Thursday, April 30, 2020

အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI)ဖြင့် ပထမအကြိမ်အဖြစ် မြန်မာနိုင်ငံသား (၉၆)ဦးအား ပြန်လည်ပို့ဆောင်မည်ဖြစ်

ကမ္ဘာ့တစ်ဝှမ်းနိုင်ငံများတွင် COVID-19 ရောဂါကူးစက် ပြန့်ပွားနေသည့် ကာလအတွင်း ကိုရီးယားသမ္မတနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေပြီး မဖြစ်မနေအပြီး ပြန်လည်ထွက်ခွာရန် လိုအပ်နေသော မြန်မာနိုင်ငံသားများအား Relief Flight များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံအစိုးရ၏လမ်းညွှန်မှုဖြင့် မြန်မာသံရုံး၊ ဆိုးလ်မြို့အနေဖြင့် စီစဉ် ဆောင်ရွက်ခဲ့ရာ ၃၀-၄-၂၀၂၀ ရက်နေ့၊ (၁၇:၀၀) နာရီအချိန်တွင် အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့်...

ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေး၏ တာဝန်ရှိသူများသို့ မေးနေမိတဲ့မေးခွန်းများ

နေပြည်တော်ကိုလာမယ့် ဌာနအဖွဲ့အစည်းများနဲ့ အများပြည်သူလိုက်နာဖို့အသိပေးကြေငြာချက်မှာအဓိကအားဖြင့် ရောဂါဖြစ်ပွားရာတိုင်းနဲ့ပြည်နယ်တွေရှိ stay at home မြို့နယ်ကလူတွေ နေပြည်တော်လာမယ်ဆိုရင်...

လက်ရှိဝန်ကြီးချုပ်အား စစ်ဆေးရန်ရှိသော်လည်း တရားရုံးသို့ရောက်မလာနိုင်သဖြင့် အဂတိလိုက်စားမှုဖြင့် အရေးယူခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲလဲ့မော်အမှု ရုံးချိန်းရပ်နားခဲ့ရ

အဂတိမှုဖြင့် အရေးယူခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲလဲ့မော်အပါအဝင် လေးဦးအမှုတွင် လက်ရှိဝန်ကြီးချုပ်အား စစ်ဆေးရန်ရှိသော်လည်း တရားရုံးသို့ ရောက်မလာခဲ့သဖြင့် ရုံးချိန်းရပ်နားခဲ့ရကြောင်း သိရသည်။...

ကလေးများတွင်တွေ့ရသော COVID-19 ရောဂါ၏ဆိုးကျိုးသည် ကြုံတောင့်ကြုံခဲ ဖြစ်ကြောင်း WHO ပြောကြား

COVID-19 ရောဂါဖြစ်ပွားသောကလေးအများစုသည် ပြန်လည်ကောင်းမွန် လာကြသော်လည်း အချို့သောနိုင်ငံများမှ ကူးစက်ခံထားရသော ကလေးအနည်းငယ် တွင် ရှားပါသောရောင်ရမ်းမှုရောဂါလက္ခဏာတစ်ခုကိုတွေ့ရှိရကြောင်း ဧပြီလ ၂၉ ရက် တွင် WHO မှပြောကြားခဲ့ပါသည်။...

ရွေးကောက်ပွဲကော်မရှင်မှ အသိပေးကြေညာချက်ထုတ်ပြန်

ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေး အစီအစဉ်ကို ၂၁-၅-၂၀၂၀ ရက်နေ့၊ နံနက် (၁၀) နာရီတွင် ပြန်လည်ကျင်းပ...

နေတိုးအုပ်စုရဟတ်ယာဉ် ဂရိနိုင်ငံအနီးရေပြင်တွင် ပျက်ကျမှုဖြစ်ပွား

နေတိုးအုပ်စုမှ ရဟတ်ယာဉ်တစ်စီး NATO helicopter ဟာ အိုင်အိုနီးရန်းပင်လယ်၊ ကယ်ဖာလိုးနီးယားဒေသမှာရှိတဲ့ ဂရိကျွန်းစုတွေနားမှာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၉ ရက်နေ့တုန်းက မတော်တဆ ပျက်ကျမှုတစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။...

