Sunday, March 29, 2020

Covid -19 စတင်ဖြစ်ပွားသော တရုတ်နိုင်ငံ ဝူဟန်မြို့တော်ကြီးကို ၂လတာ Lock Down အပြီး မြေအောက်ရထားများ စတင်ပြေးဆွဲ

Image may contain: 1 person

တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့တော်ကြီးတွင် Coronavirus ပိုးစတင်တွေ့ရှိခဲ့ပြီး နိုင်ငံပေါင်း ၂၀၀ နီးကိုကူးစက်ပျံ့နှံ့သွားစေခဲ့တဲ့ ဝူဟန်မြို့ဟာ ဖေဖဝါရီလ ၂၃ ရက်နေ့မှစတင်၍ ၂ လတာ Lock Down ပြု လုပ်ထားရာမှ ရောဂါကူးစက်မှုနှုန်း သိသိသာသာကျဆင်းလာသည့်အတွက် မတ်လ ၂၈ ရက်နေ့မှစတင်ကာ ဖြေလျော့မှုအစီမံတစ်ချို့ကို စတင်ဆောင်ရွက်ကာ ဧပြီလ ၈ ရက်နေ့မတိုင်မီ မြေအောက်ရထားပြေးဆွဲခြင်းဝန်ဆောင်မှုလုပ်ငန်းကို စတင်လိုက်ပြီလို့ AFP သတင်းတစ်ပုဒ်မှာဖော်ပြထားပါသည် ။

မြေအောက်ရထားကိုစီးနင်းကြမည့် ပြည်သူများအားလုံး Face Mask များဝတ်ဆင်ကြရမည့်အပြင် ရထားပေါ်မတက်ခင် ကိုယ်အပူချိန်တိုင်းကရိယာဖြင့်အစစ်ဆေးခံကြရပါတယ် ၊ အဲ့ဒီနောက်ရထားပေါ်မှာ တစ်ဦးနှင့်တစ်ဦး သတ်မှတ်ထားတဲ့အကွားအဝေးအတိုင်း ( Social Distancing ) စီနင်းကြရသလို ရထားပေါ်တွင် တိတ်ဆိတ်ငြိမ်သက်စွာစီးနင်းနေထိုင်ကြဘို့ သတိပေးဆိုင်းဘုတ်တွေကိုလည်း ချိတ်ထားကြောင်းဖော်ပြထားပါတယ် ။
မတ်လ ၂၈ ရက်နေ့က ဝူဟန်မြို့တော်ကိုအခြားပြည်နယ်မှ မြေအောက်ရထားဖြင့်စီးနင်းလိုက်ပါလာကြတဲ့ ခရီးသွားပြည်သူ ၁၂၀၀၀ ကျော်ခဲ့တယ်လို့သိရှိရပါတယ် ။
အဲ့ဒီနောက် တရုတ်ထုတ်ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရေး ရထားတွဲများလည်း ပထမဆုံးအနေဖြင့်ဂျာမဏီနိုင်ငံသို့ဦးတည်ကာ ဆေးဘက်ဆိုင်ရာကုန်ပစ္စည်းများ ၊ အီလက်ထရောနစ်ပစ္စည်းများ ၊ ကားအပိုပစ္စည်များ ၊ ကေဘယ်လ်ကြိုးများကိုတင်ဆောင်ကာ မတ်လ ၂၈ ရက်နေ့ကစတင်ပြေးဆွဲခဲ့ကြောင်းဆင်ဟွာသတင်းတွင်ဖော်ပြထားကြောင်းသိရှိရပါသည် ။
Image may contain: train and outdoor
Ref ; AFP
<zawgyi>
Covid -19 စတင်ဖြစ်ပွားသော တရုတ်နိုင်ငံ ဝူဟန်မြို့တော်ကြီးကို ၂လတာ Lock Down အပြီး မြေအောက်ရထားများ စတင်ပြေးဆွဲ
Monday, March 30, 2020

တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့တော်ကြီးတွင် Coronavirus ပိုးစတင်တွေ့ရှိခဲ့ပြီး နိုင်ငံပေါင်း ၂၀၀ နီးကိုကူးစက်ပျံ့နှံ့သွားစေခဲ့တဲ့ ဝူဟန်မြို့ဟာ ဖေဖဝါရီလ ၂၃ ရက်နေ့မှစတင်၍ ၂ လတာ Lock Down ပြု လုပ်ထားရာမှ ရောဂါကူးစက်မှုနှုန်း သိသိသာသာကျဆင်းလာသည့်အတွက် မတ်လ ၂၈ ရက်နေ့မှစတင်ကာ ဖြေလျော့မှုအစီမံတစ်ချို့ကို စတင်ဆောင်ရွက်ကာ ဧပြီလ ၈ ရက်နေ့မတိုင်မီ မြေအောက်ရထားပြေးဆွဲခြင်းဝန်ဆောင်မှုလုပ်ငန်းကို စတင်လိုက်ပြီလို့ AFP သတင်းတစ်ပုဒ်မှာဖော်ပြထားပါသည် ။
မြေအောက်ရထားကိုစီးနင်းကြမည့် ပြည်သူများအားလုံး Face Mask များဝတ်ဆင်ကြရမည့်အပြင် ရထားပေါ်မတက်ခင် ကိုယ်အပူချိန်တိုင်းကရိယာဖြင့်အစစ်ဆေးခံကြရပါတယ် ၊ အဲ့ဒီနောက်ရထားပေါ်မှာ တစ်ဦးနှင့်တစ်ဦး သတ်မှတ်ထားတဲ့အကွားအဝေးအတိုင်း ( Social Distancing ) စီနင်းကြရသလို ရထားပေါ်တွင် တိတ်ဆိတ်ငြိမ်သက်စွာစီးနင်းနေထိုင်ကြဘို့ သတိပေးဆိုင်းဘုတ်တွေကိုလည်း ချိတ်ထားကြောင်းဖော်ပြထားပါတယ် ။
မတ်လ ၂၈ ရက်နေ့က ဝူဟန်မြို့တော်ကိုအခြားပြည်နယ်မှ မြေအောက်ရထားဖြင့်စီးနင်းလိုက်ပါလာကြတဲ့ ခရီးသွားပြည်သူ ၁၂၀၀၀ ကျော်ခဲ့တယ်လို့သိရှိရပါတယ် ။
အဲ့ဒီနောက် တရုတ်ထုတ်ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရေး ရထားတွဲများလည်း ပထမဆုံးအနေဖြင့်ဂျာမဏီနိုင်ငံသို့ဦးတည်ကာ ဆေးဘက်ဆိုင်ရာကုန်ပစ္စည်းများ ၊ အီလက်ထရောနစ်ပစ္စည်းများ ၊ ကားအပိုပစ္စည်များ ၊ ကေဘယ်လ်ကြိုးများကိုတင်ဆောင်ကာ မတ်လ ၂၈ ရက်နေ့ကစတင်ပြေးဆွဲခဲ့ကြောင်းဆင်ဟွာသတင်းတွင်ဖော်ပြထားကြောင်းသိရှိရပါသည် ။
Ref ; AFP

0 comments:

Post a Comment