Tuesday, April 7, 2020

AA Medical မှ COVID-19 ရောဂါရှိ မရှိ ၂၄ နာရီအတွင်း လူပေါင်း ၁,၃၀၀ ကျော်အား စစ်ဆေးနိုင်သည့် စက်တစ်လုံးအပါအဝင် သိန်းပေါင်း ၈,၀၀၀ ကျော် လှူဒါန်း

Image may contain: one or more people, people standing and text

AA Medical Products Ltd မှ COVID-19 ရောဂါရှိ မရှိ ၂၄ နာရီအတွင်း လူပေါင်း ၁,၃၀၀ ကျော်အား စစ်ဆေးနိုင်သည့် စက်တစ်လုံး အပါအဝင် ကျပ်သိန်းပေါင်း ၈,၀၀၀ ကျော်တန်ဖိုးရှိ ပစ္စည်းများကို ဧပြီလ ၅ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီမှ လှူဒါန်းခဲ့သည့် ပစ္စည်းများမှာ Automatic နည်းလမ်းဖြင့် တိကျမြန်ဆန်စွာ COVID-19 ရောဂါရှိ၊ မရှိ ရှစ်နာရီအတွင်း လူပေါင်း (၃၈၀) ကျော်၊ ၂၄ နာရီအတွင်း လူပေါင်း (၁၃၀၀) ကျော် စစ်ဆေးနိုင်သော Cobas 6800 Analyser စက်တစ်လုံး (Made in Switzerland)၊Cobas 6800 analyser စက်နှင့်တွဲဖက်၍ လူအယောက် (၁၁၀၀) ကျော် စစ်ဆေးနိုင်သည့် ရောဂါရှာဖွေရေးဆေးရည် Reagent (Made in USA)၊ အမျိုးသား ကျန်းမာရေးဓာတ်ခွဲခန်း (NHL) ၏ Virology Lab အဆင့်မြှင့်တင်မှု လှူဒါန်းခြင်း စုစုပေါင်း တန်ဖိုးကျပ် ၈၃၅၂ သိန်းကိုလှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါစက်များသည် US FDAတွင် မှတ်ပုံတင်ရရှိပြီးသည်နှင့် တစ်ပြိုင်နက် မြန်မာနိုင်ငံအတွက် ခွဲတမ်းရနိုင်ရန်ကြိုးစားခဲ့ခြင်းဖြစ်ရာ အမေရိကန်နိုင်ငံမှ Frankfurt လေဆိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။
Image may contain: text that says 'cobas 6800/8800 systems'
Source-ဝေဝေဖြိုး #Myanmar_Online_News

>>zawgyi<<
AA Medical မှ COVID-19 ရောဂါရှိ မရှိ ၂၄ နာရီအတွင်း လူပေါင်း ၁,၃၀၀ ကျော်အား စစ်ဆေးနိုင်သည့် စက်တစ်လုံး အပါအဝင် သိန်းပေါင်း ၈,၀၀၀ ကျော် လှူဒါန်း
Tuesday, April 7, 2020

AA Medical Products Ltd မှ COVID-19 ရောဂါရှိ မရှိ ၂၄ နာရီအတွင်း လူပေါင်း ၁,၃၀၀ ကျော်အား စစ်ဆေးနိုင်သည့် စက်တစ်လုံး အပါအဝင် ကျပ်သိန်းပေါင်း ၈,၀၀၀ ကျော်တန်ဖိုးရှိ ပစ္စည်းများကို ဧပြီလ ၅ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီမှ လှူဒါန်းခဲ့သည့် ပစ္စည်းများမှာ Automatic နည်းလမ်းဖြင့် တိကျမြန်ဆန်စွာ COVID-19 ရောဂါရှိ၊ မရှိ ရှစ်နာရီအတွင်း လူပေါင်း (၃၈၀) ကျော်၊ ၂၄ နာရီအတွင်း လူပေါင်း (၁၃၀၀) ကျော် စစ်ဆေးနိုင်သော Cobas 6800 Analyser စက်တစ်လုံး (Made in Switzerland)၊Cobas 6800 analyser စက်နှင့်တွဲဖက်၍ လူအယောက် (၁၁၀၀) ကျော် စစ်ဆေးနိုင်သည့် ရောဂါရှာဖွေရေးဆေးရည် Reagent (Made in USA)၊ အမျိုးသား ကျန်းမာရေးဓာတ်ခွဲခန်း (NHL) ၏ Virology Lab အဆင့်မြှင့်တင်မှု လှူဒါန်းခြင်း စုစုပေါင်း တန်ဖိုးကျပ် ၈၃၅၂ သိန်းကိုလှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါစက်များသည် US FDAတွင် မှတ်ပုံတင်ရရှိပြီးသည်နှင့် တစ်ပြိုင်နက် မြန်မာနိုင်ငံအတွက် ခွဲတမ်းရနိုင်ရန်ကြိုးစားခဲ့ခြင်းဖြစ်ရာ အမေရိကန်နိုင်ငံမှ Frankfurt လေဆိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။
Source-ဝေဝေဖြိုး #Myanmar_Online_News

0 comments:

Post a Comment