ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့ရဲ့ အကြီးဆုံး အကျဥ်းထောင်တစ်ခုမှာ အာဏာပိုင်တွေရဲ့အဆိုအရ COVID-19 ဗိုင်းရပ်စ်ကူးစက်မှုအပေါ် တင်းမာမှုတွေ မြင့်တက်နေစဥ် အကျဥ်းသားများ အစုအပြုံလိုက် ထောင် ဖောက်ပြေးရန် ကြိုးပမ်းခဲ့ရာမှ အနည်းဆုံး ၂၃ ဦး သေဆုံးခဲ့ပါတယ်။
ဘိုဂိုတာမြို့ရှိ La Modelo အကျဥ်းထောင်မှာ ဖြစ်ပွားခဲ့တဲ့ ဆူပူအုံကြွမှုအတွင်း အကျဥ်းသား ၈၃ ဦး ဒဏ် ရာရခဲ့ကြောင်း ကိုလံဘီယာ တရားရေးဝန်ကြီး မာဂရီတာကာဘယ်လိုက ပြောပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားနေစဥ်ကာလအတွင်း ကိုလံဘီယာနိုင်ငံတစ်ဝှမ်းရှိ အကျဥ်းထောင်တွေမှာ လူအဆမတန်များပြားနေခြင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းခြင်းတို့အပေါ် တနင်္ဂနွေနေ့ (မတ်လ ၂၂ ရက်) က အကျဥ်းသားများ ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
အကျဥ်းထောင်ဆူပူများအတွင်း အကျဥ်းသား ၃၂ ဦးနဲ့ အစောင့်ခုနစ်ဦး ဒဏ်ရာများဖြင့် ဆေးရုံရောက်ခဲ့ပြီး အစောင့်နှစ်ဦးရဲ့ အခြေအနေဟာ စိုးရိမ်ရကြောင်း တရားရေးဝန်ကြီး ကာဘယ်လိုက ပြောပါတယ်။ ယခု အကြမ်းဖက် ဆူပူအုံကြွမှုတွေကို ပူးပေါင်းကြံစည်ပြီး လုပ်ဆောင်ခဲ့ကြကြောင်းနဲ့ နိုင်ငံတစ်ဝှမ်း အကျဥ်းထောင် ၁၃ ခုမှာ ဖြစ်ပွားခဲ့ကြောင်း သူမက ဆိုပါတယ်။ အကျဥ်းထောင်တွေမှာ မသန့်ရှင်းမှု အခြေအနေတွေကြောင့် ဗိုင်းရပ်စ်ကူးစက်နိုင်မှုအပေါ် စိုးရိမ်မှုများနဲ့ပတ်သက်ပြီး တရားရေးဝန်ကြီးက ငြင်းဆိုခဲ့ပါတယ်။
"ဒီအစီအစဥ်နဲ့ ဆူပူအုံကြွမှုတွေ ဖြစ်ပွားစေတဲ့ မသန့်ရှင်းတဲ့ အခြေအနေမျိုး မရှိပါဘူး၊ အကျဥ်းသား ဒါမှမဟုတ် အကျဥ်းထောင်အုပ်ချုပ်ရေးဝန်ထမ်း တစ်ယောက်မျှ ဗိုင်းရပ်စ်ကူးစက်ခံရတာ မရှိပါဘူး" လို့ တရားရေးဝန်ကြီးက ပြောပါတယ်။ အကျဥ်းသားတွေဟာ ဒေါသတကြီး ဆူပူရမ်းကားခဲ့ကြောင်းနဲ့ အချို့ကို လူ သတ်ရန်ကြိုးပမ်းမှုနဲ့ အဆောက်အအုံ၊ ပစ္စည်းဥစ္စာဖျက်ဆီးဖြင့် စွဲချက်တင်သွားမယ်လို့လည်း ကာဘယ်လိုက ဆိုပါတယ်။ La Modelo အကျဥ်းထောင်အပြင်ဘက်မှာတော့ အကျဥ်းသားတွေရဲ့ ဆွေမျိုးသားချင်းတွေက ထောင်ထဲမှအခြေအနေကို သိရှိနိုင်ရန် လာရောက်စုဝေး စောင့်ဆိုင်းနေခဲ့ကြပါတယ်။
၎င်းတို့ရဲ့ အဆိုအရ လုံခြုံရေးတပ်ဖွဲ့တွေ ရောက်ရှိလာပြီးနောက် အကျဥ်းထောင်ထဲမှ သေနတ်သံများ ကြားခဲ့ရတယ်လို့ သိရပါတယ်။ ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုတွေအရ အကျဥ်းသားတွေက မွေ့ရာများကို မီးရှို့နေတာ တွေ့ခဲ့ရကြောင်း BBC သတင်းက ဖော်ပြပါတယ်။
ကိုလံဘီယာ တရားရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေအရ နိုင်ငံတစ်ဝှမ်းရှိ အကျဥ်းထောင် ၁၃၂ ခုမှာ အကျဥ်းသားဦးရေ ၈၁,၀၀၀ ကို ထိန်းသိမ်းထားနိုင်တာဖြစ်ပေမဲ့ လက်ရှိမှာ အကျဥ်းသားအရေအတွက် ၁၂၁,၀၀၀ ကျော်ရှိနေပါတယ်။ မတ်လ ၂၃ ရက် မနက်ပိုင်းအထိ စာရင်းတွေအရ ကိုလံဘီယာနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၁၀ ဦးရှိပြီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
Ref ; Duwun
<zawgyi>
COVID-19 နဲ့ ဆက်နွယ်နေတဲ့ ကိုလံဘီယာအကျဉ်းထောင် ဆူပူအုံကြွမှုအတွင်း ၂၃ ဦးထက်မနည်း သေဆုံး
