Tuesday, March 24, 2020

မြန်မာနိုင်ငံ Lockdown ဖြစ်ခဲ့မည်ဆိုပါက စားနပ်ရိက္ခာပေါများသည့် နိုင်ငံဖြစ်သည့်အတွက် စိုးရိမ်စရာမလိုအပ်ကြောင်း UMFCCI ဒုဥက္ကဋ္ဌ ပြော

Image may contain: 1 person, sitting and indoor
COVID-19 ကြောင့် မြန်မာနိုင်ငံတွင် အဝင်အထွက်ပိတ်ဆို့မှု (Lockdown) ဖြစ်ခဲ့မည်ဆိုလျှင်ပင် စိုးရိမ်ပူပန် စရာမလိုကြောင်း စက်မှုကုန်သည်အသင်းချုပ် (UMFCCI) ဒုဥက္ကဋ္ဌ ဦးမောင်မောင်လေးက ပြောသည်။

လက်ရှိ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်- ၁၉ ကြောင့် နိုင်ငံအချို့တွင် (Lockdown) အဝင်အထွက်ပိတ်ဆို့ခဲ့ပြီး နိုင်ငံအချို့တွင် အိမ်ပြင်မထွက်ရအမိန့်ထုတ်ပြန်ထားရသည့်အခြေအနေ ဖြစ်နေသည်။
မြန်မာနိုင်ငံတွင် မတ် ၂၄ ရက်က COVID-19 ရောဂါပိုးတွေ့ရှိသူ ၂ ဦးကို စတင်တွေ့ရှိခဲ့သည်။
လိုအပ်၍ Lockdown ပြုလုပ်လိုက်မည်ဆိုလျှင်လည်း စားနပ်ရိက္ခာပေါများသည့် နိုင်ငံဖြစ်သည့်အတွက် စိုးရိမ်စရာမလိုအပ်ကြောင်း ဦးမောင်မောင်လေးက ပြောသည်။
''မြန်မာနိုင်ငံတွင်းမှာ မတော်တဆကူးစက်ခံရပြီးဖြစ်ခဲ့ရင်ပဲဖြစ်ဖြစ် Lockdown သတ်မှတ်ခဲ့တာပဲဖြစ်ဖြစ် လုပ်ခဲ့ရင်တောင် ပူပန်စိုးရိမ်စရာမလိုအပ်ဘူး။ မြန်မာနိုင်ငံက စားနပ်ရိက္ခာပေါများတဲ့ နိုင်ငံဖြစ်တယ်။ ဆန်ဆိုရင်လည်းရှိတယ်။ ဆီဆိုရင်လည်း ရှိတယ်။ ရေလည်းပေါများတယ်။ တခြားစားစရာတွေလည်း ပေါများတယ်။ ပြည်သူတွေငြိမ်ဝပ်ပိပြားဖို့နဲ့ စားသောက်စရာပစ္စည်းတွေကို ဖြည့်ဆည်းပေးပို့အတွက် အစိုးရကတော့ ဆောင်ရွက်ပေးနိုင်ပါတယ်''ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ပြည်ပနိုင်ငံများသို့ ကုန်ပစ္စည်းတင်ပို့မှုအခက်အခဲများကြောင့် တင်ပို့မှုလျော့ကျခဲ့သည့်အတွက်လည်း အခြေခံစားသောက်ကုန်များ ရှိနေကြောင်း ဦးမောင်မောင်လေးက ပြောသည်။
''အရေးအကြီးဆုံးက စားဖို့ရယ်၊ ရေရယ် ကုသမှုဆေးဝါးကအရေးကြီးဆုံးပဲ။ နောက်ပြီး အဲဒါတွေကို ဝယ်နိုင်ဖို့ ငွေရှိဖို့လို အပ်တယ်။ ဘဏ်တွေကလည်း အရေးပါတယ်။ ဝန်ထမ်းတွေငွေပေးနိုင်ဖို့ အတွက်။ နောက်ပြီး ပိုက်ဆံကိုမလိုအပ်တဲ့ နေရာတွေမှာ မသုံးဖို့အတွက်လည်း သတိထားဖို့ လိုတယ်။ တရုတ်နိုင်ငံမှာဆိုရင် တပတ် လုံးနေမှ အိမ်သားနှစ်ယောက်ပဲ အပြင်ထွက်ပြီး စားနပ်ရိက္ခာဝယ်ရတာ။ သူတို့နိုင်ငံက စားနပ်ရိက္ခာအတွက် အခက်အခဲရှိတယ်''ဟု ၎င်းက ပြောသည်။
ထို့အပြင် UMFCCI အနေဖြင့် COVID-19 ကြောင့်ဖြစ်ပေါ်နေသည့် စီးပွားရေးနှင့်လူမှုရေး သက်ရောက်မှုများကို ရင်ဆိုင်ဖြေရှင်းရန် နိုင်ငံတော်အစိုးရနှင့် လက်တွဲပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း မတ် ၁၇ ရက်တွင် သတင်းထုတ် ပြန်ထားသည်။
ref-new watchs
>>Zawgyi<<

0 comments:

Post a Comment