Sunday, April 5, 2020

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ လုပ်ရပ်များကိုမနှစ်မြို့ဘဲ နယ်မြေဒေသအေးချမ်းမှုကို လိုလားသူများ၏ သတင်း ပေးပို့မှုအရ AA အကြမ်းဖက် သောင်းကျန်းသူများ၊ ယင်းတို့နှင့် ပတ်သက်ဆက်နွှယ်သူများ ထပ်မံဖမ်းဆီးရမိ

Image may contain: 3 people, people standing

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အရပ်သားများအသွင်ယူ၍ ကျေးရွာများအတွင်း ရောနှောနေထိုင်ပြီး တပ်မတော်အုပ်ချုပ်မှု ယာဉ်တန်းများ၊ ရိက္ခာပို့ရေယာဉ်များ၊ စီမံကိန်းပစ္စည်းပို့ ရေယာဉ်များအား မိုင်းထောင်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ၊လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်အောင်ဆောင်ရွက်ခြင်း၊ ကျေးရွာများအတွင်း အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများ စသည့် ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။

AAအကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ လုပ်ရပ်များကို မနှစ်မြို့ကြဘဲ၊ နယ်မြေဒေသအေးချမ်းမှုကို လိုလားကြသည့် ဒေသခံ ရခိုင်တိုင်းရင်းသားများက သက်ဆိုင်ရာသို့ သတင်းများပေးပို့ခြင်း၊ AAအကြမ်းဖက် သောင်းကျန်းသူများနှင့် ဆက်စပ်နေသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း သတင်းဆက်စပ် ရှာဖွေဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ယနေ့နံနက်ပိုင်းတွင်လည်း နယ်မြေတည်ငြိမ် အေးချမ်းမှုနှင့် ရခိုင်ပြည်နယ် တောင်ပိုင်းသို့ AAအကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်လာမှုကို မလိုလားသော ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ အမ်းမြို့နယ်၊ အမ်းမြောက်ကျေးရွာ အုပ်စု၊ ကမ်းဒိတ်ကျေးရွာနှင့် အမ်းမြို့အကြား လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး နှင့် နယ်မြေစိုးမိုးရေး ပြုလုပ်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ AA- ၈၉၂၄ တပ်သားအဆင့်ရှိ လင်းနိုင် ၂၂ နှစ် (ဘ) ဦးသံသာအောင်၊ AA-၁၂၇၇၇ တပ်သားအဆင့်ရှိ လှကျော်ဝင်း ၂၇ နှစ်(ဘ) ဦးမောင်တင်၊ AA-၁၂၈၃၇ တပ်သား အဆင့်ရှိ ခိုင်လင်းနိုင် ၂၂ နှစ်(ဘ) ဦးမောင်တင်၊ AA-၁၂၇၈၄ တပ်သားအဆင့်ရှိ ကျော်ဝင်းသန်း ၂၄ နှစ်(ဘ) ဦးစောမြတို့ ၄ ဦးကို လက်နက်မဲ့ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ ၎င်းတို့ ၄ ဦးသည်၂ဝ၁၉ ခုနှစ်၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ကရင်ပြည်နယ်၊ KNU (၉ဝ၉)စစ်ဒေသ ဦးဒါစခန်းတွင် တပ်သား အဆင့်ရှိ လင်းနိုင်သည် ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှ မတ်လအထိလည်းကောင်း၊ ကျန် ၃ ဦးသည် ၂ဝ၁၉ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ လည်းကောင်း အခြေခံတပ်သားသစ် သင်တန်းများ အသီးသီး တက်ရောက်ခဲ့ကြောင်း၊ သင်တန်းဆင်းပြီးနောက် အမ်းမြို့နယ်၊ ဒါးလက်အလယ်ကျွန်း ကျေးရွာ အနောက်တောင်ဘက်ရှိ အိုးထိန်းတောင်တွင် နေထိုင်ခဲ့ရကြောင်း၊ ယင်းသို့နေထိုင်စဉ် နေ့စဉ် ကတုတ်ကျင်းများ တူးပေးရခြင်း၊ ရိက္ခာများ သယ်ယူပို့ဆောင်ပေးရခြင်း၊ ဘန်ကာများ ဆောက်လုပ်ပေးရခြင်း၊ ကင်းစောင့်ရခြင်း စသည်တို့ကို အတင်းအဓမ္မ ဆောင်ရွက်ခိုင်းသဖြင့် ပင်ပန်းဆင်းရဲမှုဒဏ်ကို မခံနိုင်သည့်အပြင် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏လုပ်ရပ်များကို အယုံအကြည်မရှိခြင်းတို့ကြောင့် ၂ဝ၂ဝ ခုနှစ် ဧပြီ ၃ ရက် ညပိုင်းတွင် ထွက်ပြေးလာခဲ့ရာမှ ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသများအတွင်း AA အကြမ်းဖက် သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဖြစ်ပွားလျက်ရှိသည့် ဒေသတွင်းပဋိပက္ခများ၊ မတည်မငြိမ်မှုများကို ရခိုင်ပြည်နယ်တောင်ပိုင်းဒေသများ၌ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် တာဝန်သိဒေသခံရခိုင်တိုင်းရင်းသားများ၏ သတင်းပေးပို့ချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက တောင်ကုတ်မြို့နယ်နှင့် မအီမြို့နယ်တို့တွင် သတင်းဖော်ထုတ်ခြင်းများကို ဆောင်ရွက်ခဲ့သည်။
ထိုသို့သတင်း ဆက်စပ်ဖော်ထုတ်မှုကြောင့် တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာအတွင်းမှ AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွှယ်သူ ဦးသန်းနိုင် ၄၆ နှစ်(ဘ)ဦးသန်းဝေ၊ ဦးလှဖြူ ၄၃ နှစ် (ဘ)ဦးဖြူစိန်အောင်၊ ဦးအောင်ထူး ၃၅ နှစ် (ဘ)ဦးကာရှီ၊ ဦးမြင့်အောင် ၄၃ နှစ်(ဘ) ဦးစိန်တင်၊ ဦးပြုံးချို ၅၃ နှစ်(ဘ)ဦးသန်းဝေ တို့ ၅ ဦးကို ဖမ်းဆီးရမိခဲ့သဖြင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီး အသေးစိတ်စစ်ဆေးမေးမြန်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် AA အကြမ်းဖက် သောင်းကျန်းသူများ၏ ရခိုင်ပြည်နယ်အတွင်းဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေမှုအား ကာကွယ်တားဆီးရေးတို့ အတွက် ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
Image may contain: 1 person, text
Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News
>>Zawgyi<<
AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏ လုပ်ရပ်များကို မနှစ်မြို့ဘဲ နယ်မြေဒေသ အေးချမ်းမှုကို လိုလားသူများ၏ သတင်းပေးပို့မှုအရ AA အကြမ်းဖက် သောင်းကျန်းသူများ၊ ယင်းတို့နှင့် ပတ်သက်ဆက်နွှယ် သူများ ထပ်မံ ဖမ်းဆီးရမိ
Monday, April 6, 2020

AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် အရပ်သားများ အသွင်ယူ၍ ကျေးရွာများအတွင်း ရောနှောနေထိုင်ပြီး တပ်မတော်အုပ်ချုပ်မှု ယာဉ်တန်းများ၊ ရိက္ခာပို့ ရေယာဉ်များ၊ စီမံကိန်းပစ္စည်းပို့ ရေယာဉ်များအား မိုင်းထောင်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ၊လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်အောင် ဆောင်ရွက်ခြင်း၊ ကျေးရွာများအတွင်း အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းများ စသည့် ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။
AAအကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ လုပ်ရပ်များကို မနှစ်မြို့ကြဘဲ၊ နယ်မြေဒေသ အေးချမ်းမှုကို လိုလားကြသည့် ဒေသခံ ရခိုင်တိုင်းရင်းသားများက သက်ဆိုင်ရာသို့ သတင်းများ ပေးပို့ခြင်း၊ AAအကြမ်းဖက် သောင်းကျန်းသူများနှင့် ဆက်စပ်နေသူများအား လုံခြုံရေး တပ်ဖွဲ့ဝင်များကလည်း သတင်းဆက်စပ် ရှာဖွေဖော်ထုတ် ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ယနေ့နံနက်ပိုင်းတွင်လည်း နယ်မြေတည်ငြိမ် အေးချမ်းမှုနှင့် ရခိုင်ပြည်နယ် တောင်ပိုင်းသို့ AAအကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်လာမှုကို မလိုလားသော ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ အမ်းမြို့နယ်၊ အမ်းမြောက်ကျေးရွာ အုပ်စု၊ ကမ်းဒိတ်ကျေးရွာနှင့် အမ်းမြို့အကြား လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး နှင့် နယ်မြေစိုးမိုးရေး ပြုလုပ်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ AA- ၈၉၂၄ တပ်သားအဆင့်ရှိ လင်းနိုင် ၂၂ နှစ် (ဘ) ဦးသံသာအောင်၊ AA-၁၂၇၇၇ တပ်သားအဆင့်ရှိ လှကျော်ဝင်း ၂၇ နှစ်(ဘ) ဦးမောင်တင်၊ AA-၁၂၈၃၇ တပ်သား အဆင့်ရှိ ခိုင်လင်းနိုင် ၂၂ နှစ်(ဘ) ဦးမောင်တင်၊ AA-၁၂၇၈၄ တပ်သားအဆင့်ရှိ ကျော်ဝင်းသန်း ၂၄ နှစ်(ဘ) ဦးစောမြတို့ ၄ ဦးကို လက်နက်မဲ့ ဖော်ထုတ်ဖမ်းဆီး ရမိခဲ့သည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ ၎င်းတို့ ၄ ဦးသည်၂ဝ၁၉ ခုနှစ်၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ကရင်ပြည်နယ်၊ KNU (၉ဝ၉)စစ်ဒေသ ဦးဒါစခန်းတွင် တပ်သား အဆင့်ရှိ လင်းနိုင်သည် ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှ မတ်လအထိ လည်းကောင်း၊ ကျန် ၃ ဦးသည် ၂ဝ၁၉ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ လည်းကောင်း အခြေခံတပ်သားသစ် သင်တန်းများ အသီးသီး တက်ရောက်ခဲ့ကြောင်း၊ သင်တန်းဆင်းပြီးနောက် အမ်းမြို့နယ်၊ ဒါးလက်အလယ်ကျွန်း ကျေးရွာ အနောက်တောင်ဘက်ရှိ အိုးထိန်းတောင်တွင် နေထိုင်ခဲ့ရကြောင်း၊ ယင်းသို့နေထိုင်စဉ် နေ့စဉ် ကတုတ်ကျင်းများ တူးပေးရခြင်း၊ ရိက္ခာများ သယ်ယူပို့ဆောင်ပေးရခြင်း၊ ဘန်ကာများ ဆောက်လုပ်ပေးရခြင်း၊ ကင်းစောင့်ရခြင်း စသည်တို့ကို အတင်းအဓမ္မ ဆောင်ရွက်ခိုင်းသဖြင့် ပင်ပန်းဆင်းရဲမှုဒဏ်ကို မခံနိုင်သည့်အပြင် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏ လုပ်ရပ်များကို အယုံအကြည် မရှိခြင်းတို့ကြောင့် ၂ဝ၂ဝ ခုနှစ် ဧပြီ ၃ ရက် ညပိုင်းတွင် ထွက်ပြေးလာခဲ့ရာမှ ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသများအတွင်း AA အကြမ်းဖက် သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဖြစ်ပွားလျက်ရှိသည့် ဒေသတွင်း ပဋိပက္ခများ၊ မတည်မငြိမ်မှုများကို ရခိုင်ပြည်နယ် တောင်ပိုင်းဒေသများ၌ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် တာဝန်သိ ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ သတင်းပေးပို့ချက်များအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက တောင်ကုတ်မြို့နယ်နှင့် မအီမြို့နယ်တို့တွင် သတင်းဖော်ထုတ်ခြင်းများကို ဆောင်ရွက်ခဲ့သည်။
ထိုသို့သတင်း ဆက်စပ်ဖော်ထုတ်မှုကြောင့် တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာ အတွင်းမှ AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွှယ်သူ ဦးသန်းနိုင် ၄၆ နှစ်(ဘ)ဦးသန်းဝေ၊ ဦးလှဖြူ ၄၃ နှစ် (ဘ)ဦးဖြူစိန်အောင်၊ ဦးအောင်ထူး ၃၅ နှစ် (ဘ)ဦးကာရှီ၊ ဦးမြင့်အောင် ၄၃ နှစ်(ဘ) ဦးစိန်တင်၊ ဦးပြုံးချို ၅၃ နှစ်(ဘ)ဦးသန်းဝေ တို့ ၅ ဦးကို ဖမ်းဆီးရမိခဲ့သဖြင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီး အသေးစိတ် စစ်ဆေးမေးမြန်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် AA အကြမ်းဖက် သောင်းကျန်းသူများ၏ ရခိုင်ပြည်နယ်အတွင်းဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေမှုအား ကာကွယ်တားဆီးရေးတို့ အတွက် ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

0 comments:

Post a Comment