ငံအတွင်းသို့ ပြည်သူအများအပြား ပြန်လည်ရောက်ရှိလာပြီးနောက် နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်းများ မြင့်တက်လာခဲ့သည်။
နိုင်ငံအတွင်း ဗိုင်းရပ်စ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ပြည်တွင်းရှိ ကုန်သည်များအနေဖြင့် ကုန်ပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန် ဝန်ကြီးချုပ်၏ အမိန့်စာကို ကိုးကားပြီး အစိုးရ အဖွဲ့ပြောရေးဆိုခွင့်ရှိသူက သတိပေးပြောကြားခဲ့သည်။
ထို့ပြင် ဗိုင်းရပ်စ်ကူးစက်မှုအခြေအနေနှင့်ပတ်သတ် ပြီး သတင်းမှားများဖြန့်ဝေသူများကို ပြစ်ဒဏ်များချမှတ် မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
လာအိုနိုင်ငံအတွင်း၌ မတ် ၂၁ ရက်မှစပြီး ဗိုင်းရပ်စ် ကူးစက်ခံရသူရှစ်ဦး စစ်ဆေးတွေ့ရှိထားကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ

0 comments:

Post a Comment