Saturday, March 28, 2020

Covid-19 လူနာအမှတ်(၈)နှင့်အတူ ပြင်သစ်ခရီးသွားအဖွဲ့ မြို့ခုနစ်မြို့ကို လည်ပတ်ခဲ့

Image may contain: one or more people, people standing, people walking and outdoor

မြန်မာနိုင်ငံ၏ COVID-19 လူနာအမှတ်(၈) ဧည့်လမ်းညွှန်အမျိုးသမီးသည် ပြင်သစ်ခရီးသွားများနှင့်အတူ ပုဂံရှေးဟောင်းမြို့တော်သို့ လာရောက်ခဲ့၍ ၎င်းတို့ လည်ပတ် သွားရောက်ခဲ့သည့် နေရာများကို စစ်ဆေးမှုများပြုလုပ်နေသည်။

လူနာအမှတ်(၈) ဧည့်လမ်း ညွှန်အမျိုးသမီးသည် ပြင်သစ် ခရီးသွားရှစ်ဦးနှင့်အတူ မတ်လ ၁၄ ရက်တွင် ရန်ကုန်မြို့မှ မန္တ လေးမြို့သို့သွားရောက်ပြီး မန္တ လေးမှတစ်ဆင့် မုံရွာ၊ ထိုမှတစ်ဆင့် ပခုက္ကူမြို့သို့ရောက်ရှိကာ ပုဂံမြို့သို့ မတ်လ ၁၈ရက်တွင် ရောက်ရှိခဲ့ကြောင်း စုံစမ်းသိရသည်။
ထို့နောက် မတ်လ ၁၉ ရက် တွင် ပုပ္ပါးသို့ လည်ပတ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့ သို့ ထွက်ခွာသွားကြောင်း စုံစမ်း သိရသည်။
ထို့အပြင် မတ်လ ၂၂ရက် တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့သည်ဟု ဆိုသည်။
‘‘ပုဂံမှာသူတို့တည်းတဲ့ ဟို တယ်စုံစမ်းသိရပြီ။ စားသောက် ဆိုင်တွေလည်း သွားခဲ့တယ်။ နောက်ပြီး ထန်းရည်ဆိုင်လည်း သွားတဲ့တယ်။ သူတို့လည်ပတ်တဲ့ ကားကိုတော့ ပိုးသတ်ဆေးဖျန်း တာတွေ လုပ်နေပါပြီ’’ ဟု ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သန့်ရှင်းရေးနှင့် လူမှုကူညီရေး အသင်းမှ ဦးကိုကိုက ပြောသည်။
‘‘သူတို့အဖွဲ့က မုံရွာကနေ ပခုက္ကူကို ကားနဲ့လာတယ်။ ပခုက္ကူကနေ စက်လှေနဲ့ ပုဂံကို လာတာ။ အာနန္ဒာဘုရားလည်း လာသွားတယ်’’ဟု ပုဂံဒေသတွင်း ဧည့်လမ်းညွှန် ဦးဇော်ဝင်းချိုက ပြောသည်။
ညောင်မြို့နယ်တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန်ကလည်း ‘‘ဒီမှာလည်း သူတို့သွားတဲ့နေရာကို အုပ်ချုပ် ရေးပိုင်းနဲ့ ကျန်းမာရေးအဖွဲ့ တွေက ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့လည်း လျင်လျင်မြန်မြန်နဲ့ ဆောင်ရွက်နေပါတယ်’’ဟု ပြောသည်။
ထို့အပြင် ယနေ့နံနက် ၁၀ နာရီတွင် အစည်းအဝေးခေါ်ထားကြောင်း ၎င်းက ပြောသည်။
Image may contain: one or more people and indoor
Ref ; 7Day
<zawgyi>
Covid-19 လူနာအမှတ်(၈)နှင့်အတူ ပြင်သစ်ခရီးသွားအဖွဲ့ မြို့ခုနစ်မြို့ကို လည်ပတ်ခဲ့
Saturday, March 28, 2020

ရန်ကုန်- မြန်မာနိုင်ငံ၏ COVID-19 လူနာအမှတ်(၈) ဧည့် လမ်းညွှန်အမျိုးသမီးသည် ပြင် သစ်ခရီးသွားများနှင့်အတူ ပုဂံ ရှေးဟောင်းမြို့တော်သို့ လာ ရောက်ခဲ့၍ ၎င်းတို့ လည်ပတ် သွားရောက်ခဲ့သည့် နေရာများကို စစ်ဆေးမှုများပြုလုပ်နေသည်။
လူနာအမှတ်(၈) ဧည့်လမ်း ညွှန်အမျိုးသမီးသည် ပြင်သစ် ခရီးသွားရှစ်ဦးနှင့်အတူ မတ်လ ၁၄ ရက်တွင် ရန်ကုန်မြို့မှ မန္တ လေးမြို့သို့သွားရောက်ပြီး မန္တ လေးမှတစ်ဆင့် မုံရွာ၊ ထိုမှတစ်ဆင့် ပခုက္ကူမြို့သို့ရောက် ရှိကာ ပုဂံမြို့သို့ မတ်လ ၁၈ရက်တွင် ရောက်ရှိခဲ့ကြောင်း စုံစမ်းသိရသည်။
ထို့နောက် မတ်လ ၁၉ ရက် တွင် ပုပ္ပါးသို့ လည်ပတ်ပြီး ရှမ်း ပြည်နယ်တောင်ပိုင်း ကလောမြို့ သို့ ထွက်ခွာသွားကြောင်း စုံစမ်း သိရသည်။
ထို့အပြင် မတ်လ ၂၂ရက် တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့သည်ဟု ဆိုသည်။
‘‘ပုဂံမှာသူတို့တည်းတဲ့ ဟို တယ်စုံစမ်းသိရပြီ။ စားသောက် ဆိုင်တွေလည်း သွားခဲ့တယ်။ နောက်ပြီး ထန်းရည်ဆိုင်လည်း သွားတဲ့တယ်။ သူတို့လည်ပတ်တဲ့ ကားကိုတော့ ပိုးသတ်ဆေးဖျန်း တာတွေ လုပ်နေပါပြီ’’ ဟု ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သန့်ရှင်းရေးနှင့် လူမှုကူညီရေး အသင်းမှ ဦးကိုကိုက ပြောသည်။
‘‘သူတို့အဖွဲ့က မုံရွာကနေ ပခုက္ကူကို ကားနဲ့လာတယ်။ ပခုက္ကူကနေ စက်လှေနဲ့ ပုဂံကို လာတာ။ အာနန္ဒာဘုရားလည်း လာသွားတယ်’’ဟု ပုဂံဒေသတွင်း ဧည့်လမ်းညွှန် ဦးဇော်ဝင်းချိုက ပြောသည်။
ညောင်မြို့နယ်တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန်ကလည်း ‘‘ဒီမှာလည်း သူတို့သွားတဲ့နေရာကို အုပ်ချုပ် ရေးပိုင်းနဲ့ ကျန်းမာရေးအဖွဲ့ တွေက ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့လည်း လျင်လျင်မြန် မြန်နဲ့ ဆောင်ရွက်နေပါတယ်’’ဟု ပြောသည်။
ထို့အပြင် ယနေ့နံနက် ၁၀ နာရီတွင် အစည်းအဝေးခေါ်ထား ကြောင်း ၎င်းက ပြောသည်။
Ref ; 7Day

0 comments:

Post a Comment