ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သန့်ရှင်းရေးဝန်ဆောင်မှုပေးနေသည့် Mingalar Skyကုမ္ပဏီမှ ဝန်ထမ်း ၆ဝ ကို အလုပ်ရပ်နားခြင်း သည် ဥပဒေနှင့်မညီဟုဆိုကာ တောင်းဆိုချက်များကို အလုပ်သမားဝန်ကြီးဌာနအထိ တင်ပြသွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင်ကုန်တင်ကုန်ချနှင့် သယ်ယူပို့ဆောင်ရေး အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျင်သိန်းက ပြောသည်။
COVID-19 ကြောင့် ရန်ကုန် လေဆိပ်၏ ခရီးသွားကျဆင်းမှုများနှင့် ကုမ္ပဏီ၏ လက်ရှိအခြေအနေအရ Housekeeping Departmentမှ သန့်ရှင်းရေးဝန်ထမ်း ၆ဝ ကို ယခုလ ၃၁ ရက် နောက်ဆုံးထား၍ အလုပ်ရပ်နားမည်ဟု မတ် ၂ဝ ရက်တွင် အဆိုပါ ကုမ္ပဏီက ကြိုတင်အသိပေးအကြောင်းကြားစာ ထုတ်ပြန်ခဲ့သည်။
''အဲဒီအပေါ်မှာ အလုပ်သမားတွေ က သူတို့ကို လျှော့တာဟာ ဥပဒေနဲ့ မညီဘူးဆိုပြီးတော့ ကျေနပ်မှုမရှိဘူး။ အလုပ်လျှော့တဲ့အထဲမှာ ကိုယ်ဝန် ဆောင်တွေ၊ လုပ်သက်ရင့်တဲ့သူတွေ ပါတယ်။ စိစစ်မှုမရှိဘဲ ဒီလိုမျိုး ဗြုန်းခနဲ အလုပ်က ရပ်စဲမယ်ဆိုပြီး လုပ်လိုက် တာက လက်ရှိ တည်ဆဲဥပဒေနဲ့ ဆန့် ကျင်နေတယ်''ဟု ဦးကျင်သိန်းကပြော သည်။
နစ်နာကြေးနှင့်ပတ်သက်ပြီး သတ် မှတ်ထားသော အလုပ်သမားဥပဒေ အတိုင်း လုပ်သက်အလိုက် နစ်နာကြေး၊ နို့တစ်ကြေး၊ လုပ်သက်ခွင့်ကြေး စသည် တို့ကို ထည့်သွင်းတွက်ချက်ပေးပြီး ဧပြီ ၂ ရက်တွင် နောက်ဆုံးထား ရှင်းလင်းပေးမည်ဟု အဆိုပါကုမ္ပဏီ၏ အသိပေးအကြောင်းကြားစာ၌ ဖော်ပြ ထားသည်။
''အလုပ်သမား အားလုံးကို လုပ် သက်အလိုက် အလုပ်ထုတ်ပယ်တဲ့ နစ်နာကြေးပေးရမယ့်နေရာမှာ နှစ်လ စာ၊ သုံးလစာပဲပေးမယ်။ အားလုံးကျေ နပ်ရမယ်ဆိုပြီး ဖိအားပေးလာတဲ့အခါ မကျေမနပ်ဖြစ်နေတယ်။အလုပ်ရှင် ဘက်က supervisorတွေနဲ့လည်း တွေ့ပြီးပြီ။ လုပ်ငန်းရှင်နဲ့တော့ မနက် ဖြန် တွေ့ဆုံညှိနှိုင်းဖို့ ပြင်ဆင်နေတယ်''ဟု ဦးကျင်သိန်းက ပြောသည်။
အလုပ်သမားတို့၏ တောင်းဆိုမှု မှာ အလုပ်မထုတ်ရန်ဖြစ်ပြီး အကယ် ၍ အင်အားလျှော့မည်ဆိုပါက ဥပဒေ အတိုင်း လုပ်ဆောင်ပေးရန်ဖြစ်ကြောင်း ဦးကျင်သိန်းက ပြောသည်။
Source - The Myanmar Times
<zawgyi>
COVID-19 ကြောင့် ရန်ကုန်လေဆိပ် သန့်ရှင်းရေးဝန်ဆောင်မှုကုမ္ပဏီ ဝန်ထမ်း ၆ဝ အလုပ်ရပ်နားခြင်းသည် ဥပဒေနှင့်မညီကြောင်း အလုပ်သမားဝန် ကြီးဌာနအထိ တင်ပြသွားမည်
