Friday, March 27, 2020

ဝန်ကြီးချုပ်အပြင် ဗြိတိန် ကျန်းမာရေးဝန်ကြီးပါ Covid-19ရောဂါ ဖြစ်ပွားစေနိုင်တဲ့ Sars-Cov-2 ဗိုင်းရပ်စ် ကူးစက်ခံရ


Image may contain: 1 person, standing and suit
ဗြိတိန်အစိုးရရဲ့ ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့ခ်ဟာ Covid-19ရောဂါ ဖြစ်ပွားစေနိုင်တဲ့ Sars-Cov-2 ဗိုင်းရပ်စ် စွဲကပ်နေကြောင်း လန်ဒန်မြို့၊ ဒေါင်းနင်းလမ်းမှာရှိတဲ့ ဝန်ကြီးချုပ် အိမ်တော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်မှာ ဗိုင်းရပ်စ် ကူးစက်ခံနေရပြီလို့ တရားဝင် ကြေညာပြီး တစ်နာရီအတွင်းမှာပဲ ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဟန်းကော့ခ်ဟာ ဗြိတိန်မှာ Covid-19 အဆုတ်ရောင်ရောဂါ ကူးစက်မှုတွေကို စွမ်းစွမ်းတမံ ကြိုးစား ဟန့်တားနေတဲ့ လုပ်ငန်းစဉ်တွေမှာ ကျန်းမာရေး ပညာရှင်တွေကို အဓိက ဦးဆောင်မှု ပေးနေသူ ဖြစ်ပါတယ်။ ဟန်းကော့ခ်လည်း ဝန်ကြီးချုပ် ဂျွန်ဆန်လိုပဲ ရောဂါ လက္ခဏာ အပျော့စားလောက်ပဲ ပြသတယ်လို့လည်း ဆိုပါတယ်။

အသက် ၄၁ နှစ် ရှိပြီဖြစ်တဲ့ ဟန်းကော့ခ်က လာမယ့် သီတင်းပတ်၊ ကြာသပတေးနေ့ထိ တစ်ဦးတည်း သီးသန့်ခွဲခြား နေထိုင်သွားမှာဖြစ်ကြောင်း၊ အဲဒီနောက်ပိုင်းမှာတော့ ပုံမှန် ရုံးပြန်တက်နိုင်ဖို့ မျှော်လင့်ကြောင်း ဗီဒီယို Message တစ်ခုကနေ ပြည်သူတွေကို အသိပေး ပြောကြားခဲ့ပါတယ်။

ကံကောင်းထောက်မစွာပဲ သူ့ရဲ့ ရောဂါ လက္ခဏာတွေက လုံးဝ မပြင်းထန်ကြောင်း၊ ဒါကြောင့်လည်း သီးသန့်ခွဲခြား နေထိုင်ရင်းနဲ့ ဗြိတိန်ရဲ့ ရောဂါတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေမှာ ရှေ့ဆက် ပူးပေါင်း အလုပ်လုပ်နေနိုင်မှာဖြစ်ကြောင်း ဟန်းကော့ခ်က ဆိုပါတယ်။

နောက်တစ်ပတ်လောက် ဆိုရင်တော့ သူဟာ သီးသန့်ခွဲခြား နေထိုင်မှု ကာလကနေ လွန်မြောက်မှာဖြစ်ကြောင်း၊ အဲဒီကျရင် ရောဂါအခြေအနေ ပိုဆိုးလာတာမျိုး မဖြစ်ဘဲ ရုံးပြန်တက်ပြီး ရာနှုန်းပြည့် အလုပ်လုပ်နိုင်ဖို့ ယုံကြည် မျှော်လင့်ထားကြောင်းလည်း ဝန်ကြီးက ဖွင့်ဟခဲ့ပါတယ်။

ဗြိတိန်နိုင်ငံမှာ Sars-Cov-2 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၁၆၆၀ ထိရှိနေပြီး လူပေါင်း ၅၇၈ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
Source-7daytv #Myanmar_Online_News

