Monday, March 23, 2020

နိုင်ငံခြားပြန်ဟု ရွာထဲလှည့်ကြွားနေသော အမျိုးသမီး ကိုရိုနာဗိုင်းရပ်စ် သံသယဖြင့် ရွာပြင်နေခိုင်း


Image may contain: people sitting, outdoor and nature
ပင်လည်ဘူးမြို့နယ် နောင်းမူးကြီးအုပ်စု နောင်းရင်းကျေးရွာနေ အသက်၂၇ နှစ်အရွယ် အမျိုးသမီးသည် တရုတ်ပြည်မှ ပြန်လာကြောင်း ရွာအတွင်း လှည့်လည်ပြောမှုကြောင့် ကိုရိုနာဗိုင်းရပ်စ် သံသယဖြင့် ရွာခံများ၏ သဘောဆန္ဒအရ ရွာအပြင်သာနေရန် အုပ်ချုပ်ရေးမှူး မှ ပြောခဲ့သည်။
၎င်းသည် မတ်လ ၁၂ ရက်နေ့က ရွာသို့ပြန်ရောက်လာခြင်းဖြစ်သည်။

၎င်းအား ရွာလူထုမှ ပြည်တွင်းတစ်နေရာ၌ အလုပ်သွားလုပ်သည်ဟု ထင်နေကြပြီး ၎င်းမှာ တရုတ်နိုင်ငံသို့သွားခြင်းဖြစ်ကြောင်း ပြောရာမှ ယင်းကဲ့သို့ ရွာအပြင်နေခိုင်းခြင်းဖြစ်သည်။

"အဓိကတော့ကြွားလုံးကြောင့်ဖြစ်သွားရတာပါ။ သူ့ဟာသူဘယ်ကပြန်လာမှန်းမသိ တရုတ်ပြည်ကပြန်လာသလိုလူကြားထဲလိုက်ကြွားပြောနေတော့ ကြားတဲ့သူတွေကက ရွာထဲမှာပြောနေကြတော့ သားဖွားဆရာမလေးကိုသွားပြောရတာပါ"ဟု နောင်းရင်းကျေးရွာ အုပ်ချုပ်ရေးမှုး ဦးအောင်ဝင်း ကပြောသည်။

ယင်းဖြစ်စဉ်ကြောင့် ၄င်းကျေးရွာသို့ သွားလာရန် အခြားကျေးရွာများက ကြောက်လန့်မှုဖြစ်နေသည် ဟု ဆိုသည်။

"အပြီးမောင်းထုတ်လိုက်တာမျိုးမဟုတ်ပါဘူး။ ဆရာမစစ်ဆေးနေတဲ့အချိန်ကာလအတွင်းမှာ ရွာအပြင်မှာလေးနေထိုင်ပေးဖို့ပြောဆိုရတာပါ"ဟု၄င်းကဆက်ပြောသည်။

မြို့နယ်ဆရာဝန်ကြီး၏ညွန်ကြားမှူဖြင့် ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန ဆေးခန်းမှ သားဖွားဆရာမ က စစ်ဆေးမှုများပြုလုပ်ပေးခဲ့သည်။

"ကျမသိသလောက်ဆို ရောဂါလက္ခဏာမျိုးမတွေ့ရပါဘူး။သတ်မှတ်ထားတဲ့ရက်ထိ စောင့်ကြည့်နေရမှာမို့ အိမ်ထဲက အိမ်ပြင်မထွက်ဖို့တော့ ပြောခဲ့ရတာပေါ့"ဟု သားဖွားဆရာမ ဒေါ်သန္တာစိုး ကပြောသည်။

၄င်း အမျိုးသမီးသည် ရွာအပြင် ၎င်း၏ လယ်တဲ၌ ခေတ္တနေထိုင်ပြီး ထွက်ခွာသွားကြောင်း ဒေသခံများ ကပြောသည်။
သတင်း - မုံရွာဂေဇက်
<zawgyi>
နိုင်ငံခြားပြန်ဟု ရွာထဲလှည့်ကြွားနေသော အမျိုးသမီး ကိုရိုနာဗိုင်းရပ်စ် သံသယဖြင့် ရွာပြင်နေခိုင်း
Tuesday, March 24 , 2020

