Tuesday, March 17, 2020

ပဲခူးမြို့ ဆေးရုံသို့ရောက်ရှိလာသည့် ကိုရိုနာဗိုင်းရက်စ်စောင့်ကြည့်လူနာမှာ မလေးရှားနိုင်ငံမှပြန်လာသူတစ်ဦးဖြစ်ဟုဆို


ယနေ့ နံနက်ပိုင်းက ပဲခူမြို့ အောင်ပုဂ္ဂလိကဆေးရုံတွင် ကိုရိုနာဗိုင်းရက်စ် စောင့်ကြည့်လူနာတစ်ဦးတွေ့ရှိရပြီး ယင်းလူနာမှာ ပဲခူးမြို့မွန်စံပြ ၂ လမ်းတွင်နေထိုင်သည် ဦးထွန်းထွန်းဝင်းဖြစ်ပြီး လွန်ခဲ့သည့်အပတ်ကမလေးရှားနိုင်ငံမှပြန်လာသူတစ်ဦးဖြစ်သည်ဟု မွန်စံပြရပ်ကွက်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးကအ တည်ပြုပြောကြားသည်။

နေမကောင်းလိုဆေးရုံတင်ထားတယ် ခြေအနေကိုသူမိဘတွေသိတယ်အခုသွားကြည့်နေတယ်ဟု ၎င်းကဆိုသည်။ "သံသယရယ်လို့ မဟုတ်သေးဘူး။ စောင့်ကြည့် ရတဲ့လူနာတစ်ဦး အခုရောက်နေပါတယ်" ဟု ပဲခူးဆေးရုံအုပ်ကြီးဒေါက်တာ ရန်နိုင်မောင်က အတည်ပြုပြောကြားသည်။
အောင်ဆေးရုံမှ ပဲခူး​ဆေးရုံကြီးသို့လွှဲပြောင်း၍ တာဝန်ရှိသူများစနစ်တကြစောင့်ကြည့်နေသည်ဟု ဒေါက်တာ ရန်နိုင်မောင်ကဆိုသည်။ပဲခူးတိုင်းအတွင်း ထန်းတပင်မြို့နယ်နှင့်ရေတာရှည်မြို့နယ်တို့တွင်လည်းပြီးခဲ့သည့် ရက်ပိုင်းက သံသယဖြင့် စောင့်ကြည့်ရသည့် လူနာ သုံးဦးရှိခဲ့သည်။
Ref Bago weekly journal
<zawgyi>
ပဲခူးမြို့ ဆေးရုံသို့ရောက်ရှိလာသည့် ကိုရိုနာဗိုင်းရက်စ်စောင့်ကြည့်လူနာမှာ မလေးရှားနိုင်ငံမှပြန်လာသူတစ်ဦးဖြစ်ဟုဆို
Tuesday, March 17, 2020

ယနေ့ နံနက်ပိုင်းက ပဲခူမြို့ အောင်ပုဂ္ဂလိကဆေးရုံတွင် ကိုရိုနာဗိုင်းရက်စ် စောင့်ကြည့်လူနာတစ်ဦးတွေ့ရှိရပြီး ယင်းလူနာမှာ ပဲခူးမြို့မွန်စံပြ ၂ လမ်းတွင်နေထိုင်သည် ဦးထွန်းထွန်းဝင်းဖြစ်ပြီး လွန်ခဲ့သည့်အပတ်ကမလေးရှားနိုင်ငံမှပြန်လာသူတစ်ဦးဖြစ်သည်ဟု မွန်စံပြရပ်ကွက်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးကအ တည်ပြုပြောကြားသည်။
နေမကောင်းလိုဆေးရုံတင်ထားတယ် ခြေအနေကိုသူမိဘတွေသိတယ်အခုသွားကြည့်နေတယ်ဟု ၎င်းကဆိုသည်။ "သံသယရယ်လို့ မဟုတ်သေးဘူး။ စောင့်ကြည့် ရတဲ့လူနာတစ်ဦး အခုရောက်နေပါတယ်" ဟု ပဲခူးဆေးရုံအုပ်ကြီးဒေါက်တာ ရန်နိုင်မောင်က အတည်ပြုပြောကြားသည်။
အောင်ဆေးရုံမှ ပဲခူးဆေးရုံကြီးသို့လွှဲပြောင်း၍ တာဝန်ရှိသူများစနစ်တကြစောင့်ကြည့်နေသည်ဟု ဒေါက်တာ ရန်နိုင်မောင်ကဆိုသည်။ပဲခူးတိုင်းအတွင်း ထန်းတပင်မြို့နယ်နှင့်ရေတာရှည်မြို့နယ်တို့တွင်လည်း
ပြီးခဲ့သည့် ရက်ပိုင်းက သံသယဖြင့် စောင့်ကြည့်ရသည့် လူနာ သုံးဦးရှိခဲ့သည်။
Ref Bago weekly journal

0 comments:

Post a Comment