မြန်မာနိုင်ငံ၏ COVID-19 ကာကွယ်ကုသရေးများတွင် ရွပ်ရွပ်ချွံချွံ ကြိုးပမ်း လျက်ရှိသော ဆရာဝန်၊ ဆရာမများနှင့် ကျန်းမာရေး ဝန်ထမ်းများအား ဧရာဝတီ ဖောင်ဒေးရှင်းမှ ထပ်မံ ဂုဏ်ပြုချီးမြှင့်

COVID-19 စတင်ချိန်မှ စ၍ ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကာ တာဝန် ထမ်းဆောင်လျက် ရှိကြသော ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဓာတ်ခွဲနမူနာ (Swap Test) ရယူပေးသော သူနာပြု ဆရာမများအတွက် ငွေကျပ် သိန်း(၁၀၀)နှင့် ဓာတ်ခွဲ စစ်ဆေးမှုများကို နေ့ညမရွေး အပင်ပန်းခံကာ စစ်ဆေးပေး လျက်ရှိသော အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (NHL) မှ ဝန်ထမ်းများ အတွက် ငွေကျပ် သိန်း(၁၀၀)နှင့် ဝေဘာဂီအထူးကု ဆေးရုံကြီးတွင် ဆေးကုသမှု...

မြန်မာနိုင်ငံသို့လာရောက် အလုပ်လုပ်ကိုင်နေသော ထိုင်းနိုင်ငံသားများအား ပြန်လည်ပို့ဆောင်ပေး

မြန်မာနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေပြီး နေရပ်ပြန်ရန်လိုအပ်သည့် ထိုင်းနိုင်ငံသား ကျား ၁ ၊ မ ၂ ကလေးကျား ၁ ဦး စုစုပေါင်း ၄ ဦး အား ၃၀.၄.၂၀ နံနက် ၉ နာရီ အချိန် လဝက ဌာနခွဲ ၆ မှ လက်ညွန်ဦးမောင်မောင်မြင့် ဦးဆောင်သည့်အဖွဲ့ CNCMC အဖွဲ့ သည် အမှတ် ၂ ချစ်ကြည်ရေးတံတားမှ တဆင့် ထိုင်းနိုင်ငံဖက်သို့ လိုက်လံပို့ဆောင်ပြီး တံတား ၂တာဝန်ခံအရာရှိ ရဲမှု ပတ်ထဘွန် အော်နွန်း ဦးစီးသည့်အဖွဲ့မှကြိုဆိုလက်ခံခဲ့ကြကြောင်း သိရှိရပါသည်။...

Wednesday, April 29, 2020

တပ်မတော်၏ နေပြည်တော်နှင့် ရန်ကုန်မြို့တို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ (Covid-19) ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား ဆက်လက်လက်ခံနေ

Coronavirus Disease 2019 (Covid-19) ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတို့၌ လက်ခံ၍ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိသည်။...

COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်ကပ်ရောဂါ၏ အဆိုးဆုံးကာလကို ရင်ဆိုင်ရန် ဘင်္ဂလားဒက်ရှ် ပြင်ဆင်ပြီ။ များများစစ်ဆေးလေ ကူးစက်ခံရသူအရေအတွက် တိုးလာလေတွေ့ရှိ။ ပြန်လည်နလံထလာနှုန်း နှေးကွေးနေစဉ် သေဆုံးအရေအတွက် လျှင်မြန်စွာတိုးတက်နေ

မတ်လ ၈ ရက်နေ့၌ ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် Covid-19 ရောဂါပိုး စွဲကပ်ခံရသူ ပထမဆုံးအကြိမ် တွေ့ရှိပြီးခဲ့ပြီးနောက်၊ ရက်သတ္တ ၇-ပတ်မြောက် ဧပြီ- ၁၉ မှ ၂၅ ရက်နေ့တွင် သေဆုံးသူ ၅၆-ဦးဖြစ်လာသည်။ အဆိုပါ ၇-ရက်တာ ကာလအတွင်း သေဆုံးအရေအတွက်မှာ ပထမဆုံးရက်သတ္တပတ်ထက် ၂၈-ဆပိုမိုသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။...

