Tuesday, March 17, 2020

ရခိုင်တိုက်ပွဲများကြောင့် ရန်ကုန်သို့ပြောင်းရွှေ့လာသည့် မြိုတိုင်းရင်းသားများကို ပြည်ခိုင်ဖြိုးပါတီက ထောက်ပံ့ပစ္စည်းများလှူဒါန်း

Image may contain: 9 people

ရခိုင်ဒေသတိုက်ပွဲများကြောင့် မြောက်ဦးမြို့နယ်မှ ရန်ကုန်သို့ ပြောင်းရွှေ့လာသည့် မြိုတိုင်းရင်းသားများကို ပြည်ခိုင်ဖြိုးပါတီက ထောက်ပံ့လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ နှခမ်းမွှေးသိုက်ကျေးရွာတွင် ပြုလုပ်ခဲ့သည်။

"သွေးချင်းညီအကိုမောင်နှမတွေ အခက်အခဲရှိတဲ့အချိန်မှာ ကျွန်တော်တို့ပါတီအနေနဲ့ လက်မနှေးပဲ ဦးစားပေးအစီအစဥ်အဖြစ် စားဝတ်နေရေးအတွက်အဓိကအခြေခံကျတဲ့ လူသုံးကုန်ပစ္စည်း၊ ဆန်၊ဆီ၊ ကြက်သွန်၊အာလူး များကို ထောက်ပံပံ့ပိုးတာဖြစ်ပါတယ်" ဟု တိုင်းပါတီအတွင်းရေးမှူး ဒေါက်တာကျော်စိုးကပြောသည်။
အဆိုပါကျေးရွာတွင် ပြောင်းရွှေ့နေထိုင်သည့် မြိုတိုင်းရင်းသား ၁၀၀ ခန့်ရှိကြောင်းသိရသည်။ ထောက်ပံ ပစ္စည်းများအပြင် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးဆောင်ရွက်ပေးမည်ဟု ဆိုသည်။ရခိုင်ဒေသမြောက်ပိုင်းနှင့် ချင်းပြည်နယ်ပလက်ဝတို့တွင် တိုက်ပွဲများကြောင့် ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
ထောက်ပံလှူဒါန်းပွဲအပြီးတွင် လှည်းကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာရှိ ဇဗ္မူအေး-ရွှေမေတ္တာ ပရိယတိစာသင်တိုက်ထံ ငွေကျပ်ငါးသိန်းပေးအပ်လှူဒါန်းခဲ့သည်။
Image may contain: 12 people, people sitting
Image may contain: sky, house, outdoor and nature
Image may contain: 14 people, people sitting and outdoor
Image may contain: 6 people
Ref ; The Fifth Wave News
<zawgyi>
ရခိုင်တိုက်ပွဲများကြောင့် ရန်ကုန်သို့ပြောင်းရွှေ့လာသည့် မြိုတိုင်းရင်းသားများကို ပြည်ခိုင်ဖြိုးပါတီက ထောက်ပံ့ပစ္စည်းများလှူဒါန်း
Tuesday, March 17, 2020

ရခိုင်ဒေသတိုက်ပွဲများကြောင့် မြောက်ဦးမြို့နယ်မှ ရန်ကုန်သို့ ပြောင်းရွှေ့လာသည့် မြိုတိုင်းရင်းသားများကို ပြည်ခိုင်ဖြိုးပါတီက ထောက်ပံ့လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ နှခမ်းမွှေးသိုက်ကျေးရွာတွင် ပြုလုပ်ခဲ့သည်။
"သွေးချင်းညီအကိုမောင်နှမတွေ အခက်အခဲရှိတဲ့အချိန်မှာ ကျွန်တော်တို့ပါတီအနေနဲ့ လက်မနှေးပဲ ဦးစားပေးအစီအစဉ်အဖြစ် စားဝတ်နေရေးအတွက်အဓိကအခြေခံကျတဲ့ လူသုံးကုန်ပစ္စည်း၊ ဆန်၊ဆီ၊ ကြက်သွန်၊အာလူး များကို ထောက်ပံပံ့ပိုးတာဖြစ်ပါတယ်" ဟု တိုင်းပါတီအတွင်းရေးမှူး ဒေါက်တာကျော်စိုးကပြောသည်။
အဆိုပါကျေးရွာတွင် ပြောင်းရွှေ့နေထိုင်သည့် မြိုတိုင်းရင်းသား ၁၀၀ ခန့်ရှိကြောင်းသိရသည်။ ထောက်ပံ ပစ္စည်းများအပြင် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးဆောင်ရွက်ပေးမည်ဟု ဆိုသည်။ရခိုင်ဒေသမြောက်ပိုင်းနှင့် ချင်းပြည်နယ်ပလက်ဝတို့တွင် တိုက်ပွဲများကြောင့် ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
ထောက်ပံလှူဒါန်းပွဲအပြီးတွင် လှည်းကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာရှိ ဇဗ္မူအေး-ရွှေမေတ္တာ ပရိယတိစာသင်တိုက်ထံ ငွေကျပ်ငါးသိန်းပေးအပ်လှူဒါန်းခဲ့သည်။
Ref ; The Fifth Wave News

0 comments:

Post a Comment