Monday, March 23, 2020
ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့ရဲ့ အကြီးဆုံး အကျဉ်းထောင်တစ်ခုမှာ အာဏာပိုင်တွေရဲ့အဆိုအရ COVID-19 ဗိုင်းရပ်စ်ကူးစက်မှုအပေါ် တင်းမာမှုတွေ မြင့်တက်နေစဉ် အကျဉ်းသားများ အစုအပြုံလိုက် ထောင် ဖောက်ပြေးရန် ကြိုးပမ်းခဲ့ရာမှ အနည်းဆုံး ၂၃ ဦး သေဆုံးခဲ့ပါတယ်။
ဘိုဂိုတာမြို့ရှိ La Modelo အကျဉ်းထောင်မှာ ဖြစ်ပွားခဲ့တဲ့ ဆူပူအုံကြွမှုအတွင်း အကျဉ်းသား ၈၃ ဦး ဒဏ် ရာရခဲ့ကြောင်း ကိုလံဘီယာ တရားရေးဝန်ကြီး မာဂရီတာကာဘယ်လိုက ပြောပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားနေစဉ်ကာလအတွင်း ကိုလံဘီယာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်တွေမှာ လူအဆမတန်များပြားနေခြင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းခြင်းတို့အပေါ် တနင်္ဂနွေနေ့ (မတ်လ ၂၂ ရက်) က အကျဉ်းသားများ ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
အကျဉ်းထောင်ဆူပူများအတွင်း အကျဉ်းသား ၃၂ ဦးနဲ့ အစောင့်ခုနစ်ဦး ဒဏ်ရာများဖြင့် ဆေးရုံရောက်ခဲ့ပြီး အစောင့်နှစ်ဦးရဲ့ အခြေအနေဟာ စိုးရိမ်ရကြောင်း တရားရေးဝန်ကြီး ကာဘယ်လိုက ပြောပါတယ်။ ယခု အကြမ်းဖက် ဆူပူအုံကြွမှုတွေကို ပူးပေါင်းကြံစည်ပြီး လုပ်ဆောင်ခဲ့ကြကြောင်းနဲ့ နိုင်ငံတစ်ဝှမ်း အကျဉ်းထောင် ၁၃ ခုမှာ ဖြစ်ပွားခဲ့ကြောင်း သူမက ဆိုပါတယ်။ အကျဉ်းထောင်တွေမှာ မသန့်ရှင်းမှု အခြေအနေတွေကြောင့် ဗိုင်းရပ်စ်ကူးစက်နိုင်မှုအပေါ် စိုးရိမ်မှုများနဲ့ပတ်သက်ပြီး တရားရေးဝန်ကြီးက ငြင်းဆိုခဲ့ပါတယ်။
"ဒီအစီအစဉ်နဲ့ ဆူပူအုံကြွမှုတွေ ဖြစ်ပွားစေတဲ့ မသန့်ရှင်းတဲ့ အခြေအနေမျိုး မရှိပါဘူး၊ အကျဉ်းသား ဒါမှမဟုတ် အကျဉ်းထောင်အုပ်ချုပ်ရေးဝန်ထမ်း တစ်ယောက်မျှ ဗိုင်းရပ်စ်ကူးစက်ခံရတာ မရှိပါဘူး" လို့ တရားရေးဝန်ကြီးက ပြောပါတယ်။ အကျဉ်းသားတွေဟာ ဒေါသတကြီး ဆူပူရမ်းကားခဲ့ကြောင်းနဲ့ အချို့ကို လူ သတ်ရန်ကြိုးပမ်းမှုနဲ့ အဆောက်အအုံ၊ ပစ္စည်းဥစ္စာဖျက်ဆီးဖြင့် စွဲချက်တင်သွားမယ်လို့လည်း ကာဘယ်လိုက ဆိုပါတယ်။ La Modelo အကျဉ်းထောင်အပြင်ဘက်မှာတော့ အကျဉ်းသားတွေရဲ့ ဆွေမျိုးသားချင်းတွေက ထောင်ထဲမှအခြေအနေကို သိရှိနိုင်ရန် လာရောက်စုဝေး စောင့်ဆိုင်းနေခဲ့ကြပါတယ်။
၎င်းတို့ရဲ့ အဆိုအရ လုံခြုံရေးတပ်ဖွဲ့တွေ ရောက်ရှိလာပြီးနောက် အကျဉ်းထောင်ထဲမှ သေနတ်သံများ ကြားခဲ့ရတယ်လို့ သိရပါတယ်။ ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုတွေအရ အကျဉ်းသားတွေက မွေ့ရာများကို မီးရှို့နေတာ တွေ့ခဲ့ရကြောင်း BBC သတင်းက ဖော်ပြပါတယ်။
ကိုလံဘီယာ တရားရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေအရ နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင် ၁၃၂ ခုမှာ အကျဉ်းသားဦးရေ ၈၁,၀၀၀ ကို ထိန်းသိမ်းထားနိုင်တာဖြစ်ပေမဲ့ လက်ရှိမှာ အကျဉ်းသားအရေအတွက် ၁၂၁,၀၀၀ ကျော်ရှိနေပါတယ်။ မတ်လ ၂၃ ရက် မနက်ပိုင်းအထိ စာရင်းတွေအရ ကိုလံဘီယာနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၁၀ ဦးရှိပြီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
Ref ; Duwun
0 comments:
Post a Comment