ကချင်ပြည်နယ်ပြင်ပနေထိုင်သူများအား နေရပ်အသီးသီးသို့ တပ်မတော်ပိုင်မော်တော်ယာဉ်များဖြင့် တတိယအကြိမ်မြောက် ပို့ဆောင်မည်ဖြစ်

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့်ကချင်ပြည်နယ်ပြင်ပနေထိုင်သူများဖြစ်သည့် ရှမ်းပြည်နယ်၌ နေထိုင်သူ(၄၉)ဦးသည် မော်တော်ယာဉ်(၅)စီးဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနေထိုင်သူ(၁၇၃)ဦးသည် မော်တော်ယာဉ်(၁၇)စီးဖြင့်လည်းကောင်း ဧပြီ ၃၀ ရက် နံနက် ၇ နာရီက လွယ်ဂျယ်မြို့မှ ထွက်ခွာခဲ့ပြီဖြစ်သည်...

ဂျပန်နိုင်ငံမှ COVID-19 လူနာများကို စမ်းသပ်ကုသရန် တုပ်ကွေးကုသဆေး Avigan ကို မြန်မာအပါအဝင် နိုင်ငံပေါင်း ၃၈ နိုင်ငံသို့အခမဲ့ပို့ဆောင်ပေးမည်


မြောက်ဥက္ကလာမှ လက်နှက်များ စုဆောင်းသူကို ဖမ်းဆီးရမိ

မြောက်ဥက္ကလာပမြို့နယ်၊ (စျ )ရပ်ကွက်၌ဖမ်းဆီးရမိသောလက်နှက်ခဲယမ်းများစုဆောင်းထားသူကိုယမာန်နေ့ည ၁၀ နာရီခန့်ကမွန်ပြည်နယ်၊ ကျိုက်ထိုမြို့၌ဖမ်းမိကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။...

ပါကစ္စတန်တွင် ကျန်းမာရေးဝန်ထမ်း ၄၈၀ ခန့် COVID-19ရောဂါ ကူးစက်ခံနေရ

ပါကစ္စတန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး အကူးစက်ခံရသူ ၁၅ ၀၀၀ ကျော်ရှိတဲ့ ထဲမှာ ကျန်းမာရေးလုပ်သားက ၄၈၀ လောက်ရှိနေပြီး ဒီရောဂါကြောင့် သေဆုံးရသူ စုစုပေါင်း ၃၃၅ ဦးထဲမှာ ဆရာဝန် အနည်းဆုံး ၃ ဦးပါနေတယ်လို့ ပါကစ္စတန် အစိုးရက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။...

Relief Flight ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ မိသားစုများစာရင်းအားအသိပေးထုတ်ပြန်ချက် (၂၁)

ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂ ရက် (စနေနေ့)၊ နံနက် ၀၈၁၅ နာရီ တွင် နာရီတာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ပျံသန်းမည့် All Nippon Airways ၏ လူသားချင်းစာနာမှုအကူအညီလေယာဉ် (Relief Flight / NH 813) ဖြင့် လိုက်ပါမည့် မြန်မာ နိုင်ငံသားများနှင့် မိသားစုများ၏စာရင်းကို ထုတ်ပြန်အပ်ပါသည်။ All Nippon Airways ရုံးချုပ်မှ အသေးစိတ် စိစစ်ရသည့်အတွက် အချိန်အနည်းငယ်ယူခဲ့ရသည်ကို နားလည်ခွင့်လွှတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။...

သောက်သုံးရေ ရှားပါးလျက်ရှိသည့်ဒေသများသို့ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

နွေရာသီရောက်ရှိလာပြီးဖြစ်၍ သောက်သုံးရေရှားပါးလျက်ရှိပြီး Covid-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သွားလာမှုကန့်သတ်ချက်များ ရှိလာ၍ သောက်သုံးရေအခက်အခဲဖြစ်ပေါ်လျက်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်းရှိ ကျေးရွာများသို့ နယ်မြေခံတပ်မတော်သားများက သွားရောက်လှူဒါန်းလျက်ရှိသည်။...

