ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မတ် ၂၂ ရက် နံနက် ၉နာရီခွဲခန့်တွင် ကုလားတန်မြစ်ကြောင်း အတိုင်း မာလာကျေးရွာဘက်မှ ဒတ်ဖြူ ကျေးရွာဘက်သို့ မောင်းနှင် လာသော မသင်္ကာဖွယ် စက်လှေတစ်စင်းကို တွေ့ရှိရ သဖြင့် စစ်ဆေးရန် သွားရောက်ခဲ့ရာ စက် လှေသည် အနောက်သို့ မောင်းနှင် ထွက်ပြေး သွားခဲ့ပြီး ရပ်တန့်ရန်ပြောဆိုခဲ့သော်လည ်း ဆက်လက်မောင်းနှင် ထွက်ပြေး သွားသော ကြောင့် လက်နက်ငယ်ဖြင့် ခြောက်လှန့် ပစ်ခတ်ခဲ့ရာ တင်းမကျေးရွာ၏ တောင်ဘက် မီတာ ၅၀၀၀ ခန့်အကွာ၌ ရပ်တန့်သွားခဲ့သည်။ အဆိုပါစက်လှေအား စစ်ဆေးစဉ် ဦးမဲတုတ်ရှည် (ဘ) ဦးမောင်ဖြူ၊ ဦးသန်းထွန်း မောင်(ဘ)ဦးမဲတုတ်ရှည်၊ ဦးသန်းရွှေမောင် (ဘ)ဦးလှစံမောင်နှင့် ဒေါ်မရှည်(ဘ)ဦးစိုး လှမောင်တို့လေးဦးအား မသင်္ကာဖွယ် အရက် ၅ ဂါလန်ဆံ့ ၁၃ ပုံး၊ ဒီဇယ် ၅ ဂါလန်ဆံ့ တစ်ပုံး၊ ထင်း ၅ ပေခန့် ၁၂၀ချောင်း၊ ဆား ၁၀ ပိဿာ ခန့်တို့ နှင့်အတူ ထိန်းသိမ်း ရမိခဲ့သည်။
ထိန်းသိမ်း ရမိသူများအား ကျောက်တော် မြို့ရှိ နယ်မြေခံတပ်သို့ မတ် ၂၄ ရက်တွင် ပို့ဆောင်၍ အသေးစိတ် စစ်ဆေးခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူများ သည် ကျောက်တော်မြို့နယ်၊ မာလာကျေးရွာ (ရခိုင်)နှင့် မာလာ ကျေးရွာ(မြို)၊ ဒတ်ဖြူ ကျေးရွာများသို့ ၂၀၁၉ ခုနှစ်၊ အောက်တို ဘာလနှင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ လတို့ တွင် လာရောက် ခဲ့ပြီး ကျေးရွာသူ၊ ကျေးရွာ သားများအား စုစည်း၍ အစည်းအဝေး ပြုလုပ်ကာ ဆက် ကြေးငွေများနှင့် ရိက္ခာများ ပေးဆောင်ရန် ပြောကြားပြီး ဦးသန်း ရွှေမောင်အား ၎င်းဆက်ကြေးငွေနှင့် ရိက္ခာများကို စုစည်း ပို့ဆောင်ရန်နှင့် AA အကြမ်း ဖက်သောင်းကျန်းသူများ လိုအပ်သည့် စားနပ် ရိက္ခာ များကိုပါ ပို့ဆောင်ရန် စေခိုင်းခဲ့ ကြောင်း၊ ထို့ကြောင့် AA အကြမ်းဖက် သောင်းကျန်းသူများထံသို့ လိုအပ်သည့် ရိက္ခာ နှင့် ပစ္စည်းများ ပို့ဆောင်စဉ် ယခုကဲ့သို့ ဖမ်းဆီး ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
အထက္ပါ AA အကြမ်းဖက်သောင်း ကျန်းသူများနှင့် ပတ်သက်ဆက်နွှယ်သူ ဦးသန်းရွှေမောင်နှင့် မသင်္ကာဖွယ်သူ သုံးဦးကို အသေးစိတ် ထပ်မံစစ်ဆေးရန် ထိန်းသိမ်း ထားစဉ် ဦးသန်းရွှေမောင်သည် မတ် ၂၈ ရက် နံနက် ၂ နာရီခွဲခန့်တွင် အဆောက်အအုံ နံရံအား မိမိကိုယ်မိမိ ဦးခေါင်းနောက် စေ့ဖြင့် ၁၅ ချက်ခန့်ဆောင့်ခဲ့ပြီး နံနက် ၆ နာရီခွဲခန့်တွင် ရုတ်တရက် အသက်ရှူသံပြင်းကာ ရုန်းကန်နေသဖြင့် နယ်မြေခံဆေး တပ်မှ ဆေး မှူးနှင့် တာဝန်ရှိသူများက လိုအပ်သော ဆေးကုသမှုများ ဆောင်ရွက်ပေးစဉ် ရုတ်တရက် နှလုံးရပ်တန့်၍ သေဆုံးသွား ခဲ့ကြောင်းနှင့် သောင်းကျန်းသူများနှင့် ပတ်သက် ဆက်နွှယ်သူနှင့် မသင်္ကာဖွယ်သူများကို လုပ် ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင် း သိရှိရသည်။
