Monday, March 23, 2020

အာရှပစိဖိတ်နိုင်ငံများက COVID-19 ရင်ဆိုင်ရန် ကာကွယ်ရေး၊ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်တိုးမြှင့်ဆောင်ရွက်နေ

Image may contain: one or more people and people standing

ဩစတြေးလျ ဘွန်ဒီကမ်းခြေမှသည် နယူးဒေလီလမ်းမများအထိ အာရှပစိဖိတ်နိုင်ငံများသည် COVID-19 ကူးစက်ပျံ့ပွားမှုထိန်းချုပ်ရေးအတွက် အရှိန်မြှင့်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

အာရှပစိဖိတ်ဒေသတွင်း ကူးစက်မှုပေါင်းသည် တစ်ကမ္ဘာလုံး စုစုပေါင်း၏ သုံးပုံတစ်ပုံခန့်ဖြစ်သော ၉၅၀၀၀ ခန့်သို့ ရောက်ရှိလာသဖြင့် ဒေသတွင်းနိုင်ငံအများအပြားသည် အများပြည်သူ ခရီးသွားလာမှုများကို ပိုမိုကန့်သတ်လာခဲ့သည်။ တရုတ်ပြင်ပရှိ အာရှပစိဖိတ်နိုင်ငံများထဲတွင် တောင်ကိုရီးယားသည် ကူးစက်ခံရသူ ၈၅၀၀ ဖြင့် အများဆုံးရပ်တည်လျက်ရှိသည်။ ဗိုင်းရပ်စ်စတင်ခဲ့သော တရုတ်ပြည်တွင်း၌ ကူးစက်မှုများ ကျဆင်းလာနေသော်လည်း အခြားနိုင်ငံများတွင်ကား အရှိန်မြှင့်ကူးစက်လျက်ရှိနေသည်။
ထိုင်းနိုင်ငံတွင်လည်း ရက်ပိုင်းအတွင်း ကူးစက်သူ ၆၀၀ ခန့်ထိ မြင့်တက်လာခဲ့သည်။ ကူးစက်သူ ၅၁၄ ဦးနှင့် သေဆုံးသူ ၄၈ ဦးရှိသော အင်ဒိုနီးရှားနိုင်ငံတွင်လည်း COVID-19 လူနာများကို ကြပ်မတ်ကုသပေးနေသည့် ဆရာဝန်သုံးဦး သေဆုံးခဲ့သည်။ အင်ဒိုနီးရှားမြို့တော် ဂျကာတာတွင် စီးပွားလုပ်ငန်းအားလုံး နှစ်ပတ်ပိတ်ထားရန် ညွှန်ကြားထားသည်။
ကူးစက်သူ ၁၃၀၀ ကျော်လာသော ဩစတြေးလျတွင်လည်း ပြည်ပသားများ ဝင်ရောက်ခွင့်ကို ရာနှုန်းပြည့်ပိတ်ပင်လိုက်ပြီး ပြည်တွင်းခရီးသွားလာမှုများကိုပါ တတ်နိုင်သမျှ လျှော့ချထားရန် အစိုးရက အများပြည်သူကို နှိုးဆော်ထားသည်။ စားသောက်ဆိုင်၊ လောင်းကစားရုံ၊ ရုပ်ရှင်ရုံ၊ ဘာသာရေး နေရာများပါမကျန် မတ် ၂၃ ရက်က စတင်ကာ ပိတ်ထားရန်ညွှန်ကြားထားပြီး လိုအပ်ပါက ခြောက်လခန့်ထိ ပိတ်ထားရန် ညွှန်ကြားကောင်း ညွှန်ကြားရနိုင်ကြောင်း အစိုးရက ပြောသည်။
ပါကစ္စတန်သည်လည်း COVID-19 ကူးစက်မှု ထိန်းချုပ်ရန် နိုင်ငံတကာ လေကြောင်းခရီးစဉ်များကို ရပ်ဆိုင်းထားလိုက်ပြီဖြစ်သည်။ ပါကစ္စတန်တွင် COVID-19 သံသယလူနာ ၅၆၅၀ ဦး၊ အတည်ပြုလူနာ ၆၄၆ ဦးနှင့် သေဆုံးသူ ၃ ဦးရှိသည်။ အိမ်နီးချင်း ဘဂ်လားဒေ့ရှ်တွင် ကူးစက်သူ ၂၇ ဦးရှိသည်။
အိန္ဒိယနိုင်ငံတွင်လည်း မတ် ၂၂ ရက်က ၁၄ နာရီကြာ အိမ်ပြင်မထွက်ရန်စနစ် စမ်းသပ်ကျင့်သုံးခဲ့ပြီး COVID-19 တိုက်ဖျက်ရေး ပြင်ဆင်ခဲ့သည်။ မဖြစ်မနေ အလုပ်ခွင်သွားရမည့်သူများကလွဲ၍ ပုဂ္ဂလိက လုပ်သားအားလုံး နေအိမ်ကနေသာ အလုပ်လုပ်ရန် အစိုးရက ညွှန်ကြားထားသည်။
ref-MMTime #Myanmar_Online_News
>>Zawgyi<<
အာရှပစိဖိတ်နိုင်ငံများက COVID-19 ရင်ဆိုင်ရန် ကာကွယ်ရေး၊ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်တိုးမြှင့်ဆောင်ရွက်နေ
Tuesday, March 24, 2020

0 comments:

Post a Comment