တရုတ်တပ်မတော်မှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များအဖွဲ့သည် မြန်မာတပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီးအား လာရောက်လေ့လာပြီး COVID-19 ရောဂါနှင့် ပတ်သတ်၍ထိန်းချုပ်ကုသရေးဆိုင်ရာများ ဆွေးနွေး

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့သည် ယမန့်နေ့ နံနက်ပိုင်းတွင် တပ်မတော်အသည်းရောဂါ အထူးကုဆေးရုံကြီးတွင် Covid-19 ရောဂါကုသရန် ပြင်ဆင်ထားရှိမှုများနှင့် ဆေးရုံအတွင်း ဆေးဝါးကုသမှုများ၊ ရောဂါရှာဖွေသည့် ဓာတ်ခွဲခန်းအသုံးပြုမှုများကို လိုက်လံ ကြည့်ရှုခဲ့ကြောင်း သိရသည်။...

မြောက်ဥက္ကလာပမြို့နယ်၌ လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ စက္ကဝတ်(၃)လမ်း၊ နေ ပြည့်စုံဝင်းဗိုလ်(ဘ)ဦးဝင်းဗိုလ် ၏နေအိမ်အား ဧပြီ ၂၈ ရက် ည ၁၁ နာရီခွဲခန့်တွင် သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ ပြည်စုံဝင်းဗိုလ် အား တွေ့ရှိခြင်းမရှိဘဲ ၎င်းင်း၏မိဘများနှင့် ဇနီးဖြစ်သူ တို့ ၃ ဦးအား တွေ့ရှိခဲ့ရပြီး ဆက်လက်ရှာဖွေ စစ်ဆေးရာ ပြည့်စုံဝင်းဗိုလ်၏ အိပ်ခန်း အတွင်းမှ တရားမဝင် လေသေနတ် ၄ လက်၊ ကော်စေ့ဖြင့်ပစ်ခတ်သည့် ကော်ပစ္စတိုသေနတ် ၂ လက်၊ လေသေနတ်ကျည်...

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် သင်တန်းတက်ရောက်လျက်ရှိသော မြန်မာ့တပ်မတော်သင်တန်းသား ၃ ဦး၌ COVID-19 ရောဂါပိုးတွေ့ရှိ

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် သင်တန်းတက်ရောက်လျက်ရှိသော မြန်မာ့တပ်မတော် မှ ပညာတော်သင် သင်တန်းသားအရာရှိများအနက် မော်စကိုမြို့ရှိ Russian University of Transport (MIIT/RUT) တက္ကသိုလ်မှ သင်တန်းသား ၂ ဦးနှင့် Moscow Power Engineering Institute(MPEI) တက္ကသိုလ်မှ သင်တန်းသား(၁)ဦးတို့တွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း စစ်သံရုံးမှ တင်ပြချက်များအရသိရှိရသည်...

AA အကြမ်းဖက်သောင်းကျန်းသူများ၏ ပစ်ခတ်မှုကြောင့် မင်းပြားမြို့နယ်အတွင်းရှိ အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက် ဒဏ်ရာရရှိ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း ရာမောင်တံတားအနီး၌ ဇက်ကူးရန် စောင့်ဆိုင်းလျက်ရှိသော ယာဉ်မောင်းတစ်ဦးသည် AA အကြမ်းဖက်သောင်းကျန်းသူများ၏ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် စစ်တွေမြို့ရှိ တပ်မတော်ဆေးရုံ၌ ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်...

ယနေ့ နံနက် (၇:၀၀)နာရီထုတ်ပြန်ချက်တွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့

၁။ (၃၀-၄-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်း၌ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှ (ဒုတိယအသုတ်) အဖြစ် စစ်ဆေးပြီးစီးခဲ့သည့် ဓာတ်ခွဲနမူနာ (၁၈၄) ခုတွင် ...

ရေးမြို့၏ အရှေ့မြောက်ဘက် (၃၇)မိုင် ခန့်အကွာကို ဗဟိုပြု၍ မြေငလျင် လှုပ်ခတ်

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၃၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၁)နာရီ၊ (၅၃)မိနစ်၊ (၄၉)စက္ကန့် အချိန်တွင် မြဝတီမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၇၄)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ရေးမြို့၏ အရှေ့မြောက်ဘက် (၃၇)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၅.၆၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၂၀)ဒီဂရီ၊ အနက် (၁၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်...

