Friday, March 27, 2020

ဓမ္မရံသီမိုးကုတ် ရိပ်သာကျောင်းတွင် ကိုရီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများအား Quarantine (၁၄) ရက် စောင့်ကြည့်

Image may contain: one or more people and outdoor

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး တိုးဂိတ်အနီးရှိ ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်သို့ ကိုရီးယားနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား Quarantine(၁၄)ရက် စောင့်ကြည့်ရန် မတ် ၂၇ ရက် နံနက်က ပို့ဆောင်ထားရှိကြောင်း သိရသည်။

အဆိုပါ ကိုးရီးယားနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည်ရောက်ရှိလာသော ကျား(၉၀)ဦး၊ မ(၃)ဦး၊ ကိုရီးယားနိုင်ငံသား ကျား(၂)ဦး၊ စုစုပေါင်း(၉၅)ဦး တို့အား Coronavirus Disease 2019( COVID -19) ကာကွယ်စောင့်ရှောက်ထိန်းသိမ်းရန်နှင့် ကျန်းမာရေးအခြေအနေအား Quarantine(၁၄)ရက် စောင့်ကြည့်ရန် စုစုပေါင်း(၉၅)ဦးအား ရန်ကုန်လေဆိပ်မှ အဆိုပါကျောင်းတိုက်သို့ အသီးသီးပို့ဆောင်ခဲ့ရာ ဓမ္မရံသီမိုးကုတ်ရိပ်သာ ကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္တသုနန္ဒမှ လက်ခံ၍ ကျောင်းတိုက်ရှိ ဓမ္မစာရီယောဂီ ကျောင်းဆောင်-၂၊ (၄)ထပ် ဆောင်တွင်ထားရှိပြီး ကျန်းမာရေးအခြေအနေအား စောင့်ကြည့်ပေးရန် လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်ဆွေနှင့် ကျန်းမာရေးဝန်ထမ်းများမှ စောင့်ကြည့်ပေးလျှက်ရှိကြောင်း သိရသည်။
Image may contain: outdoor
Source- နိုင်လင်း #Myanmar_Online_News

>>zawgyi<<

0 comments:

Post a Comment