Wednesday, March 18, 2020

နေပြည်တော်တွင် COVID-19 ဗိုင်းရပ်စ် စောင့်ကြည့်လူနာတစ်ဦး တွေ့ရှိ

Image may contain: sky, tree, outdoor and nature
နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ စည်ပင်သာရွာတွင် ယနေ့မတ် ၁၈ ရက်က COVID-19 ရောဂါ စောင့်ကြည့်လူနာတစ်ဦး တွေ့ရှိရခြင်းကြောင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးသို့ စောင့်ကြည့်လူအဖြစ်ကုသရန် ပို့ဆောင်ထားကြောင်း သိရသည်။
ယင်းလူနာသည် အသက် ၈၇ ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်း၏သားဖြစ်သူမှာ ထိုင်းနိုင်ငံမှ ပြန်လာသူဖြစ်ကြောင်း ကနဦးစုံစမ်းမှုများအရ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ခင်ကြီးအား ဆက်သွယ်မေးမြန်းရာတွင် ဟုတ်မှန်ကြောင်း ပြန်လည်ဖြေကြားသည်။

"ဟုတ်တယ်။ ဒီနေ့ရှိတယ်" ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကြီးသို့ COVID-19 စောင့်ကြည့်လူနာအဖြစ် ရောက်ရှိလာသော အမျိုးသားနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရုံးချုပ်သို့ သတင်းပေးပို့ထားပြီးဖြစ်ကြောင်း နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှ ဒေါက်တာအောင်လင်းအေးက ပြောကြားသည်။

လက်ရှိတွင် လူနာကို မည်သို့ဆောင်ရွက်ထားသနည်းဆိုသည့် မေးမြန်းမှုနှင့်ပတ်သက်၍ ဒေါက်တာခင်ခင်ကြီးက "သူ့ကို ဘယ်လိုလုပ်ထားလဲဆိုတော့ တခြားသူတွေ လုပ်သလိုပဲလုပ်တယ်။ တခြားလူတွေ ဘာလုပ်သလဲ။ ဆေးရုံတက်တယ်။ သီးခြားထားရှိ ကုသတယ်။ သူ့ကို လိုအပ်တဲ့ ကုသမှုတွေပေးတယ်။ သူ့ဆီက Sample ယူတယ်။ NHL ကို ပို့တယ်။ NHL မှာရောက်ရင် NHL က စစ်မယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

နေပြည်တော်တွင် တွေ့ရှိသည့် COVID-19 စောင့်ကြည်လူနာသည် ချောင်းဆိုးခြင်း၊ မောခြင်းများ ဖြစ်ပွားခြင်းကြောင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးသို့ ရောက်ရှိလာခြင်းဖြစ်ပြီး လူနာ၏ ဓာတ်ခွဲနမူနာကို ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) သို့ ပို့ဆောင်ထားကြောင်းနှင့် လက်ရှိတွင် လူနာ၏အခြေအနေသည် ကောင်းမွန်နေပြီး COVID-19 စောင့်ကြည့်လူနာအဖြစ်ထားရှိ၍ လိုအပ်သောကုသမှုများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ref-eleven
>>Zawgyi<<
နေပြည်တော်တွင် COVID-19 ဗိုင်းရပ်စ် စောင့်ကြည့်လူနာတစ်ဦး တွေ့ရှိ
Wednesday, March 18 , 2020

0 comments:

Post a Comment