Tuesday, March 17, 2020

COVID-19 ပျံ့ပွားမှုကာကွယ်ထိန်းချုပ် သံတမန်ရေးရာသင်တန်းများနှင့် ဆွေးနွေးပွဲများ ရွှေ့ဆိုင်း


No photo description available.
အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ပြန့်ပွားမှုကာကွယ်ထိန်းချုပ်ရေးအတွက် သံတမန်ရေးရာ သင်တန်းတွေနဲ့ ဆွေးနွေးပွဲတွေကို ရွှေ့ဆိုင်းလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
နိုင်ငံတချို့မှာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) စတင်ဖြစ်ပွားချိန်နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က COVID-19 ရောဂါကို ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် မတ်(၁၁)ရက်က ကြေညာခဲ့ပြီးနောက် အဲဒီရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် လူစုလူဝေးနဲ့ ကျင်းပတဲ့ အစည်းအဝေး တွေ၊ အခမ်းအနားတွေကို မပြုလုပ်ကြဖို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြား ချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့က ကြီးမှူးပြုလုပ်တဲ့ သံတမန်ရေးရာသင်တန်းတွေ၊ ဆွေးနွေးပွဲတွေ၊ လူစုလူဝေးနဲ့ပြုလုပ်ရမယ့် အခမ်းအနားတွေကို ရွှေ့ဆိုင်းခဲ့တယ်လို့ဖော်ပြထားပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့မှာ အခြေစိုက်တဲ့ နိုင်ငံခြားသံရုံးတွေအနေနဲ့ အခမ်းအနားတွေ၊ ဧည့်ခံပွဲတွေကို အခုနှစ်ဧပြီလကုန်အထိ ပြုလုပ်ခြင်းမပြုဖို့၊ နိုင်ငံခြားသံရုံးတွေက ဖွင့်လှစ်ထားရှိတဲ့ ကျောင်းတွေကို ခေတ္တယာယီပိတ်ထားဖို့ ညှိနှိုင်း အကြောင်းကြားခဲ့တယ်လို့ဆိုပါတယ်။ ပြည်ပနိုင်ငံတွေရှိ မြန်မာသံရုံး/ အဖွဲ့ရုံး/ကောင်စစ် ဝန်ချုပ်ရုံးတွေအနေနဲ့ လည်း ဧည့်ခံပွဲတွေ၊ ဆွေးနွေးပွဲတွေ၊ အထိမ်း အမှတ်အခမ်းအနားတွေကို လောလော ဆယ် ကျင်းပတာမပြုဘဲ ရွေ့ဆိုင်းထားဖို့ ညွှန်ကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
<zawgyi>
COVID-19 ပျံ့ပွားမှုကာကွယ်ထိန်းချုပ် သံတမန်ရေးရာသင်တန်းများနှင့် ဆွေးနွေးပွဲများ ရွှေ့ဆိုင်း
Tuesday, March 17, 2020

အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ပြန့်ပွားမှုကာကွယ်ထိန်းချုပ်ရေးအတွက် သံတမန်ရေးရာ သင်တန်းတွေနဲ့ ဆွေးနွေးပွဲတွေကို ရွှေ့ဆိုင်းလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ကသတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတချို့မှာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) စတင်ဖြစ်ပွားချိန်နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က COVID-19 ရောဂါကို ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် မတ်(၁၁)ရက်က ကြေညာခဲ့ပြီးနောက် အဲဒီရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် လူစုလူဝေးနဲ့ ကျင်းပတဲ့ အစည်းအဝေး တွေ၊ အခမ်းအနားတွေကို မပြုလုပ်ကြဖို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြား ချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့က ကြီးမှူးပြုလုပ်တဲ့ သံတမန်ရေးရာသင်တန်းတွေ၊ ဆွေးနွေးပွဲတွေ၊ လူစုလူဝေးနဲ့ပြုလုပ်ရမယ့် အခမ်းအနားတွေကို ရွှေ့ဆိုင်းခဲ့တယ်လို့ဖော်ပြထားပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့မှာ အခြေစိုက်တဲ့ နိုင်ငံခြားသံရုံးတွေအနေနဲ့ အခမ်းအနားတွေ၊ ဧည့်ခံပွဲတွေကို အခုနှစ်ဧပြီလကုန်အထိ ပြုလုပ်ခြင်းမပြုဖို့၊ နိုင်ငံခြားသံရုံးတွေက ဖွင့်လှစ်ထားရှိတဲ့ ကျောင်းတွေကို ခေတ္တယာယီပိတ်ထားဖို့ ညှိနှိုင်း အကြောင်းကြားခဲ့တယ်လို့ဆိုပါတယ်။ ပြည်ပနိုင်ငံတွေရှိ မြန်မာသံရုံး/ အဖွဲ့ရုံး/ကောင်စစ် ဝန်ချုပ်ရုံးတွေအနေနဲ့ လည်း ဧည့်ခံပွဲတွေ၊ ဆွေးနွေးပွဲတွေ၊ အထိမ်း အမှတ်အခမ်းအနားတွေကို လောလော ဆယ် ကျင်းပတာမပြုဘဲ ရွေ့ဆိုင်းထားဖို့ ညွှန်ကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

0 comments:

Post a Comment