Friday, March 27, 2020

COVID-19 လူနာတွေဟာ အနံ့ခံအာရုံ ဆုံးရှုံးသွားတတ်တာကြောင့် စစ်ဆေးနိုင်ခြင်းမရှိသေးတဲ့ လူနာပုန်းတွေကို ဖော်ထုတ်နိုင်ဖွယ်ရှိလာ

Image may contain: one or more people and closeup
ရင်သွေးငယ်ရဲ့ သေးနံ့ကို မရဖြစ်ခဲ့တဲ့ မိခင်ဖြစ်သူမှသည် ရုတ်တရက် ခံတွင်းပျက်သွားတဲ့ ဥပဒေပြုအမတ်တစ်ဦးတို့လို အချို့ ကိုရိုနာဗိုင်းရပ်စ် လူနာတွေဟာ အနံ့ခံအာရုံဆုံးရှုံးသွားကြကြောင်းနဲ့ ဒီအချက်ဟာ ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်ဆိုတာ မသိကြသေးတဲ့ လူနာပုန်းတွေကို ဖော်ထုတ်နိုင်မယ့် နည်းလမ်းသစ်ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း anosmia ခေါ် အနံ့ခံအာရုံ ဆုံးရှုံးသွားတဲ့ ရောဂါပိုးတွေ့ လူနာတွေ များလာခဲ့ကြောင်းနဲ့ ဒီအချက်ဟာ ရောဂါလက္ခဏာမပြတဲ့ လူတွေအတွက် COVID-19 ရောဂါလက္ခဏာ ဖော်ထုတ်နည်းသစ်တစ်ခုဖြစ်လာနိုင်ကြောင်း ဗြိတိန်၊ အမေရိကန်နဲ့ ပြင်သစ်နိုင်ငံတို့မှ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုပညာရှင်တွေက ပြောဆိုခဲ့ပါတယ်။
ဝါရှင်တန်ပို့စ်သတင်းဌာနက ၂၇ ရက် မနက်ပိုင်းအချိန် ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်း ကိုရိုနာ ဗိုင်းရပ်စ် အတည်ပြုပိုးကူးစက်လူနာ ၅၃၁၇၀၈ ဦးနဲ့ သေဆုံးသူ ၂၄၀၅၃ ဦးရှိနေပြီလို့ သိရပါတယ်။ သို့ပေမယ့် စစ်ဆေးဖော်ထုတ်နိုင်ခြင်းမရှိသေးတဲ့ ပိုးကူးစက်ထားသူများစွာ ရှိနေနိုင်မှုနဲ့အတူ ရောဂါလက္ခဏာ မပြတဲ့ ပိုးကူးစက်သူတွေကြောင့် ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမယ့်အရေး ကျွမ်းကျင်သူတွေ စိုးရိမ်ပူပန်နေ ကြပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ချက်အရ အများဆုံးတွေ့ရတဲ့ COVID-19 ရောဂါလက္ခဏာ တွေဟာ ဖျားနာခြင်း၊ မောပန်းနွမ်းနယ်ခြင်းနဲ့ ချောင်းခြောက်ဆိုးခြင်းတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဘာရောဂါ လက္ခဏာမှ မပြခဲ့ရင်တောင် ရုတ်တရက် အနံ့ခံအာရုံ ဆုံးရှုံးသွားတာမျိုး ဒါမှမဟုတ် ခံတွင်း ပျက်သွားတာမျိုးဖြစ်တဲ့သူတွေကို သီးခြားခွဲနေစေဖို့ အကြံပေးကြရန် ကျန်းမာရေးအာဏာပိုင်တွေကို ဗြိတိန် နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တွေက တိုက်တွန်းထားကြောင်း သိရပါတယ်။
Image may contain: one or more people
Ref ; AKonthi
<zawgyi>
COVID-19 လူနာတွေဟာ အနံ့ခံအာရုံ ဆုံးရှုံးသွားတတ်တာကြောင့် စစ်ဆေးနိုင်ခြင်းမရှိသေးတဲ့ လူနာပုန်းတွေကို ဖော်ထုတ်နိုင်ဖွယ်ရှိလာ
Saturday, March 28, 2020

ရင်သွေးငယ်ရဲ့ သေးနံ့ကို မရဖြစ်ခဲ့တဲ့ မိခင်ဖြစ်သူမှသည် ရုတ်တရက် ခံတွင်းပျက်သွားတဲ့ ဥပဒေပြုအမတ်တစ်ဦးတို့လို အချို့ ကိုရိုနာဗိုင်းရပ်စ် လူနာတွေဟာ အနံ့ခံအာရုံဆုံးရှုံးသွားကြကြောင်းနဲ့ ဒီအချက်ဟာ ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်ဆိုတာ မသိကြသေးတဲ့ လူနာပုန်းတွေကို ဖော်ထုတ်နိုင်မယ့် နည်းလမ်းသစ်ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း anosmia ခေါ် အနံ့ခံအာရုံ ဆုံးရှုံးသွားတဲ့ ရောဂါပိုးတွေ့ လူနာတွေ များလာခဲ့ကြောင်းနဲ့ ဒီအချက်ဟာ ရောဂါလက္ခဏာမပြတဲ့ လူတွေအတွက် COVID-19 ရောဂါလက္ခဏာ ဖော်ထုတ်နည်းသစ်တစ်ခုဖြစ်လာနိုင်ကြောင်း ဗြိတိန်၊ အမေရိကန်နဲ့ ပြင်သစ်နိုင်ငံတို့မှ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုပညာရှင်တွေက ပြောဆိုခဲ့ပါတယ်။
ဝါရှင်တန်ပို့စ်သတင်းဌာနက ၂၇ ရက် မနက်ပိုင်းအချိန် ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်း ကိုရိုနာ ဗိုင်းရပ်စ် အတည်ပြုပိုးကူးစက်လူနာ ၅၃၁၇၀၈ ဦးနဲ့ သေဆုံးသူ ၂၄၀၅၃ ဦးရှိနေပြီလို့ သိရပါတယ်။ သို့ပေမယ့် စစ်ဆေးဖော်ထုတ်နိုင်ခြင်းမရှိသေးတဲ့ ပိုးကူးစက်ထားသူများစွာ ရှိနေနိုင်မှုနဲ့အတူ ရောဂါလက္ခဏာ မပြတဲ့ ပိုးကူးစက်သူတွေကြောင့် ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမယ့်အရေး ကျွမ်းကျင်သူတွေ စိုးရိမ်ပူပန်နေ ကြပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ချက်အရ အများဆုံးတွေ့ရတဲ့ COVID-19 ရောဂါလက္ခဏာ တွေဟာ ဖျားနာခြင်း၊ မောပန်းနွမ်းနယ်ခြင်းနဲ့ ချောင်းခြောက်ဆိုးခြင်းတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဘာရောဂါ လက္ခဏာမှ မပြခဲ့ရင်တောင် ရုတ်တရက် အနံ့ခံအာရုံ ဆုံးရှုံးသွားတာမျိုး ဒါမှမဟုတ် ခံတွင်း ပျက်သွားတာမျိုးဖြစ်တဲ့သူတွေကို သီးခြားခွဲနေစေဖို့ အကြံပေးကြရန် ကျန်းမာရေးအာဏာပိုင်တွေကို ဗြိတိန် နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တွေက တိုက်တွန်းထားကြောင်း သိရပါတယ်။
Ref ; AKonthi

0 comments:

Post a Comment