အဆိုပါ ကုလားတန်မြစ်ကြောင်းတစ် လျှောက်ရှိ တင်းမ၊ မီးဝ၊ နှမဒါ စသည့် ကျေးရွာများသည် AA အ ကြမ်းဖက် သောင်း ကျန်းသူများ၏ အမာခံကျေးရွာများဖြစ်ပြီး ၎င်းတို့အဖွဲ့များ အများဆုံး လှုပ်ရှားသွား လာသည့် ဒေသတစ်ခု ဖြစ်ကြောင်းနှင့် တပ်မတော်စစ်ကြောင်းများနှင့ ်လည်း မကြာခဏ တိုက်ပွဲများဖြစ်ပွားသည့် နေရာဒေသ တစ်ခု ဖြစ်သည့် အပြင် ကုလားတန်မြစ်ကြောင်း အတိုင်းသွားလာသည့် တပ်မတော်မှ ရေယာဉ်များနှင့် အရပ်ဘက် ရေယာဉ် များကို လည်း မကြာခဏ နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်သည့် နေရာဒေသတစ်ခုဖြစ်သည်။
ထို့ပြင် ၎င်းတို့ ကောက်ခံထားသည့် ဆက်ကြေးငွေနှင့် ရိက္ခာ ပစ္စည်းများကို ပို့ဆောင်လျက်ရှိသည့် လမ်း ကြောင်း တစ်ခုဖြစ်ပြီး ဖေဖော်ဝါရီလ ၂၆ ရက်တွင် အရက်ပုံးများ၊ ဆန်အိတ်များနှင့် ဆေးပစ္စည်းများ သယ်ဆောင်လာသည့် စက်လှေ တစ်စင်းကိုလည်း ဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
<zawgyi>
AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ ထံသို့ ရိက္ခာ ပို့ဆောင်သည့် စက်လှေတစ်စင်း ဖမ်းဆီးရမိ
Monday, March 30, 2020
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မတ် ၂၂ ရက် နံနက် ၉နာရီခွဲခန့်တွင် ကုလားတန်မြစ်ကြောင်း အတိုင်း မာလာကျေးရွာဘက်မှ ဒတ်ဖြူ ကျေးရွာဘက်သို့ မောင်းနှင် လာသော မသင်္ကာဖွယ် စက်လှေတစ်စင်းကို တွေ့ရှိရ သဖြင့် စစ်ဆေးရန် သွားရောက်ခဲ့ရာ စက် လှေသည် အနောက်သို့ မောင်းနှင် ထွက်ပြေး သွားခဲ့ပြီး ရပ်တန့်ရန်ပြောဆိုခဲ့သော်လည ်း ဆက်လက်မောင်းနှင် ထွက်ပြေး သွားသော ကြောင့် လက်နက်ငယ်ဖြင့် ခြောက်လှန့် ပစ်ခတ်ခဲ့ရာ တင်းမကျေးရွာ၏ တောင်ဘက် မီတာ ၅၀၀၀ ခန့်အကွာ၌ ရပ်တန့်သွားခဲ့သည်။ အဆိုပါစက်လှေအား စစ်ဆေးစဉ် ဦးမဲတုတ်ရှည် (ဘ) ဦးမောင်ဖြူ၊ ဦးသန်းထွန်း မောင်(ဘ)ဦးမဲတုတ်ရှည်၊ ဦးသန်းရွှေမောင် (ဘ)ဦးလှစံမောင်နှင့် ဒေါ်မရှည်(ဘ)ဦးစိုး လှမောင်တို့လေးဦးအား မသင်္ကာဖွယ် အရက် ၅ ဂါလန်ဆံ့ ၁၃ ပုံး၊ ဒီဇယ် ၅ ဂါလန်ဆံ့ တစ်ပုံး၊ ထင်း ၅ ပေခန့် ၁၂၀ချောင်း၊ ဆား ၁၀ ပိဿာ ခန့်တို့ နှင့်အတူ ထိန်းသိမ်း ရမိခဲ့သည်။
