Saturday, March 28, 2020

ဒေသန္တရထုတ်ပြန်ထားတဲ့ညွှန်ကြားချက်အမိန့်တွေကို လိုက်နာမှုမရှိတဲ့အတွက် စတင်အရေးယူ

No photo description available.
စစ်ကိုင်းတိုင်း တမူးခရိုင်၊တမူးမြို့နယ်၊ ခမိတ်ကျေးရွာအုပ်စု၊ ခွန်မွန်းနွန် ကျေးရွာနေအဘ-ဦးကျွမ်လွန်း(ခ)ဝင်ကျော်၏ သား မောင်ထန်လင်းရှိန် အသက်(၃၅)နှစ်သည် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ၁၇.၃.၂၀၂၀ ရက်နေ့တွင် ပြန်လာခဲ့ရာ၂၁.၃.၂၀၂၀ ရက် နေ့တွင် ခွန်မွန်းနွန်ကျေးရွာသို့ပြန်လည်ရောက်ရှိနေထိုင်ခဲ့ပြီး တမူးမြို့၊မြို့မ(၁၃)ရပ်ကွက်နေ မဖိုင်နိတ်လမ်း(ခ)လာလမ်း(၃၂)နှစ်နှင့်မတ်လ(၂၈)ရက်နေ့ နံနက်(၇)နာရီမှ မွန်းတည့်(၁၂)နာရီအချိန်ထိ ခွန်မွန်းနွန်ကျေး ရွာ နေအိမ်တွင်လူစုလူဝေးဖြင့် မင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ လူ(၁၀၀)ဦးခန့် တက်ရောက်ခဲ့သည်။

အဆိုပါ မင်္ဂလာပွဲအခမ်းအနားသည် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါCOVID-19 ကူးစက်ရောဂါပြန့်ပွားမှု မရှိစေရေးအတွက် ညွှန်ကြားချက်များ၊ ဒေသန္တရအမိန့်များ၊ တည်ဆဲဥပဒေများအား သိရှိလိုက်နာဆောင်ရွက်ရန် နှင့် မင်္ဂလာပွဲအား ရက်ရွှေ့ဆိုင်းကျင်းပရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များမှ စာဖြင့်လည်းကောင်း၊နုတ်ဖြင့်လည်းကောင်း ကြပ်မတ်တားမြစ်ဆောင်ရွက်ခဲ့သော်လည်း လိုက်နာခြင်းမရှိပဲ မင်္ဂလာပွဲအား လူစုလူဝေးဖြင့် ကျင်းပပြုလုပ်ခဲ့ သည့်အတွက် ၂၀၂၀ခုနှစ်၊ မတ်လ(၂၈)ရက်နေ့တွင် ဖောက်ဖျ က်ကျူးလွန်သူမောင်ထန်လင်းရှိန်(ခ)လင်းရှိန်အား(ပ)၄၇/၂၀၂၀၊၂၀၁၃ခုနှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၃၀-က)အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

Source- Min Naing Win #Myanmar_Online_News

>>zawgyi<<
ဒေသန္တရထုတ်ပြန်ထားတဲ့ညွှန်ကြားချက်အမိန့်တွေကို လိုက်နာမှုမရှိတဲ့အတွက် စတင်အရေးယူ
Sunday, March 29, 2020

စစ်ကိုင်းတိုင်း တမူးခရိုင်၊တမူးမြို့နယ်၊ ခမိတ်ကျေးရွာအုပ်စု၊ ခွန်မွန်းနွန် ကျေးရွာနေ
အဘ-ဦးကျွမ်လွန်း(ခ)ဝင်ကျော်၏ သား မောင်ထန်လင်းရှိန် အသက်(၃၅)နှစ်သည် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ၁၇.၃.၂၀၂၀ ရက်နေ့တွင် ပြန်လာခဲ့ရာ၂၁.၃.၂၀၂၀ ရက် နေ့တွင် ခွန်မွန်းနွန်ကျေးရွာသို့
ပြန်လည်ရောက်ရှိနေထိုင်ခဲ့ပြီး တမူးမြို့၊မြို့မ(၁၃)ရပ်ကွက်နေ မဖိုင်နိတ်လမ်း(ခ)လာလမ်း(၃၂)နှစ်နှင့်
မတ်လ(၂၈)ရက်နေ့ နံနက်(၇)နာရီမှ မွန်းတည့်(၁၂)နာရီအချိန်ထိ ခွန်မွန်းနွန်ကျေး ရွာ နေအိမ်တွင်
လူစုလူဝေးဖြင့် မင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ လူ(၁၀၀)ဦးခန့် တက်ရောက်ခဲ့သည်။

အဆိုပါ မင်္ဂလာပွဲအခမ်းအနားသည် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါCOVID-19 ကူးစက်ရောဂါပြန့်ပွားမှု မရှိစေရေးအတွက် ညွှန်ကြားချက်များ၊ ဒေသန္တရအမိန့်များ၊ တည်ဆဲဥပဒေများအား သိရှိလိုက်နာဆောင်ရွက်ရန် နှင့် မင်္ဂလာပွဲအား ရက်ရွှေ့ဆိုင်းကျင်းပရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များမှ စာဖြင့်လည်းကောင်း၊
နုတ်ဖြင့်လည်းကောင်း ကြပ်မတ်တားမြစ်ဆောင်ရွက်ခဲ့သော်လည်း လိုက်နာခြင်းမရှိပဲ မင်္ဂလာပွဲအား လူစုလူဝေးဖြင့် ကျင်းပပြုလုပ်ခဲ့ သည့်အတွက် ၂၀၂၀ခုနှစ်၊ မတ်လ(၂၈)ရက်နေ့တွင် ဖောက်ဖျ က်ကျူးလွန်သူ
မောင်ထန်လင်းရှိန်(ခ)လင်းရှိန်အား(ပ)၄၇/၂၀၂၀၊၂၀၁၃ခုနှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၃၀-က)အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
Source- Min Naing Win #Myanmar_Online_News

0 comments:

Post a Comment