ပင်လည်ဘူးမြို့နယ် နောင်းမူးကြီးအုပ်စု နောင်းရင်းကျေးရွာနေ အသက်၂၇ နှစ် အရွယ် အမျိုးသမီးသည်
တရုတ်ပြည်မှ ပြန်လာကြောင်း ရွာအတွင်း လှည့်လည်ပြောမှုကြောင့် ကိုရိုနာဗိုင်းရပ်စ် သံသယဖြင့် ရွာခံများ၏ သဘောဆန္ဒအရ ရွာအပြင်သာနေရန် အုပ်ချုပ်ရေးမှူး မှ ပြောခဲ့သည်။

၎င်းသည် မတ်လ ၁၂ ရက်နေ့က ရွာသို့ပြန်ရောက်လာခြင်းဖြစ်သည်။

၎င်းအား ရွာလူထုမှ ပြည်တွင်းတစ်နေရာ၌ အလုပ်သွားလုပ်သည်ဟု ထင်နေကြပြီး ၎င်းမှာ တရုတ်နိုင်ငံသို့သွားခြင်းြဖစ်ကြောင်း ပြောရာမှ ယင်းကဲ့သို့ ရွာအပြင်နေခိုင်းခြင်းဖြစ်သည်။

"အဓိကတော့ကြွားလုံးကြောင့်ြဖစ်သွားရတာပါ။ သူ့ဟာသူဘယ်ကပြန်လာမှန်းမသိ တရုတ်ပြည်ကပြန်လာသလိုလူကြားထဲလိုက်ကြွားပြောနေတော့ ကြားတဲ့သူတွေကက ရွာထဲမှာပြောနေကြတော့ သားဖွားဆရာမလေးကိုသွားပြောရတာပါ"ဟု နောင်းရင်းကျေးရွာ အုပ်ချုပ်ရေးမှုး ဦးအောင်ဝင်း ကပြောသည်။

ယင်းဖြစ်စဉ်ကြောင့် ၎င်းကျေးရွာသို့ သွားလာရန် အခြားကျေးရွာများက ကြောက်လန့်မှုဖြစ်နေသည် ဟု ဆိုသည်။

"အပြီးမောင်းထုတ်လိုက်တာမျိုးမဟုတ်ပါဘူး။ ဆရာမစစ်ဆေးနေတဲ့အချိန်ကာလအတွင်းမှာ ရွာအပြင်မှာလေးနေထိုင်ပေးဖို့ပြောဆိုရတာပါ"ဟု၎င်းကဆက်ေပြာသည်။

မြို့နယ်ဆရာဝန်ကြီး၏ညွန်ကြားမှူဖြင့် ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန ဆေးခန်းမှ သားဖွားဆရာမ က စစ်ဆေးမှုများပြုလုပ်ပေးခဲ့သည်။

"ကျမသိသလောက်ဆို ရောဂါလက္ခဏာမျိုးမတွေ့ရပါဘူး။သတ်မှတ်ထားတဲ့ရက်ထိ စောင့်ကြည့်နေရမှာမို့ အိမ်ထဲက အိမ်ပြင်မထွက်ဖို့တော့ ပြောခဲ့ရတာပေါ့"ဟု သားဖွားဆရာမ ဒေါ်သန္တာစိုး ကပြောသည်။

၎င်း အမျိုးသမီးသည် ရွာအပြင် ၎င်း၏ လယ်တဲ၌ ခေတ္တနေထိုင်ပြီး ထွက်ခွာသွားကြောင်း ဒေသခံများ ကပြောသည်။
သတင်း - မုံရွာဂေဇက်

0 comments:

Post a Comment