Monday, March 23, 2020
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သန့်ရှင်းရေးဝန်ဆောင်မှုပေးနေသည့် Mingalar Skyကုမ္ပဏီမှ ဝန် ထမ်း ၆ဝ ကို အလုပ်ရပ်နားခြင်း သည် ဥပဒေနှင့်မညီဟုဆိုကာ တောင်းဆိုချက်များကို အလုပ်သမားဝန် ကြီးဌာနအထိ တင်ပြသွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ များအဖွဲ့ချုပ် အဖွဲ့ဝင်ကုန်တင် ကုန်ချ နှင့် သယ်ယူပို့ဆောင်ရေး အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျင်သိန်းက ပြော သည်။
COVID-19 ကြောင့် ရန်ကုန် လေဆိပ်၏ ခရီးသွားကျဆင်းမှုများနှင့် ကုမ္ပဏီ၏ လက်ရှိအခြေအနေအရ Housekeeping Departmentမှ သန့်ရှင်းရေးဝန်ထမ်း ၆ဝ ကို ယခုလ ၃၁ ရက် နောက်ဆုံးထား၍ အလုပ်ရပ် နားမည်ဟု မတ် ၂ဝ ရက်တွင် အဆိုပါ ကုမ္ပဏီက ကြိုတင်အသိပေးအကြောင်းကြားစာ ထုတ်ပြန်ခဲ့သည်။
''အဲဒီအပေါ်မှာ အလုပ်သမားတွေ က သူတို့ကို လျှော့တာဟာ ဥပဒေနဲ့ မညီဘူးဆိုပြီးတော့ ကျေနပ်မှုမရှိဘူး။ အလုပ်လျှော့တဲ့အထဲမှာ ကိုယ်ဝန် ဆောင်တွေ၊ လုပ်သက်ရင့်တဲ့သူတွေ ပါတယ်။ စိစစ်မှုမရှိဘဲ ဒီလိုမျိုး ဗြုန်းခနဲ အလုပ်က ရပ်စဲမယ်ဆိုပြီး လုပ်လိုက် တာက လက်ရှိ တည်ဆဲဥပဒေနဲ့ ဆန့် ကျင်နေတယ်''ဟု ဦးကျင်သိန်းကပြော သည်။
နစ်နာကြေးနှင့်ပတ်သက်ပြီး သတ် မှတ်ထားသော အလုပ်သမားဥပဒေ အတိုင်း လုပ်သက်အလိုက် နစ်နာ ကြေး၊ နို့တစ်ကြေး၊ လုပ်သက်ခွင့်ကြေး စသည် တို့ကို ထည့်သွင်းတွက်ချက်ပေးပြီး ဧပြီ ၂ ရက်တွင် နောက် ဆုံးထား ရှင်းလင်းပေးမည်ဟု အဆိုပါကုမ္ပဏီ၏ အသိပေးအကြောင်းကြားစာ၌ ဖော်ပြ ထားသည်။
''အလုပ်သမား အားလုံးကို လုပ် သက်အလိုက် အလုပ်ထုတ်ပယ်တဲ့ နစ်နာကြေးပေးရမယ့်နေရာမှာ နှစ်လ စာ၊ သုံးလစာပဲပေးမယ်။ အားလုံးကျေ နပ်ရမယ်ဆိုပြီး ဖိအားပေးလာတဲ့အခါ မကျေမနပ်ဖြစ်နေတယ်။အလုပ်ရှင် ဘက်က supervisorတွေနဲ့လည်း တွေ့ပြီးပြီ။ လုပ်ငန်းရှင်နဲ့တော့ မနက် ဖြန် တွေ့ဆုံညှိနှိုင်းဖို့ ပြင်ဆင်နေတယ်''ဟု ဦးကျင်သိန်းက ပြောသည်။
အလုပ်သမားတို့၏ တောင်းဆိုမှု မှာ အလုပ်မထုတ်ရန်ဖြစ်ပြီး အကယ် ၍ အင်အားလျှော့မည်ဆိုပါက ဥပဒေ အတိုင်း လုပ်ဆောင်ပေးရန်ဖြစ်ကြောင်း ဦးကျင်သိန်းက ပြောသည်။
Source - The Myanmar Times
0 comments:
Post a Comment