Friday, March 27, 2020

(၇၅)နှစ်မြောက်စိန်ရတုတပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် အရာရှိ၊ စစ်သည် စုစုပေါင်း (၄၃၄၁၆)ဦးအား တပ်မတော်စိန်ရတုနှစ်တံဆိပ် ချီးမြှင့်

No photo description available.
မြန်မာ့တပ်မတော်သည် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက်အစဥ်ဆောင်ရွက်ခဲ့ရာ (၇၅) နှစ်တိုင်တိုင်ရှိခဲ့ပြီဖြစ်ပြီး ယနေ့ ၂၀၂၀ပြည့်နှစ်၊ မတ်လ ၂၇ရက်နေ့တွင် (၇၅)နှစ်မြောက်စိန်ရတု တပ်မတော်နေ့သို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

အဆိုပါ(၇၅)နှစ်တိုင်တိုင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးစီးပွားအတွက် ဆောင်ရွက်ခဲ့သော တပ်မတော်၏ ထူးခြားပြောင်မြောက်သည့် စွမ်းဆောင်နိုင်မှုများနှင့် (၇၅)နှစ်မြောက်စိန်ရတု တပ်မတော်နေ့ကို ဂုဏ်ပြုမှတ်တမ်းတင်သောအားဖြင့် တပ်မတော်တွင် စစ်မှုထမ်းသက်(၂၅)နှစ်နှင့်အထက် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ၍တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သော စစ်မှုထမ်းများအား နိုင်ငံတော်သမ္မတရုံး၏ ၅-၃-၂၀၂၀ ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ်၊ ၄၂/၂၀၂၀ ဖြင့်ထုတ်ပြန်ခဲ့သည့် တပ်မတော်စိန်ရတုနှစ်တံဆိပ်ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်ပါ အရည်အချင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသူ အရာရှိ(၁၂၄၉)ဦး၊ စစ်သည် (၄၂၁၆၇)ဦး၊ စုစုပေါင်း (၄၃၄၁၆)ဦးအား နိုင်ငံတော်သမ္မတရုံး၏ ၂၇-၃-၂၀၂၀ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊ ၅၁/ ၂၀၂၀ ဖြင့်တပ်မတော်စိန်ရတုနှစ်တံဆိပ်အား ချီးမြှင့်အပ်နှင်းလိုက်ခြင်းဖြစ်​သည်။
Image may contain: text
No photo description available.
No photo description available.
No photo description available.
No photo description available.
Source- မြဝတီနေ့စဉ်သတင်းစာ #Myanmar_Online_News

>>zawgyi<<
(၇၅)နှစ်မြောက်စိန်ရတုတပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် အရာရှိ၊ စစ်သည် စုစုပေါင်း (၄၃၄၁၆)ဦးအား တပ်မတော်စိန်ရတုနှစ်တံဆိပ် ချီးမြှင့်
Friday, March 27, 2020

မြန်မာ့တပ်မတော်သည် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက်အစဉ်ဆောင်ရွက်ခဲ့ရာ (၇၅) နှစ်တိုင်တိုင်ရှိခဲ့ပြီဖြစ်ပြီး ယနေ့ ၂၀၂၀ပြည့်နှစ်၊ မတ်လ ၂၇ရက်နေ့တွင် (၇၅)နှစ်မြောက်စိန်ရတု တပ်မတော်နေ့သို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။
အဆိုပါ(၇၅)နှစ်တိုင်တိုင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးစီးပွားအတွက် ဆောင်ရွက်ခဲ့သော တပ်မတော်၏ ထူးခြားပြောင်မြောက်သည့် စွမ်းဆောင်နိုင်မှုများနှင့် (၇၅)နှစ်မြောက်စိန်ရတု တပ်မတော်နေ့ကို ဂုဏ်ပြုမှတ်တမ်းတင်သောအားဖြင့် တပ်မတော်တွင် စစ်မှုထမ်းသက်(၂၅)နှစ်နှင့်အထက် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ၍တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သော စစ်မှုထမ်းများအား နိုင်ငံတော်သမ္မတရုံး၏ ၅-၃-၂၀၂၀ ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ်၊ ၄၂/၂၀၂၀ ဖြင့်ထုတ်ပြန်ခဲ့သည့် တပ်မတော်စိန်ရတုနှစ်တံဆိပ်ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်ပါ အရည်အချင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသူ အရာရှိ(၁၂၄၉)ဦး၊ စစ်သည် (၄၂၁၆၇)ဦး၊ စုစုပေါင်း (၄၃၄၁၆)ဦးအား နိုင်ငံတော်သမ္မတရုံး၏ ၂၇-၃-၂၀၂၀ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊ ၅၁/ ၂၀၂၀ ဖြင့်တပ်မတော်စိန်ရတုနှစ်တံဆိပ်အား ချီးမြှင့်အပ်နှင်းလိုက်ခြင်းဖြစ်သည်။
Source- မြဝတီနေ့စဉ်သတင်းစာ #Myanmar_Online_News

0 comments:

Post a Comment