Tuesday, March 31, 2020

ပဲခူးတိုင်း အုတ်တွင်းမြို့တွင် လောက်ကိုင်မှပြန်လာသော စောင့်ကြည့်လူနာတစ်ဦး သေဆုံး

Image may contain: 1 person, sitting

ယနေ့ မတ်လ(၃၁)ရက်၊ မနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ဘိုကုန်း အ.ထ.က ကျောင်းမှာ COVID-19 စောင့်ကြည့်ခံနေရသော လူနာတစ်ယောက် သေဆုံးသွားခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာအေးငြိမ်းက ပြောကြားခဲ့သည်။

အဆိုပါ အသက်(၃၂)အရွယ် စောင့်ကြည့်လူနာအမျိုးသားဟာ လောက်ကိုင်ဒေသက ပြန်လာသူဖြစ်ပြီး ရုတ်တရက် သေဆုံးသွားတာဖြစ်သည်။
လက်ရှိတွင် သေဆုံးလူနာအား ရင်ခွဲစစ်ဆေးခဲ့တဲ့အခါ အဆုပ်မှာ ဆေးလိပ်ချေးကပ်နေတာ၊ နှလုံးကြီးနေတာကို စစ်ဆေးတွေ့ရှိရပြီး COVID-19 ရောဂါလက္ခဏာမတွေ့ရှိရကြောင်း ပြောကြားခဲ့သည်။
"မနက်မှာ ကောက်ခါငင်ခါနဲ့ ဆုံးသွားတယ်ဆိုပြီးတော့ သိရတယ်။ သူဟာ ဖျားနာတာရှိရင်တော့ ကိုဗစ်သံသယ လူနာစာရင်းထဲထည့်ရမှာပေါ့။ အခုမှတ်တမ်းမှတ်ရာအရ ဖျားတာ၊ နာတာလုံးဝမရှိဘူး။ အကောင်းကြီးကနေ ဆုံးသွားတော့ နိုင်ငံခြားကပြန်လာတာမဟုတ်သလို ဖျားတာ၊ နာတာမရှိတော့ ကိုဗစ်သံသယလူနာလို့ မသတ်မှတ် ပါဘူး။”လို့ ဒေါက်တာအေးငြိမ်းက ပြောသည်။
သို့သော် ပြည်သူလူထုစိုးရိမ်ကြမှာဖြစ်လို့ သေဆုံးသူရဲ့ အစာအိမ်အရည်ကိုယူပြီး ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေး ထားကြောင်းသိရသည်။
အဆိုပါအမျိုးသားဟာ အုတ်တွင်းမြို့နယ်၊ ရွှေလောင်းကျေးရွာအုပ်စု၊ ကုန်းတန်းရွာနေသူဖြစ်ပြီးတော့ ဇနီးဖြစ် သူနဲ့အတူ မတ်လ(၂၈)ရက်နေ့က လောက်ကိုင်ကနေ ပြန်ရောက်လာသူ ဖြစ်ပြီး လက်ရှိအချိန်တွင် ာ့ သေဆုံးသူနဲ့ အတူတစ်ခန်းထဲနေတဲ့(၃)ယောက်ကိုလည်း စောင့်ကြည့်တာ၊ ပိုးသတ်ဆေး ဖျန်းတာ တွေလုပ်နေပြီး ဖျားနာလဏ္ခာတွေပေါ်လာရင်တော့ နီးစပ်ရာဆေးရုံကို ပို့ဆောင်သွားမယ်လို့ သိရသည်။
Image may contain: people standing and outdoor
Crd : O Media
>>Zawgyi<<

0 comments:

Post a Comment