Wednesday, March 25, 2020

အချုပ်သားများအားကျန်းမာရေးစစ်ဆေးပေး၍ (COVID-19)ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးပညာပေးဆောင်ရွက်

Image may contain: one or more people and people standing
မြိတ်ခရိုင် တနင်္သာရီမြို့-မြို့မရဲစခန်း အချုပ်ခန်းအတွင်းရှိ အချုပ်သားကျား(၄၃)ဦး ၊ မ(၄)ဦးနှင့် ကလေး သူငယ်တရားခံ ကျား(၁)ဦး၊ စုစုပေါင်း(၄၈)ဦးအား မတ်လ ၂၅ရက်နေ့မွန်းလွှဲ ၁၂နာရီက 2019 Noval Corona Virus (COVID-19)အဆုတ်ရောင်ရောဂါရောဂါနှင့်ပတ်သက်၍ လက္ခဏာရှိ/မရှိကိုစစ်ဆေးခြင်း၊ ကိုယ်အပူချိန်မြင့်တက်၍ ဖျားနာနေသူရှိ/မရှိတို့ကို စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ယင်းသို့ပညာပေးစစ်ဆေးမှုများကို မြို့နယ်ရဲတပ်ဖွဲ့နှင့်မြို့နယ်ကျန်းမာရေးဌာန ပူးပေါင်း၍ မြို့နယ်ရဲ့တပ်ဖွဲ့မှူးရဲမှူးရဲခေါင်မြင့် ၊မြို့မရဲခန်းမှူးဒုရဲမှူးတင်အောင်၊မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာလင်းထိုက် နှင့်သူနာ ပြုအုပ်ဆရာမ ဒေါ်ဥမ္မာမျိုး တို့မှ Non-Contact Infrared Thermometer ဖြင့် ကိုယ်အပူချိန်မြင့်တက်၍ ဖျားနာနေသူရှိ/မရှိ စစ်ဆေးခြင်း 2019 Noval Corona Virus (COVID-19) အဆုတ်ရောင်ရောဂါလက္ခဏာများ၊ နှာစေး၊ချောင်းဆိုးခြင်း ကိုယ်လက်ကိုက်ခဲနာကျင်နေသူ ရှိ/မရှိတို့ကိုတစ်ဦးချင်းစမ်းသပ်စစ်ဆေးပေးခြင်းဖြစ်ပြီးထူးခြားစစ်ဆေးတွေ့ရှိမှုမရှိကြောင်း မြို့မရဲစခန်းမှ သိရှိရသည်။
ဆက်လက်၍ ဒေါက်တာလင်းထိုက် နှင့် သူနာပြုအုပ် ဒေါ်ဥမ္မာမျိုးတို့မှအချုပ်သား/သူများအား 2019 Noval Corona Virus (COVID-19) အဆုတ်ရောင်ရောဂါ ကူးစက်မှု မခံရစေရေး၊ ကြိုတင်ကာကွယ်ရေးနည်လမ်းများ၊ ရောဂါကူးစက်နိုင်ခြေရှိသည့်နည်လမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာ(၂) ခု အား အသိပညာပေးဟောပြောခဲ့သည်။
ထို့အပြင် (COVID-19)ရောဂ့ ကူးစက်မှုမှကြိုတင်ကာကွယ်ရေးအတွက် အချုပ်သားများအနေဖြင့် ရဲစခန်းမှတရားခွင်သို့ထွက်ခွာစဉ်နှင့် တရားခွင်မှအချုပ်ခန်းသို့ပြန်လည်ရောက်ရှိအချိန်တို့တွင် လက်ကိုစနစ်တကျ စင်ကြယ်အောင်ဆေးကြောရန်နှင့်တကိုယ်ရည်န့်ရှင်းရေးကို အလေးထားတတ်စေရန် လက်ဆေးဘေစင်တွင် ဆပ်ပြာရည်နှင့်ရေပုံးကိုစီစဉ်ဆောင်ရွက်ပေးထားကြောင်း၊ စနစ်တကျလက်ဆေးနည်းကိုလည်း သရုပ်ပြသပေးထားပြီးကြောင်း ရဲစခန်းမှူးဒုရဲမှူးတင်အောင် ထံမှသိရှိရသည်။

