ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားပါက ဆေးဝန်ထမ်းတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး လက်အောက်ရှိ ဆရာဝန်၊သူနာပြုစုစုပေါင်း ၁၆၁၂ ဦးဖြင့် ကုသသွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မတ်လ ၂၂ရက်နေ့က နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင်ပြုလုပ်သည့် တပ်မတော်သတင်းမှန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရောဂါဖြစ်ပွားမှုကို အစိမ်းရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်ဟူ၍ နိုင်ငံတကာသတ်မှတ်ချက်အတိုင်းသတ်မှတ်ထားသည်ဟု ဆိုသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက '' အစိမ်းရောင်အဆင့်ဆိုရင်လွယ်ကူစွာနဲ့ မကူးစက်နိုင်ဘူး။ မပြင်းထန်ဘူးဆိုတဲ့အဆင့်။ အဝါရောင်အဆင့်ဆိုရင်တော့ လွယ်ကူစွာကူးစက်နိုင်တယ်။ ဒီနိုင်ငံအတွင်းမှာတော့ မဖြစ် ပွားသေးဘူး။ နိုင်ငံပြင်ပမှာဖြစ်ပွားနေတဲ့အဆင့်မျိုး။ လိမ္မော်ရောင်အဆင့်မှာတော့ ရောဂါပြင်းထန်တယ်။ လွယ်ကူစွာနဲ့ ပြန့်ပွားနိုင်တယ်။ ကူးစက်နိုင်တဲ့နေရာမှာပဲထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့အဆင့်။ အနီရောင် အဆင့်မှာတော့ ရောဂါပြင်းထန်ပြီး နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့အဆင့်'' ဟု ပြောကြားသည်။
ရောဂါဖြစ်ပွားမှုအဆင့်လိုက်တွင် တပ်မတော်အနေဖြင့် လိမ္မော်ရောင်အဆင့်တွင်စတင်ဆောင်ရွက်မည်ဖြစ်ပြီး၊ လိမ္မော် ရောင်အဆင့်ရောက်လျှင် ဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး လက်အောက်ရှိ ဆေးဝန်ထမ်းနှင့် ဆရာဝန်များထဲမှ အင်အား၏ ဆယ်ပုံတစ်ပုံကို အသုံးပြုသွားမည်ဟု ဆိုသည်။
"အနီရောင်အဆင့်ရောက်လာရင်တော့ ကျွန်တော် တို့က အင်အားရဲ့ ဆယ်ပုံ,ပုံနှစ်ပုံနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်။ အဲဒီမှာတော့ ဆရာဝန် ၄၄၂ ဦး၊ သူနာပြု ၁၁၇၀ဦး။ ၁၆၁၂ ဦး ရှိမှာဖြစ်တယ်" ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဆေးနှင့် ဆေးပစ္စည်းများ အကူအညီပေးနိုင်ရန်အတွက် ရောဂါဖြစ်ပွားလာပါက အသုံးပြုရမည့် ဆေးဝါး ၅၈ မျိုးကိုတိုင်းစစ်ဌာချုပ်နယ်မြေအလိုက်တွင်ရှိသည့် ကုတင် ၃၀၀ နှင့်အထက် ဆေးရုံများသို့ ဖြန့်ဝေထားသည်ဟု ဆိုသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက '' ကူးစက်ရောဂါဖြစ်ပွားရာမှာ အသုံးပြုနိုင်မယ့် ဆေးရုံသုံးကာကွယ်ရေးပစ္စည်းလေးမျိုးကိုလည်း ဆေးရုံ ၆၈ ရုံကို ထုတ်ပေးထားပြီးဖြစ်တယ်။ ထပ်မံလိုလာရင်တော့ တပ်မတော်ဆေးရုံများကို ထုတ်ပေးနိုင်ရေးအတွက် အမှတ် (၁) အခြေချဆေးသိုလှောင်ရေးတပ်မှာ အရန်သိုလှောင်ထားရှိကြောင်း သတင်းစကားပါးလိုပါတယ်'' ဟု ပြောကြားသည်။
မတ်လ ၂၂ရက်နေ့ ည ၈နာရီအထိ မြန်မာနိုင်ငံတွင်COVID - 19 လူနာမရှိသေးဘဲ စောင့်ကြည့်လူနာ ၁၆ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
#Covid_19 #တပ်မတော် #ဆေးကုပေးမည်
<zawgyi>
တပ်မတော်မှ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားပါက ဆရာဝန်၊ သူနာပြု ၁၆၀၀ ကျော်ဖြင့် ကုသမည်ဟုပြောကြား
Monday, March 23, 2020

0 comments:
Post a Comment