>>zawgyi<<

ဝန်ကြီးချုပ်အပြင် ဗြိတိန် ကျန်းမာရေးဝန်ကြီးပါ Covid-19ရောဂါ ဖြစ်ပွားစေနိုင်တဲ့ Sars-Cov-2 ဗိုင်းရပ်စ် ကူးစက်ခံရ
Friday, March 27, 2020

ဗြိတိန် အစိုးရရဲ့ ကျန်းမာရေး ဝန်ကြီး မတ်ဟန်းကော့ခ်ဟာ Covid-19ရောဂါ ဖြစ်ပွားစေနိုင်တဲ့ Sars-Cov-2 ဗိုင်းရပ်စ် စွဲကပ်နေကြောင်း လန်ဒန်မြို့၊ ဒေါင်းနင်းလမ်းမှာရှိတဲ့ ဝန်ကြီးချုပ် အိမ်တော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်မှာ ဗိုင်းရပ်စ် ကူးစက်ခံနေရပြီလို့ တရားဝင် ကြေညာပြီး တစ်နာရီအတွင်းမှာပဲ ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဟန်းကော့ခ်ဟာ ဗြိတိန်မှာ Covid-19 အဆုတ်ရောင်ရောဂါ ကူးစက်မှုတွေကို စွမ်းစွမ်းတမံ ကြိုးစား ဟန့်တားနေတဲ့ လုပ်ငန်းစဉ်တွေမှာ ကျန်းမာရေး ပညာရှင်တွေကို အဓိက ဦးဆောင်မှု ပေးနေသူ ဖြစ်ပါတယ်။ ဟန်းကော့ခ်လည်း ဝန်ကြီးချုပ် ဂျွန်ဆန်လိုပဲ ရောဂါ လက္ခဏာ အပျော့စားလောက်ပဲ ပြသတယ်လို့လည်း ဆိုပါတယ်။

အသက် ၄၁ နှစ် ရှိပြီဖြစ်တဲ့ ဟန်းကော့ခ်က လာမယ့် သီတင်းပတ်၊ ကြာသပတေးနေ့ထိ တစ်ဦးတည်း သီးသန့်ခွဲခြား နေထိုင်သွားမှာဖြစ်ကြောင်း၊ အဲဒီနောက်ပိုင်းမှာတော့ ပုံမှန် ရုံးပြန်တက်နိုင်ဖို့ မျှော်လင့်ကြောင်း ဗီဒီယို Message တစ်ခုကနေ ပြည်သူတွေကို အသိပေး ပြောကြားခဲ့ပါတယ်။

ကံကောင်းထောက်မစွာပဲ သူ့ရဲ့ ရောဂါ လက္ခဏာတွေက လုံးဝ မပြင်းထန်ကြောင်း၊ ဒါကြောင့်လည်း သီးသန့်ခွဲခြား နေထိုင်ရင်းနဲ့ ဗြိတိန်ရဲ့ ရောဂါတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေမှာ ရှေ့ဆက် ပူးပေါင်း အလုပ်လုပ်နေနိုင်မှာဖြစ်ကြောင်း ဟန်းကော့ခ်က ဆိုပါတယ်။

နောက်တစ်ပတ်လောက် ဆိုရင်တော့ သူဟာ သီးသန့်ခွဲခြား နေထိုင်မှု ကာလကနေ လွန်မြောက်မှာဖြစ်ကြောင်း၊ အဲဒီကျရင် ရောဂါအခြေအနေ ပိုဆိုးလာတာမျိုး မဖြစ်ဘဲ ရုံးပြန်တက်ပြီး ရာနှုန်းပြည့် အလုပ်လုပ်နိုင်ဖို့ ယုံကြည် မျှော်လင့်ထားကြောင်းလည်း ဝန်ကြီးက ဖွင့်ဟခဲ့ပါတယ်။

ဗြိတိန်နိုင်ငံမှာ Sars-Cov-2 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၁၆၆၀ ထိရှိနေပြီး လူပေါင်း ၅၇၈ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
Source-7daytv #Myanmar_Online_News

0 comments:

Post a Comment