Image may contain: tree, plant and outdoor
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)
<zawgyi>
အချုပ်သားများအားကျန်းမာရေးစစ်ဆေးပေး၍ (COVID-19)ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးပညာပေးဆောင်ရွက်
Thursday, March 26, 2020

မြိတ်ခရိုင် တနင်္သာရီမြို့-မြို့မရဲစခန်း အချုပ်ခန်းအတွင်းရှိ အချုပ်သားကျား(၄၃)ဦး ၊ မ(၄)ဦးနှင့် ကလေး သူငယ်တရားခံ ကျား(၁)ဦး၊ စုစုပေါင်း(၄၈)ဦးအား မတ်လ ၂၅ရက်နေ့မွန်းလွှဲ ၁၂နာရီက 2019 Noval Corona Virus (COVID-19)အဆုတ်ရောင်ရောဂါရောဂါနှင့်ပတ်သက်၍ လက္ခဏာရှိ/မရှိကိုစစ်ဆေးခြင်း၊ ကိုယ်အပူချိန်မြင့်တက်၍ ဖျားနာနေသူရှိ/မရှိတို့ကို စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ယင်းသို့ပညာပေးစစ်ဆေးမှုများကို မြို့နယ်ရဲတပ်ဖွဲ့နှင့်မြို့နယ်ကျန်းမာရေးဌာန ပူးပေါင်း၍ မြို့နယ်ရဲ့တပ်ဖွဲ့မှူးရဲမှူးရဲခေါင်မြင့် ၊မြို့မရဲခန်းမှူးဒုရဲမှူးတင်အောင်၊မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာလင်းထိုက် နှင့်သူနာ ပြုအုပ်ဆရာမ ဒေါ်ဥမ္မာမျိုး တို့မှ Non-Contact Infrared Thermometer ဖြင့် ကိုယ်အပူချိန်မြင့်တက်၍ ဖျားနာနေသူရှိ/မရှိ စစ်ဆေးခြင်း 2019 Noval Corona Virus (COVID-19) အဆုတ်ရောင်ရောဂါလက္ခဏာများ၊ နှာစေး၊ချောင်းဆိုးခြင်း ကိုယ်လက်ကိုက်ခဲနာကျင်နေသူ ရှိ/မရှိတို့ကိုတစ်ဦးချင်းစမ်းသပ်စစ်ဆေးပေးခြင်းဖြစ်ပြီးထူးခြားစစ်ဆေးတွေ့ရှိမှုမရှိကြောင်း မြို့မရဲစခန်းမှ သိရှိရသည်။
ဆက်လက်၍ ဒေါက်တာလင်းထိုက် နှင့် သူနာပြုအုပ် ဒေါ်ဥမ္မာမျိုးတို့မှအချုပ်သား/သူများအား 2019 Noval Corona Virus (COVID-19) အဆုတ်ရောင်ရောဂါ ကူးစက်မှု မခံရစေရေး၊ ကြိုတင်ကာကွယ်ရေးနည်လမ်းများ၊ ရောဂါကူးစက်နိုင်ခြေရှိသည့်နည်လမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာ(၂) ခု အား အသိပညာပေးဟောပြောခဲ့သည်။
ထို့အပြင် (COVID-19)ရောဂ့ ကူးစက်မှုမှကြိုတင်ကာကွယ်ရေးအတွက် အချုပ်သားများအနေဖြင့် ရဲစခန်းမှတရားခွင်သို့ထွက်ခွာစဉ်နှင့် တရားခွင်မှအချုပ်ခန်းသို့ပြန်လည်ရောက်ရှိအချိန်တို့တွင် လက်ကိုစနစ်တကျ စင်ကြယ်အောင်ဆေးကြောရန်နှင့်တကိုယ်ရည်န့်ရှင်းရေးကို အလေးထားတတ်စေရန် လက်ဆေးဘေစင်တွင် ဆပ်ပြာရည်နှင့်ရေပုံးကိုစီစဉ်ဆောင်ရွက်ပေးထားကြောင်း၊ စနစ်တကျလက်ဆေးနည်းကိုလည်း သရုပ်ပြသပေးထားပြီးကြောင်း ရဲစခန်းမှူးဒုရဲမှူးတင်အောင် ထံမှသိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)

0 comments:

Post a Comment