Remdesivir ဆေးသည် Trial များတွင် ရလဒ်ကောင်း ရရှိပြီး Coronra virus ကို ပိတ်ဆို့နိုင်

Remdesivir ဆေးသည် Trial များတွင် ရလဒ်ကောင်း ရရှိပြီး Coronra virus ကို ပိတ်ဆို့နိုင်ကာ ပြန်သက်သာမည့်အချိန်ကို ၁၅ရက်မှ ၁၁ရက်သို့ လျှော့ချနိုင်ကြောင်း အမေရိကန် COVID တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် Dr. Fauci က အိမ်ဖြူတော် သတင်းစာရှင်းပွဲတွင် ပြောကြားလိုက်သည်။ ...

မြန်မာနိုင်ငံတွင်Covid-19 အတည်ပြုလူနာ (၁၅၀)ဦးအထိရှိလာပြီး တစ်ကမ္ဘာလုံးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂ သိန်း ၂ သောင်းကျော်နှင့် ရောဂါကူးစက်ခံရသူ (၃.၂) သန်းကျော်အထိရှိလာ

တစ်ကမ္ဘာလုံးတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ ဧပြီလ ၃၀ ရက်နေ့ နံနက် ၇:၃၀ အချိန်အထိ သေဆုံးသူ စုစုပေါင်း(၂၂၈,၁၉၀) ဦးရှိလာပြီဖြစ်ကြောင်း တရုတ်ဆေးဘက်ဆိုင်ရာ အရာ ရှိများ၏ သတင်းထုတ်ပြန်ချက်များအရသိရှိရပြီး ရောဂါကူးစက်ခံရသူ အရေအတွက်မှာလည်း စုစုပေါင်း (၃,၂၁၉,၂၄၀) ဦး ကူးစက်ခံထားရကြောင်း သိရသည်။...

Tuesday, April 28, 2020

Covid-19 အတည်ပြုလူနာအမှတ် ၁၄၄ နှင့် စက်ရုံတွင်း ထိတွေ့ခဲ့သူ အားလုံးတွင် ရောဂါပိုးမတွေ့

လူနာအမှတ် ၁၄၄ နှင့် စက်ရုံတွင်းထိတွေ့ခဲ့သူအားလုံးတွင် ရောဂါပိုးမတွေ့ခဲ့ကြောင်းနှင့် စက်ရုံဆက်လက်ဖွင့် မဖွင့်မှာအစိုးရအဖွဲ့ဆုံးဖြတ်ချက်အပေါ်သာမူတည်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးမြတ်မင်းသူက ပြောသည်။...

အမျိုးသားကော်မတီဖွဲ့စည်းခြင်းဟာ ပရဟိတကော်မတီသည် ဒေါ်အောင်ဆန်းစုကြည် ပုဂ္ဂလိအကျိုးနှင့် မိမိပါတီအကျိုးအား ဆောင်ရွက်ခြင်းဖြစ်သည်ဟု NNDP ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့် ပြော

လက်ရှိ COVID 19 ရောဂါနှင့်ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ COVID 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွင် ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားခြင်းဖြစ်သည်။...

COVID-19ရောဂါထိန်းချုပ်နိုင်ရေးအတွက် ဧပြီလကုန်အထိပိတ်ထားတဲ့ ထိုင်းရောက် မြန်မာများကို မေ ၁ ရက်တွင် ပြန်လည်လက်ခံပေးမည်

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများကို မေလ ၁ရက်နေ့မှစပြီး သက်ဆိုင်ရာက စတင်လက်ခံပေးမည်ဟု မြဝတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိန်ဗိုလ်ကပြောသည်။...

ဧပြီလ(၂၈) ရက်နေ့ နေ့လည် ၂ နာရီအချိန်အထိ COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေများ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် COVID-19 ရောဂါဖြစ်ပွားမှုဆိုင်ရာ သတင်းအချက်အလက်များ၊ ကျန်းမာရေး အသိပညာပေးများနှင့် ဆောင်ရွက်မှုများကိုဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ (https://mohs.gov.mm/Main/ content/publication/2019-ncov) တွင် အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးလျက်ရှိပါသည်။...

