Sunday, March 29, 2020

Covid - 19 ကြောင့် ရုရှားတွင် ပင်လယ်နက် အပန်းဖြေစခန်းများအပါအဝင် ပိတ်ပင် ကန့်သတ်မှုများ စတင်


Image may contain: one or more people
ရုရှားနိုင်ငံဟာ ပင်လယ်နက် ကမ်းခြေမြို့ ခရက်စ်နာယာက နာမည်ကျော် နှင်းလျှောစီး အပန်းဖြေစခန်းတွေ အပါအဝင် ပိတ် ပင် ကန့်သတ်မှုတွေကို အခုလ ၃၀ ရက်ကနေ စတင်လိုက်ပြီဖြစ်ပါတယ်။
ခရက်စနာယာ မြို့သူမြို့သားတွေကတော့ အခုလို အပန်းဖြေစခန်း ပိတ်ပင်မှုကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြပါတယ်။ အလားတူ မြို့တော် မော်စကိုမှာလည်း ပိတ်ပင်မှုတချို့ စတင်ခဲ့ပါတယ်။

အခုလ ၃၀ ရက်ကစပြီး မော်စကို မြို့သူမြို့သားတွေကို အိမ်ပြင်ထွက်ခွင့် မပြုတော့ပါဘူး။ အနီးဆုံးဆိုင်မှာ အစားအစာ နဲ့ ဆေးဝါးတွေ ထွက်ဝယ်ဖို့ပဲ ခွင့်ပြုထားပါတယ်။ မော်စကိုမှာ ကူးစက်သူတွေ့ရှိမှု ၁၀၀၀ ကျော်သွားတဲ့နောက် အဲဒီလို ကန့်သတ်လိုက်တာပါ။

နိုင်ငံတကာ လေကြောင်းလိုင်းတွေ အားလုံးကို ပိတ်ပင်ထားသလို နယ်စပ်တွေကိုလည်း ပိတ်ထားလိုက်ပါပြီ။ ဒီတစ်ပတ်ကို အလုပ်မလုပ်ရတဲ့ သီတင်းပတ်အဖြစ်လည်း သတ်မှတ်ထားပါတယ်။ ဖျော်ဖြေရေး ကွင်းတွေကိုလည်း ပိတ်ထားလိုက်ပြီဖြစ် ပါတယ်။

နောက်ဆုံး ရရှိတဲ့စာရင်းအရ ရုရှားနိုင်ငံမှာ စုစုပေါင်း ကူးစက်သူ ၁၅၀၀ ကျော်ရှိပြီး သေဆုံးသူ ရှစ်ယောက် ရှိနေပြီဖြစ်ပါ တယ်။
Source: One News Myanmar
<zawgyi>
Covid - 19 ကြောင့် ရုရှားတွင် ပင်လယ်နက် အပန်းဖြေစခန်းများအပါအဝင် ပိတ်ပင် ကန့်သတ်မှုများ စတင်
Monday, March 30, 2020

ရုရှားနိုင်ငံဟာ ပင်လယ်နက် ကမ်းခြေမြို့ ခရက်စ်နာယာက နာမည်ကျော် နှင်းလျှောစီး အပန်းဖြေစခန်းတွေ အပါအဝင် ပိတ် ပင် ကန့်သတ်မှုတွေကို အခုလ ၃၀ ရက်ကနေ စတင်လိုက်ပြီဖြစ်ပါတယ်။

ခရက်စနာယာ မြို့သူမြို့သားတွေကတော့ အခုလို အပန်းဖြေစခန်း ပိတ်ပင်မှုကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြပါတယ်။ အလားတူ မြို့တော် မော်စကိုမှာလည်း ပိတ်ပင်မှုတချို့ စတင်ခဲ့ပါတယ်။

အခုလ ၃၀ ရက်ကစပြီး မော်စကို မြို့သူမြို့သားတွေကို အိမ်ပြင်ထွက်ခွင့် မပြုတော့ပါဘူး။ အနီးဆုံးဆိုင်မှာ အစားအစာ နဲ့ ဆေးဝါးတွေ ထွက်ဝယ်ဖို့ပဲ ခွင့်ပြုထားပါတယ်။ မော်စကိုမှာ ကူးစက်သူတွေ့ရှိမှု ၁၀၀၀ ကျော်သွားတဲ့နောက် အဲဒီလို ကန့်သတ်လိုက်တာပါ။

နိုင်ငံတကာ လေကြောင်းလိုင်းတွေ အားလုံးကို ပိတ်ပင်ထားသလို နယ်စပ်တွေကိုလည်း ပိတ်ထားလိုက်ပါပြီ။ ဒီတစ်ပတ်ကို အလုပ်မလုပ်ရတဲ့ သီတင်းပတ်အဖြစ်လည်း သတ်မှတ်ထားပါတယ်။ ဖျော်ဖြေရေး ကွင်းတွေကိုလည်း ပိတ်ထားလိုက်ပြီဖြစ် ပါတယ်။

နောက်ဆုံး ရရှိတဲ့စာရင်းအရ ရုရှားနိုင်ငံမှာ စုစုပေါင်း ကူးစက်သူ ၁၅၀၀ ကျော်ရှိပြီး သေဆုံးသူ ရှစ်ယောက် ရှိနေပြီဖြစ်ပါ တယ်။
Source: One News Myanmar

0 comments:

Post a Comment