Monday, March 30, 2020

Covid-19 ဗိုင်းရပ်စ် အရေးတော်ပုံကို တာဝန်သိပြည်သူတစ်ဦး ရေးပို့လာတဲ့ စာ



သနားစရာအကြောင်း(လုံးဝ)မရှိတော့တဲ့အခြေနေရောက်ခဲ့ပြီ။ အခုဖြစ်နေကြတဲ့ကိစ္စမှာမြန်မာပြည်ကပညာ တတ်နည်းတာမနည်းတာ၊ဆင်းရဲကြတာတွေနဲ့မဆိုင်ကြတော့ဘူး၊ တစောက်ကန်းတယူသန်တွေများနေတယ်ဆိုတာတဖြည်းဖြည်းနဲ့ဇာတိတွေပေါ်လာတဲ့အချိန်ရောက်လာပြီ။ ပညာတတ်တွေဘယ်လောက်နည်းတယ်ပြောပြော ဈေးထဲကကုန်စိမ်းရောင်းတဲ့သူ၊ဆိုက်ကားနင်းသူ၊ ကွမ်းယာရောင်းသူကအစ လက်ထဲမှာဖုန်းကိုယ်စီရှိနေကြပြီ။ Facebook နဲ့လည်းမစိမ်းကြတော့ဘူး။ Facebook ထဲဝင်ဆဲတာလောက်တော့ရေးတတ်ကြတဲ့သူတွေကြားမှာ တစ်ကမ္ဘာလုံးဖြစ်နေတဲ့ကပ်ရောဂါနဲ့ပတ်သတ်တဲ့သတင်း၊ အသိပညာပေးနဲ့ကျန်းမာရေးသတိပေးချက်ဗဟုသုတတွေကို လုံးဝကိုမမြင်၊ မကြားမိတဲ့သူ၊ နားမလည်တဲ့သူဆိုတာ မရှိသလောက်ဖြစ်နေကြပြီ။ 
ဒါပေမယ့်... တစ်ကမ္ဘာလုံးဖြစ်နေတဲ့ကပ်ရောဂါကြောင့်ကိုယ့်မြေကိုယ့်ရေကိုယ့်မိသားထံပြန်လာတဲ့ပြည်တော်ပြန်ဆိုသူပုဂ္ဂိုလ်များအားသည်မြန်မာနိုင်ငံထက်မျက်စိနားအမြင်ပိုကျယ်သောနိုင်ငံတွေကပြန်လာကြသူတွေဖြစ်ပါလျက်နှင့်တစ်သက်လုံးမသေမချင်းအတူနေရမည့်မိသားစုအတွက်၊မိမိချစ်သောဆွေမျိုး သားချင်းသူငယ်ချင်းများအတွက်(၁၄)ရက်တာဆိုသောကာလကလေးကိုခေါင်းမာမာနှင့်လက်မခံချင်ကြ၊ရှောင်တိမ်းနေကြ၊ပုန်းလျှိုးကွယ်လျှိုးလုပ်နေကြသည်မှာပညာတတ်တာမတတ်တာနှင့်လည်းမဆိုင်တော့၊ အစိုးရနှင့် Social network များပေါ်က သတိပေးချက်များကိုမသိသည်လည်းမဟုတ်၊ မသိယောင်ဆောင်နေကြသည်၊ မကြားမိသလိုပြောနေကြသည်များကတော့ လုံးဝကိုယုတ္တိမရှိ၊ ပစ်ပစ်ခါခါငြင်းဆန်ကြသည်၊ပုန်းခိုမှုများလုပ်နေကြသည်မှာ တဇောက်ကန်းတယူသန်စိတ်ဓါတ်နှင့်လုပ်ရပ်များသာဖြစ်သည်။ 

ကိုယ့်အတ္တတစ်ခုက ကိုယ့်မိသားစုနှင့်ကိုယ့်ပါတ်ဝန်းကျင်၊ ကိုယ့်မြို့ရွာ၊ နိုင်ငံကိုစွန်းထင်းစေကြရတော့မည်။ ရိုးသားပွင့်လင်းပါသည်ဟု မှတ်ကျောက်တင်ခဲ့သောမြန်မာနိုင်ငံသားတို့၏ ဂုဏ်ကို COVID-19 Crisis ကပ်ကာလဝယ် တယူသန်တစောက်ကန်း၊ ကိုယ်ထင်ရာစိုင်းတတ်သောလူမျိုးများအဖြစ် သမိုင်းကြောင်းပြောင်းလဲမှတ်ကျောက်တင်ကြရတော့မည့်တစောက်ကန်းပြိုင်ပွဲကာလဟု သတ်မှတ်ရမည်လော။ ပညာပေးကာလပြီးဆုံးသွားခဲ့ပါပြီ။
Ref ; Akonthi
<zawgyi>
Covid-19 ဗိုင်းရပ်စ် အရေးတော်ပုံကို တာဝန်သိပြည်သူတစ်ဦး ရေးပို့လာတဲ့ စာ
Tuesday, March 31, 2020