ထန်းတပင်မြို့နယ် စံကင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ တပ်မတော်သားများနှင့် ပြည်ခိုင်ဖြိုးပါတီအဖွဲ့မှCOVID-19 ရောဂါ ကာကွယ်ရေးစောင့်ရှောက်မှုလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး-ထန်းတပင်မြို့နယ်-စံကင်းကြီးကျေးရွာအုပ်စု-နှင့်ဘုန်းတော်ကြီးကျောင်းအားနံနက် (ရး၃၀) အချိန်၌ တိုင်းပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်စိုး၏ ညွှန်ကြားမှုဖြစ် ပါတီဥက္ကဌဦးသိန်းရီမှစီမံဆောင်ရွက်ပြီး မြို့နယ်ပါတီကော်မတီဝင် ဦးနိုင်ဝင်း ဦးဆောင်၍ မြို့နယ်ပါတီကော်မတီဝင်များကျေးရွာပါတီဥက္ကဌများ ကော်မတီဝင်များလိုက်ပါပြီး ရန်ကုန်တိုင်းစစ်ဌာနချူပ် မှော်ဘီတပ်နယ် ဗိုလ်မှုးနေအောင်လွင်နှင့် အဖွဲ့ပူးပေါင်းပါဝင်ပြီး ကျေးရွာရှိဒေသခံပြည်သူများအား...

တာချီလိတ်တွင် RCSS ဝတ်စုံ ဝတ်ဆင်ထားသူ လက်နက်ကိုင်များမှ ကျေးရွာသားတစ်ဦးအား ပစ်သတ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ချစ်ထူအာခါကျေးရွာတွင် ဧပြီလ ၂၇ ရက်၊ ညနေပိုင်းက ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်များ ရောက်ရှိ လာပြီး တောင်ယာလုပ်နေသူများထံမှ ငွေကြေားတောင်းခံကာ သေနတ်ဖြင့် ပစ်ခတ်သဖြင့် အမျိုးသားတစ်ဦး သေဆုံး ခဲ့ကြောင်း သိရသည်...

စင်ကာပူတွင် ယနေ့ Covid-19 ဗိုင်းရပ်ကူးစက်ရောဂါ (၅၂၈) ဦးကူးစက်ခံရ

ဧပြီ (၂၈) ရက်၊ စင်ကာပူတွင် ယနေ့ COVID-19 ဗိုင်းရတ် ကူးစက်ခံရသူ ထပ်တိုးရောဂါသည် (528) ဦး တွေ့ရှိကြောင်းသိရပြီး ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း (14,951) ဦး ရှိသွားပြီဖြစ်သည်။...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လမ်းညွှန်မှုဖြင့် Covid-19 ကြောင့်သွားလာရန်ခက်ခဲနေသော ပေါင်းတည် စစ်မှုဟောင်းအား တပ်မတော်မှ ရိက္ခာများထောက်ပံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အစီအစဉ်ဖြင့်ပေးပို့ထောက်ပံ့လှူဒါန်းသည့် စားသောက်ကုန်ရိက္ခာများကို ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်ရှိစစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့်အရံအဖွဲ့ဝင်မိသားစုဝင်စုစုပေါင်း(၃၆၂ )ဦးအား ရိက္ခာထောက်ပံ့ပေးခြင်းအနေဖြင့် တစ်ဦးလျင် ဆန်၈ပြည် ဆီ၄၀ကျပ်သား ကုလားပဲခြမ်း၄၀ကျပ်သားနှင့်ဆား၄၀ကျပ်သား တို့အား ယနေ့နံနက်ပိုင်းက မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဌဗိုလ်ကြီးသက်ဝင်းမောင်(ငြိမ်း)နှင့်တာဝန်ရှိများက အဖွဲ့ဝင်များ၏နေအိမ်အသီးသီးသို့...

သြစတေးလျနိုင်ငံ ဘွန်ဒီကမ်းခြေအား ပြန်လည်ဖွင့်လှစ်ရာ ရာချီသည့်လူများ စုရုံးရောက်ရှိ

COVID-19 ကူးစက်ရောဂါ ထိန်းချုပ်ရေးအတွက် လွန်ခဲ့သည့်တစ်လကျော်ခန့်ကစတင်ကာ ပိတ်ခဲ့သည့် ဆစ်ဒနီ၏ အထင်ကရဖြစ်သည့် ဘွန်ဒီကမ်းခြေအား ယနေ့မနက် ၇းဝဝ က ဒေသအစိုးရက ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ လူအများစုရုံးရောက်ရှိလာကြောင်း သိရှိရသည်။...