ထိန်းသိမ်း ရမိသူများအား ကျောက်တော် မြို့ရှိ နယ်မြေခံတပ်သို့ မတ် ၂၄ ရက်တွင် ပို့ဆောင်၍ အသေးစိတ် စစ်ဆေးခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူများ သည် ကျောက်တော်မြို့နယ်၊ မာလာကျေးရွာ (ရခိုင်)နှင့် မာလာ ကျေးရွာ(မြို)၊ ဒတ်ဖြူ ကျေးရွာများသို့ ၂၀၁၉ ခုနှစ်၊ အောက်တို ဘာလနှင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ လတို့ တွင် လာရောက် ခဲ့ပြီး ကျေးရွာသူ၊ ကျေးရွာ သားများအား စုစည်း၍ အစည်းအဝေး ပြုလုပ်ကာ ဆက် ကြေးငွေများနှင့် ရိက္ခာများ ပေးဆောင်ရန် ပြောကြားပြီး ဦးသန်း ရွှေမောင်အား ၎င်းဆက်ကြေးငွေနှင့် ရိက္ခာများကို စုစည်း ပို့ဆောင်ရန်နှင့် AA အကြမ်း ဖက်သောင်းကျန်းသူများ လိုအပ်သည့် စားနပ် ရိက္ခာ များကိုပါ ပို့ဆောင်ရန် စေခိုင်းခဲ့ ကြောင်း၊ ထို့ကြောင့် AA အကြမ်းဖက် သောင်းကျန်းသူများထံသို့ လိုအပ်သည့် ရိက္ခာ နှင့် ပစ္စည်းများ ပို့ဆောင်စဉ် ယခုကဲ့သို့ ဖမ်းဆီး ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
အထက္ပါ AA အကြမ်းဖက်သောင်း ကျန်းသူများနှင့် ပတ်သက်ဆက်နွှယ်သူ ဦးသန်းရွှေမောင်နှင့် မသင်္ကာဖွယ်သူ သုံးဦးကို အသေးစိတ် ထပ်မံစစ်ဆေးရန် ထိန်းသိမ်း ထားစဉ် ဦးသန်းရွှေမောင်သည် မတ် ၂၈ ရက် နံနက် ၂ နာရီခွဲခန့်တွင် အဆောက်အအုံ နံရံအား မိမိကိုယ်မိမိ ဦးခေါင်းနောက် စေ့ဖြင့် ၁၅ ချက်ခန့်ဆောင့်ခဲ့ပြီး နံနက် ၆ နာရီခွဲခန့်တွင် ရုတ်တရက် အသက်ရှူသံပြင်းကာ ရုန်းကန်နေသဖြင့် နယ်မြေခံဆေး တပ်မှ ဆေး မှူးနှင့် တာဝန်ရှိသူများက လိုအပ်သော ဆေးကုသမှုများ ဆောင်ရွက်ပေးစဉ် ရုတ်တရက် နှလုံးရပ်တန့်၍ သေဆုံးသွား ခဲ့ကြောင်းနှင့် သောင်းကျန်းသူများနှင့် ပတ်သက် ဆက်နွှယ်သူနှင့် မသင်္ကာဖွယ်သူများကို လုပ် ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကုလားတန်မြစ်ကြောင်းတစ် လျှောက်ရှိ တင်းမ၊ မီးဝ၊ နှမဒါ စသည့် ကျေးရွာများသည် AA အ ကြမ်းဖက် သောင်း ကျန်းသူများ၏ အမာခံကျေးရွာများဖြစ်ပြီး ၎င်းတို့အဖွဲ့များ အများဆုံး လှုပ်ရှားသွား လာသည့် ဒေသတစ်ခု ဖြစ်ကြောင်းနှင့် တပ်မတော်စစ်ကြောင်းများနှင့ ်လည်း မကြာခဏ တိုက်ပွဲများဖြစ်ပွားသည့် နေရာဒေသ တစ်ခု ဖြစ်သည့် အပြင် ကုလားတန်မြစ်ကြောင်း အတိုင်းသွားလာသည့် တပ်မတော်မှ ရေယာဉ်များနှင့် အရပ်ဘက် ရေယာဉ် များကို လည်း မကြာခဏ နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်သည့် နေရာဒေသတစ်ခုဖြစ်သည်။
ထို့ပြင် ၎င်းတို့ ကောက်ခံထားသည့် ဆက်ကြေးငွေနှင့် ရိက္ခာ ပစ္စည်းများကို ပို့ဆောင်လျက်ရှိသည့် လမ်း ကြောင်း တစ်ခုဖြစ်ပြီး ဖေဖော်ဝါရီလ ၂၆ ရက်တွင် အရက်ပုံးများ၊ ဆန်အိတ်များနှင့် ဆေးပစ္စည်းများ သယ်ဆောင်လာသည့် စက်လှေ တစ်စင်းကိုလည်း ဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
0 comments:
Post a Comment