Sunday, April 5, 2020

COVID-19 ထိန်းချုပ်ခြင်းနှင့်တုန့်ပြန်ခြင်း လုပ်ငန်းများအတွက် မန္တလေးတွင် တရုတ်ဘုံကျောင်း ဥက္ကဌနှင့်တရုတ်နွယ်ဖွား စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် ရန်ပုံငွေ ရှာဖွေရေးကော်မတီ ဖွဲ့စည်း

No photo description available.

COVID-19 ထိန်းချုပ်ခြင်းနှင့် တုန့်ပြန်ခြင်း လုပ်ငန်းများအတွက် မန္တလေးမြို့ရှိ တရုတ်ဘုံကျောင်း ဥက္ကဌများနှင့် တရုတ်နွယ်ဖွား စီးပွားရေးလုပ်ငန်းရှင်များ အဓိက ပါဝင်သည့် မန္တလေးတိုင်းဒေသကြီး COVID-19 ရန်ပုံငွေ ရှာဖွေရေး ကော်မတီကို တိုင်ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အမိန့်ဖြင့် ဧပြီ(၃)ရက်တွင် ဖွဲ့စည်းခဲ့သည်။

အဆိုပါ မန္တလေးတိုင်း COVID-19 ရန်ပုံငွေ ရှာဖွေရေး ကော်မတီတွင် နာယက သုံးဦးနှင့် အဖွဲ့ဝင် (၁၉)ဦး ပါဝင်ပြီး အများစုမှာ မန္တလေးမြို့အခြေစိုက် တရုတ်နွယ်ဖွား စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်သည်။ မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်၊ မန္တလေးယူနန်ဗုဒ္ဓဘာသာ ဘုံကျောင်းဥက္ကဌ ဦးတင်ထွန်းနှင့် ရတနာရောင်ခြည် ကျောက်မျက်ကုမ္မဏီ ဥက္ကဌ ဦးကျော်ဝေတို့က နာယကများအဖြစ် တာဝန်ယူပြီး New Starlight ကုမ္မဏီ ဥက္ကဌ ဦးကျော်ကျော်ဝင်းက ကော်မတီ ဥက္ကဌ ဖြစ်သည်။
ယင်းကော်မတီအနေဖြင့် မန္တလေတိုင်းအတွင်း အများပြည်သူနှင့် သက်ဆိုင်သော ကျန်းမာရေးကိစ္စများတွင် အသုံးပြုရန်အတွက် လိုအပ်သော ငွေ၊ ပစ္စည်းများ ရရှိရေး အလှူရှင်များကို စည်ရုံးဆောင်ရွက်ရန်ဟူသော အဓိက အချက်အပါအဝင် ရန်ပုံငွေ ရှာဖွေခြင်းနှင့် ရန်ပုံငွေ အပ်နှံ၊ထုတ်ယူ၊ သုံးစွဲခြင်းဆိုင်ရာ လုပ်ငန်းတာဝန် (၈)ရပ်ကို လုပ်ဆောင်ရန် သတ်မှတ်ထားသည်။
လက်ရှိတွင် ကော်မတီအနေဖြင့် ရန်ပုံငွေ ကျပ်သိန်းတစ်သောင်းကျော် လက်ခံရရှိပြီး ဖြစ်ကြောင်း သိရှိရပါသည်။
Image may contain: text
Image may contain: text
Image may contain: indoor
Source : New Starlight
>>Zawgyi<<
COVID-19 ထိန်းချုပ်ခြင်းနှင့် တုန့်ပြန်ခြင်း လုပ်ငန်းများအတွက် မန္တလေးတွင် တရုတ်ဘုံကျောင်း ဥက္ကဌနှင့် တရုတ်နွယ်ဖွား စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် ရန်ပုံငွေ ရှာဖွေရေးကော်မတီ ဖွဲ့စည်း
Monday, April 6, 2020

COVID-19 ထိန်းချုပ်ခြင်းနှင့် တုန့်ပြန်ခြင်း လုပ်ငန်းများအတွက် မန္တလေးမြို့ရှိ တရုတ်ဘုံကျောင်း ဥက္ကဌများနှင့် တရုတ်နွယ်ဖွား စီးပွားရေးလုပ်ငန်းရှင်များ အဓိက ပါဝင်သည့် မန္တလေးတိုင်းဒေသကြီး COVID-19 ရန်ပုံငွေ ရှာဖွေရေး ကော်မတီကို တိုင်ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အမိန့်ဖြင့် ဧပြီ(၃)ရက်တွင် ဖွဲ့စည်းခဲ့သည်။
အဆိုပါ မန္တလေးတိုင်း COVID-19 ရန်ပုံငွေ ရှာဖွေရေး ကော်မတီတွင် နာယက သုံးဦးနှင့် အဖွဲ့ဝင် (၁၉)ဦး ပါဝင်ပြီး အများစုမှာ မန္တလေးမြို့အခြေစိုက် တရုတ်နွယ်ဖွား စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်သည်။ မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်၊ မန္တလေးယူနန်ဗုဒ္ဓဘာသာ ဘုံကျောင်းဥက္ကဌ ဦးတင်ထွန်းနှင့် ရတနာရောင်ခြည် ကျောက်မျက်ကုမ္မဏီ ဥက္ကဌ ဦးကျော်ဝေတို့က နာယကများအဖြစ် တာဝန်ယူပြီး New Starlight ကုမ္မဏီ ဥက္ကဌ ဦးကျော်ကျော်ဝင်းက ကော်မတီ ဥက္ကဌ ဖြစ်သည်။
ယင်းကော်မတီအနေဖြင့် မန္တလေတိုင်းအတွင်း အများပြည်သူနှင့် သက်ဆိုင်သော ကျန်းမာရေးကိစ္စများတွင် အသုံးပြုရန်အတွက် လိုအပ်သော ငွေ၊ ပစ္စည်းများ ရရှိရေး အလှူရှင်များကို စည်ရုံးဆောင်ရွက်ရန်ဟူသော အဓိက အချက်အပါအဝင် ရန်ပုံငွေ ရှာဖွေခြင်းနှင့် ရန်ပုံငွေ အပ်နှံ၊ထုတ်ယူ၊ သုံးစွဲခြင်းဆိုင်ရာ လုပ်ငန်းတာဝန် (၈)ရပ်ကို လုပ်ဆောင်ရန် သတ်မှတ်ထားသည်။
လက်ရှိတွင် ကော်မတီအနေဖြင့် ရန်ပုံငွေ ကျပ်သိန်းတစ်သောင်းကျော် လက်ခံရရှိပြီး ဖြစ်ကြောင်း သိရှိရပါသည်။
Source : New Starlight

0 comments:

Post a Comment