သနားစရာအကြောင်း(လုံးဝ)မရှိတော့တဲ့အခြေနေရောက်ခဲ့ပြီ။ အခုဖြစ်နေကြတဲ့ကိစ္စမှာမြန်မာပြည်ကပညာ တတ်နည်းတာမနည်းတာ၊ဆင်းရဲကြတာတွေနဲ့မဆိုင်ကြတော့ဘူး၊ တစောက်ကန်းတယူသန်တွေများနေတယ်ဆိုတာတဖြည်းဖြည်းနဲ့ဇာတိတွေပေါ်လာတဲ့အချိန်ရောက်လာပြီ။ ပညာတတ်တွေဘယ်လောက်နည်းတယ်ပြောပြောဈေးထဲကကုန်စိမ်းရောင်းတဲ့သူ၊ဆိုက်ကားနင်းသူ၊ကွမ်းယာရောင်းသူကအစလက်ထဲမှာဖုန်းကိုယ်စီရှိနေကြပြီ။ Facebook နဲ့လည်းမစိမ်းကြတော့ဘူး။ Facebook ထဲဝင်ဆဲတာလောက်တော့ရေးတတ်ကြတဲ့သူတွေကြားမှာတစ်ကမ္ဘာလုံးဖြစ်နေတဲ့ကပ်ရောဂါနဲ့ပတ်သတ်တဲ့သတင်း၊အသိပညာပေးနဲ့ ကျန်းမာရေးသတိပေးချက်ဗဟုသုတတွေကိုလုံးဝကိုမမြင်၊မကြားမိတဲ့သူ၊ နားမလည်တဲ့သူဆိုတာမရှိသလောက်ဖြစ်နေကြပြီ။ ဒါပေမယ့်... တစ်ကမ္ဘာလုံးဖြစ်နေတဲ့ကပ်ရောဂါကြောင့်ကိုယ့်မြေကိုယ့်ရေကိုယ့်မိသားထံပြန်လာတဲ့ပြည်တော်ပြန်ဆိုသူပုဂ္ဂိုလ်များအားသည်မြန်မာနိုင်ငံထက်မျက်စိနားအမြင်ပိုကျယ်သောနိုင်ငံတွေကပြန်လာကြသူတွေဖြစ်ပါလျက်နှင့်တစ်သက်လုံးမသေမချင်းအတူနေရမည့်မိသားစုအတွက်၊မိမိချစ်သောဆွေမျိုး သားချင်းသူငယ်ချင်းများအတွက်(၁၄)ရက်တာဆိုသောကာလကလေးကိုခေါင်းမာမာနှင့်လက်မခံချင်ကြ၊ရှောင်တိမ်းနေကြ၊ပုန်းလျှိုးကွယ်လျှိုးလုပ်နေကြသည်မှာပညာတတ်တာမတတ်တာနှင့်လည်းမဆိုင်တော့၊ အစိုးရနှင့်Social network များပေါ်ကသတိပေးချက်များကိုမသိသည်လည်းမဟုတ်၊ မသိယောင်ဆောင်နေကြသည်၊မကြားမိသလိုပြောနေကြသည်များကတော့လုံးဝကိုယုတ္တိမရှိ၊ ပစ်ပစ်ခါခါငြင်းဆန်ကြသည်၊ပုန်းခိုမှုများလုပ်နေကြသည်မှာတဇောက်ကန်းတယူသန်စိတ်ဓါတ်နှင့်လုပ်ရပ်များသာဖြစ်သည်။ ကိုယ့်အတ္တတစ်ခုကကိုယ့်မိသားစုနှင့်ကိုယ့်ပါတ်ဝန်းကျင်၊ကိုယ့်မြို့ရွာ၊နိုင်ငံကိုစွန်းထင်းစေကြရတော့မည်။ ရိုးသားပွင့်လင်းပါသည်ဟုမှတ်ကျောက်တင်ခဲ့သောမြန်မာနိုင်ငံသားတို့၏ဂုဏ်ကို COVID-19 Crisis ကပ်ကာလဝယ်တယူသန်တစောက်ကန်း၊ကိုယ်ထင်ရာစိုင်းတတ်သောလူမျိုးများအဖြစ်သမိုင်းကြောင်းပြောင်းလဲမှတ်ကျောက်တင်ကြရတော့မည့်တစောက်ကန်းပြိုင်ပွဲကာလဟုသတ်မှတ်ရမည်လော။ ပညာပေးကာလပြီးဆုံးသွားခဲ့ပါပြီ။
Ref ; Akonthi

0 comments:

Post a Comment