ဥရောပသမဂ္ဂမှ အာဆီယံဒေသတွင်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုများကို ခုခံကာကွယ်နိုင်ရန် ယူရိုငွေ သန်း(၃၅၀) ထောက်ပံ့မည်

ဥရောပသမဂ္ဂဟာ အာဆီယံဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေမှုကို ခုခံကာကွယ်တားဆီးနိုင်ဖို့နဲ့ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကြောင့် ထိခိုက်မှုတွေကို လျှော့ချနိုင်ဖို့အတွက် ယူရိုငွေ သန်း (၃၅၀)ကို ထောက်ပံ့ပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကသတင်းထုတ်ပြန်လိုက်ပါတယ်...

AA Medical Products ကုမ္ပဏီက လှူဒါန်းထားသော စက်သစ်ကြီး မေလဆန်းတွင် အသုံးပြုမည်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန(ရန်ကုန်)သို့ အလှူရှင် AA Medical Products Ltd က လှူဒါန်းထားသော COVID-19 နှင့်ပတ်သက်၍ ရှစ်နာရီအကြာ လည်ပတ်အသုံးပြုလျှင် ဓာတ်ခွဲနမူနာပေါင်း ၃၈၄ ခုကို စစ်ဆေးနိုင်မည့် Cobas ၆၈၀၀ စက်ကို မေလ ပထမပတ်တွင် စတင်အသုံးပြုနိုင် တော့မည်ဖြစ်ကြောင်း သိရသည်။...

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တော်တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ထားသော်လည်း covid-19 သတိပေးချက် ထားရှိဆဲဖြစ်

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် ကာလရှည်ပိတ်ထားခဲ့ရသည့် ရှန်ဟိုင်းမြို့တော်ရှိ စာသင်ကျောင်းများကို တစ်ဖြည်းဖြည်းချင်း ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ယခုနွေရာသီတွင် သင်တန်းပြီးဆုံးမည့် အလယ်တန်းနှင့် အထက်တန်းကျောင်းသူ၊ ကျောင်းသားများကို သုံးလနီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ယနေ့ အတန်းတက်ခွင့်ပြုခဲ့ကြောင်း သိရသည်...

Covid-19 ကြောင့် သွားလာမှု ကန့်သတ်ထားသောကြောင့် ပြင်ဦးလွင်၊ စစ်မှုထမ်ဟောင်းအိမ်ရာတွင်တပ်မ တော်မှ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေ

ပြင်ဦးလွင်တပ်နယ်က စစ်မှုထမ်းဟောင်း အိမ်ယာတွင် ယနေ့နံနက် ၇: ၂၀ မှ ၉: ၀၀ အထိ ဈေးနှုန်းသက်သာစွာဖြင့် ဈေးရောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။...

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်သည် တောင်အာဖရိကသမ္မတထံသို့ သဝဏ်လွှာ တစ်စောင်ပေးပို့

မကြာသေးမီရက်များတွင် ပြည်သူများရှေ့မှပျောက်ကွယ်နေသောခေါင်းဆောင် နှင့်ပတ်သက်သည့်ကော လာဟလများထွက်ပေါ်နေစဉ် ကင်ဂျုံအန်သည်သဝဏ်လွှာ တစ်စောင်ကိုပေးပို့ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံအာဏာရပါတီ၏သတင်းစာ တစ်စောင်မှ ရေးသားထုတ်ဝေခဲ့ပါသည်။...

ဟောင်ကောင်တွင်လာမည့်အပတ်မှစ၍ အရပ်ဘက်ဝန်ထမ်းများလုပ်ငန်းခွင်ပြန်ဝင် နိုင်တော့မည်ဖြစ်

ဟောင်ကောင်တွင် လာမည့်ရက်သတ္တပတ်တွင် သက်တမ်းကုန်ဆုံးမည့် ခရီးသွား ကန့်သတ်ချက်များနှင့် Social distancing ကန့်သတ်ချက်များကို ဖြေလျှော့ပေးရန် နှင့်ပတ်သက်၍ အစိုးရမှဆုံးဖြတ်ချက်မချရသေးသော်လည်း အရပ်ဘက်ဝန်ထမ်းများ အနေဖြင့် မေလ ၄ ရက်နေ့တွင် လုပ်ငန်းခွင်ဝင်နိုင်မည်ဖြစ် ကြောင်း ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းမှ ဧပြီလ ၂၈ ရက်နေ့(ယနေ့)တွင်ပြောကြားခဲ့ပါသည်...

