Friday, March 27, 2020

Covid-19 ကြောင့် NLD အစိုးရက လူစုလူဝေးမပြုလုပ်ရန် ဒေသန္တရ ဥပဒေဖြင့် ထိန်းချုပ်ထားသော်လည်း ကျောက်ဆည် NLD အမတ်က လူစုလူဝေးဖြင့် ကျေးရွာမီးလင်းရေးပြုလုပ်

Image may contain: 1 person, standing and outdoor

Covid -19 ကြောင့် NLD အစိုးရက လူစုလူဝေးမပြုလုပ်ရန် ဒေသန္တရဥပဒေဖြင့် ထိန်းချုပ်ထားသော်လည်း ကျောက်ဆည် NLD အမတ်က လူစုလူဝေးဖြင့် ကျေးရွာမီးလင်းရေးဖွင့်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသ ကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် လယ်ကြီးအုပ်စု လယ်ကြီးကျေးရွာတွင် ယခုလ ၂၇ ရက် သောကြာနေ့က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါကျေးရွာမီးလင်းရေး ဖွင့်ပွဲတက်ရောက်ခဲ့သည့် ကျောက်ဆည်မြို့တိုင်းလွှတ်တော်အမတ် ဦးရဲမင်းထွန်း ကို People Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။
၎င်းဖြစ်စဉ်အပေါ် NLD တိုင်းအမတ် ဦးရဲမင်းဦးက “စီစဉ်တာကမြို့နယ်အုပ်ချုပ်ရေးမှူးကစီစဉ်တာပေါ့။ ကျွန်တော်တို့ကလည်း ဘယ်သွားချင်ပါ့မလဲ။ ရွာကနေပြီးတော့ ဘေးသူစိမ်းရွာသားတွေလည်းမဖိတ်နဲ့ ရွာထဲသား တွေပဲ ရွာထဲတောင်မှ အများကြီးမဟုတ်ဘူး။ မီးကော်မတီနဲ့ နည်းနည်းလေးပဲလိုအပ်လို့မဖြစ်မနေလုပ်ရမယ့် ဟာလေးမို့ လုပ်လိုက်တာပါ။ မတတ်သာလို့လုပ်ရတာပေါ့ဗျာ။ ဝေဖန်တာတော့ခံရမှာပေါ့” ဟုပြောသည်။
မြန်မာနိုင်ငံတွင် COVID -19 ကာကွယ်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန် ဒေသန္တရဥပဒေဖြင့် ထိန်းချုပ်ထား ချိန်တွင် NLD တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ပါဝင်ကာ အဆိုပါ အခမ်းအနားကျင်းပပြုလုပ်ခဲ့ ခြင်းအပေါ် လူအများဝေဖန်ပြောဆိုမှုများရှိခဲ့သည်။
Image may contain: 4 people, people standing
Image may contain: 2 people, people standing and outdoor
Image may contain: 2 people, people standing and outdoor
Ref ; People Media
<zawgyi>
Covid-19 ကြောင့် NLD အစိုးရက လူစုလူဝေးမပြုလုပ်ရန် ဒေသန္တရ ဥပဒေဖြင့် ထိန်းချုပ်ထားသော်လည်း ကျောက်ဆည် NLD အမတ်က လူစုလူဝေးဖြင့် ကျေးရွာမီးလင်းရေးပြုလုပ်
Saturday, March 28, 2020

Covid -19 ကြောင့် NLD အစိုးရက လူစုလူဝေးမပြုလုပ်ရန် ဒေသန္တရဥပဒေဖြင့် ထိန်းချုပ်ထားသော်လည်း ကျောက်ဆည် NLD အမတ်က လူစုလူဝေးဖြင့် ကျေးရွာမီးလင်းရေးဖွင့်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသ ကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် လယ်ကြီးအုပ်စု လယ်ကြီးကျေးရွာတွင် ယခုလ ၂၇ ရက် သောကြာနေ့က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါကျေးရွာမီးလင်းရေး ဖွင့်ပွဲတက်ရောက်ခဲ့သည့် ကျောက်ဆည်မြို့တိုင်းလွှတ်တော်အမတ် ဦးရဲမင်းထွန်း ကို People Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။
၎င်းဖြစ်စဉ်အပေါ် NLD တိုင်းအမတ် ဦးရဲမင်းဦးက “စီစဉ်တာကမြို့နယ်အုပ်ချုပ်ရေးမှူးကစီစဉ်တာပေါ့။ ကျွန် တော်တို့ကလည်း ဘယ်သွားချင်ပါ့မလဲ။ ရွာကနေပြီးတော့ ဘေးသူစိမ်းရွာသားတွေလည်းမဖိတ်နဲ့ ရွာထဲသား တွေပဲ ရွာထဲတောင်မှ အများကြီးမဟုတ်ဘူး။ မီးကော်မတီနဲ့ နည်းနည်းလေးပဲလိုအပ်လို့မဖြစ်မနေလုပ်ရမယ့် ဟာလေးမို့ လုပ်လိုက်တာပါ။ မတတ်သာလို့လုပ်ရတာပေါ့ဗျာ။ ဝေဖန်တာတော့ခံရမှာပေါ့” ဟုပြောသည်။
မြန်မာနိုင်ငံတွင် COVID -19 ကာကွယ်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန် ဒေသန္တရဥပဒေဖြင့် ထိန်းချုပ်ထား ချိန်တွင် NLD တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ပါဝင်ကာ အဆိုပါ အခမ်းအနားကျင်းပပြုလုပ်ခဲ့ ခြင်းအပေါ် လူအများဝေဖန်ပြောဆိုမှုများရှိခဲ့သည်။
Ref ; People Media

0 comments:

Post a Comment