Tuesday, April 7, 2020

ထိုင်းတွင် ဘုန်းကြီးနှင့် ကပ္ပိယကို ကျေးရွားအုပ်ချုပ်ရေးမှူး ပစ်သတ်

Image may contain: one or more people and people standing
ထိုင်းနိုင်ငံ၊ ကျေးရွာတစ်ခုတွင် ညမထွက်ရအမိန့်ကို ဖောက်ဖျက်ကျူးလွန်ပြီး အကြမ်းဖက်တုံ့ပြန်ခဲ့သည့်အတွက် ဘုန်းတော်ကြီးတစ်ပါးနှင့် သူ၏ကပ္ပိယတို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးက သေနတ်နှင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာသည် ထိုင်းနိုင်ငံ၊ ‌သာနာချာခရိုင်၊ ဆမ်မွန်ထောင်မြို့နယ် ခေါင်ပေလာလမ်းပေါ်ရှိ ခေါင်ပေလာဘုန်းတော်ကြီးကျောင်း မုခ်ဦးအနီး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားရာသို့ ရောက်ရှိချိန်တွင် ခေါင်ပေလာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ချွန်လသန် သာဝါရို ကမ်ချာနာဘတ် သက်တော် (၄၉) နှင့်၊ သူ၏ ကပ္ပိယ ချူရတ်ခွန်ကလိုင် (၄၈) တို့ကို ထရပ်ကားတစ်စီးအနီး သေနတ်ဒဏ်ရာများနှင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ကြသည်။

ဆရာတော်နှင့် သူ၏ကပ္ပိယတို့ကို ပစ်သတ်ခဲ့သူမှာ အသက် ၅၅ နှစ်အရွယ် Moo 9 ကျေးရွာအုပ်ချုပ်ရေးမှူး မယ်နော့ခိုပင်ဆိုသည့် အမျိုးသားဖြစ်ပြီး သူသည် ပစ်ခတ်မှု ကျူးလွန်ခဲ့ပြီးနောက် ထွက်ပြေးခြင်းမရှိဘဲ ရဲတပ်ဖွဲ့လာရောက်ဖမ်းဆီးခြင်းကို စောင့်နေခဲ့ကြောင်း သိရသည်။

ဆရာတော်နှင့် ကပ္ပိယတို့သည် ညဆယ်နာရီမှ မနက် လေးနာရီထိ မထွက်ရအမိန့်ထုတ်ပြန်ထားသည်ကို ချိုးဖောက်ပြီး ပျားဖွတ်ရန် ၎င်းတို့၏ ကားဖြင့် ထွက်လာသည်ကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့က တားဆီးရာမှ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့က စစ်ဆေးစဉ်အတွင်း ဆရာတော်သည် ပစ္စတိုသေနတ်ဆွဲထုတ်နေပြီး ကပ္ပိယက ဓားဆွဲထုတ်နေသည်ကို မြင်လိုက်သည့်အတွက် နှစ်ယောက်ပေါင်းကို သေနတ် သုံးချက်ပစ်ခတ်ခဲ့သည်ဟု မစ္စတာ မယ်နော့က ပြန်လည်ထွက်ဆိုခဲ့သည်။

ဆရာတော်သည် ဝမ်းဗိုက် နှင့် နောက်စေ့တို့တွင် သေနတ်ဒဏ်ရာ တစ်ချက်စီ၊ ကပ္ပိယသည် လည်ချောင်းတွင် သေနတ်ဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

ကျေးရွာအုပ်ချုပ်ရေးမှူးကို ထပ်မံစစ်ဆေးစရာများအတွက် ရဲတပ်ဖွဲ့ က ဖမ်းဆီးထိန်းသိမ်ထားပြီး အခင်းဖြစ်ပွားရာနေရာမှ သက်သေများကို မှုခင်းအရာရှိများက ရှာဖွေဖော်ထုတ်လျက်ရှိသည်။

ယခုပျံလွန်တော်မူခဲ့သည့် ဆရာတော် ချွန်လသန် သာဝါရို ကမ်ချာနာဘတ်သည် သန်နာချာခရိုင်အတွင်း ထင်ရှားကျော်ကြားသည့် ဆရာတော်တစ်ပါးဖြစ်ပြီး ဆည်တာတမံများ တည်ဆောက်ရေး၊ သစ်ပင်စိုက်ပျိုးရေးတို့တွင် ဒေသခံများကို ကမကထပြုဦးဆောင်ခဲ့သည်။

ဆရာတော်သည် ၂၀၁၆ ခုနှစ်က သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးတွင် အဓိကပါဝင်လှုပ်ရှားခဲ့သည့်အတွက် ဆုတံဆိပ် ဆပ်ကပ်ခံခဲ့ရသည်။ နောက် ၂ နှစ်အကြာတွင် စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်အတွက် နောက်ဆုတစ်ခုလည်း ထပ်ရခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။
Source-Bangkok Post #Myanmar_Online_News

>>zawgyi<<

0 comments:

Post a Comment