Monday, April 27, 2020

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် စစ်ကိုင်းတိုင်းဒေသကြီးနေထိုင်သူများအား တပ်မတော် မော် တော်ယာဉ်များဖြင့် နေရပ်ပြန်ပို့

ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့တွင် မြန်မာ-တရုတ်နယ်စပ်မှတဆင့် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအနက် စစ်ကိုင်းတိုင်းဒေသကြီးနေထိုင်သူများအား တပ်မတော်ပိုင်မော်တော်ယာဉ်များဖြင့် နေရပ်ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။...

COVID-19 ကို ခြေရာခံတဲ့ App ထိုင်းမှာ စမ်းသပ် အသုံးပြုနေပြီ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အရှေ့ပိုင်း Chachoengsao စီရင်စု၊ ဟွန်ဒါကားကုမ္ပဏီမှာ COVID-19 ကူးစက်မှုကို လျော့ကျလာအောင် အဖြစ်များတဲ့နေရာတွေကို ခြေရာခံပေးမယ့် Application ကို စတင်စမ်းသပ် အသုံးပြုနေပါပြီ။...

မန္တလေး ကန်တော်နဒီဆေးရုံ၏ လိုအပ်ချက်များကို Covid-19 Negative နှစ်ကြိမ်ပြသခဲ့လို့ ဆေးရုံဆင်းပြီး နေအိမ်ရောက်ရှိသွားပြီဖြစ်တဲ့ ကိုကျော်လင်းထက် ထောက်ပြ

ကိုဗစ်ရောဂါပိုး Negative နှစ်ကြိမ်ပြသခဲ့သဖြင့် ဆေးရုံဆင်းခွင့်ရရှိပြီး နေအိမ်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည့် Case 4 လူနာ ကိုကျော်လင်းထက်က မန္တလေးကန်တော်နဒီဆေးရုံ၏ လိုအပ်ချက်များကို ထောက်ပြပြောဆိုလိုက်သည်...

COVID-19) ရောဂါကာလကို အခွင့်ကောင်းယူ၍ မှုခင်းကျူးလွန်နေမှုများအား ပြည်သူများသို့ အသိပေးနှိုးဆော်ခြင်း

၁။ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ(Pandemic) အဖြစ် ထုတ်ပြန်ထားသော Coronavirus Disease-2019 (COVID-19) စတင်ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် ခရီးသွားလာမှု ကန့်သတ်ခြင်း၊ အများပြည်သူတို့၏ လုံခြုံမှုပုံစံကန့်သတ်ခြင်း၊ မြို့/ရွာများ လူဝင်/ လူထွက် စိစစ်ခြင်း၊ ခရီးသည်ပို့ဆောင်ရေး ယာဉ်၊ ရထား၊ လေယာဉ်များ ကန့်သတ်ခြင်း၊ ညမထွက်ရ အမိန့်ထုတ်ပြန်ခြင်း၊ အထူးသဖြင့် Home Stay နေထိုင်စေခြင်း စသည့် အရေးပေါ် အစီအမံများအား ချမှတ်ဆောင်ရွ...

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရေးနှင့်စပ်လျဉ်း၍ အသိပေးနှိုးဆော်ချက် (၁၉)

အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ (COVID-19) ကြောင့် မြန်မာနိုင်ငံသို့ အချိန်မီ ပြန်လည်ထွက်ခွာနိုင်ခဲ့ခြင်းမရှိသဖြင့်၊ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီလေယာဉ် (Relief Flight) ဖြင့် လိုက်ပါလိုသော မြန်မာနိုင်ငံသားများနှင့် မိသားစုများ မှ ပေးပို့လာသည့် အချက်အလက်များလက်ခံမှုကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၈ ရက်၊ မွန်းတည့် ၁၂၀၀ နာရီ၌ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။...