AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အရပ်သားများအသွင်ယူ၍ ကျေးရွာများအတွင်း ရောနှောနေထိုင်ပြီး တပ်မတော်အုပ်ချုပ်မှုယာဉ်တန်းများ၊ ရိက္ခာပို့ရေယာဉ်များ၊ စီမံကိန်းပစ္စည်းပို့ရေယာဉ်များအား မိုင်းထောင်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်အောင် ဆောင်ရွက်ခြင်းများစသည့် ဥပဒေမဲ့အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ AA အကြမ်းဖက် သောင်းကျန်းသူများသည် ရခိုင်ပြည် နယ်၊ ကျောက်တော်မြို့နယ်၊ သရက်အုပ်ကျေးရွာအတွင်း ဒေသခံရွာသူ၊ ရွာသားများ အသွင်ဖြင့် နေထိုင်လျက်ရှိပြီး ဆက်ကြေးကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်းများ ပြုလုပ် လျက်ရှိကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဧပြီ ၁ ရက် နံနက်ပိုင်းတွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ AA အကြမ်းဖက် သောင်းကျန်းသူ များနှင့် ပတ်သက်ဆက်နွယ်သူ ဦးအောင်စံလှ ၅၆ နှစ်(ဘ) ဦးသာလှအောင်၊ ဦးစိုးရွှေမောင် ၅၂ နှစ်(ဘ) ဦးမောင်ညိုထွန်းနှင့် ဦးတင်တင်မောင် ၄ဝ နှစ်(ဘ) ဦးကျော်ဇံဝေ တို့ကို ဖမ်းဆီးရမိခဲ့ပြီး AA အကြမ်းဖက်သောင်းကျန်းသူများ စုပုံထားသည့် ရိက္ခာများ၊ ဆေးဝါးများ၊ NGO အဖွဲ့အစည်းများမှ စစ်ဘေးရှောင်များသို့ ထောက်ပံ့လှူဒါန်းထားသည့် ရိက္ခာပစ္စည်းများ၊ မိုင်းဖောက်ခွဲရာတွင် အသုံးပြုသည့် ယမ်းကြိုးများ၊ ဒီတိုနေတာများနှင့် အခြားအသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ AA အကြမ်းဖက် သောင်းကျန်းသူများသည် ၂ဝ၁၈ ခုနှစ် အောက်တိုဘာလတွင် ကျေးရွာသို့ရောက်ရှိလာခဲ့ပြီး စည်းရုံးမှုများ ပြုလုပ်ခဲ့ ကြောင်း၊ အိမ် ထောင်စု ၁ စုလျင် ဆန် ၁ တောင်း၊ ငွေ ၂ဝဝဝ၊ ၃ဝဝဝ၊ ၅ဝဝဝ အားလစဉ် ကောက်ခံကြောင်းနှင့် ကောက်ခံရရှိသည့် ငွေများကို တစ်ရွာတည်းနေ ဦးကျော်ကြီး(ခ) ဦးကျော်တင့် နေအိမ်သို့ ပို့ဆောင်ပေးရကြောင်း၊ ၎င်းမှတစ်ဆင့် AA အကြမ်းဖက် သောင်းကျန်းသူများထံသို့ စက်လှေများ၊ ထော်လာဂျီများဖြင့် ဆက်လက် ပို့ဆောင်လျက်ရှိ ကြောင်း သိရသည်။
ယင်းအပြင် AA အကြမ်းဖက် သောင်းကျန်းသူများသည် ကျေးရွာအတွင်း အမြဲမပြတ် ဝင်ထွက် လျက်ရှိပြီး ဦးကျော်သိန်းချေ နေအိမ်၌ အစည်းအဝေးများ ပြုလုပ်လျက်ရှိကြောင်း၊ တစ်ရွာ တည်းနေသူ ဦးကျော်ကြီး၊ ဦးစံတင်၊ ဦးလှရွှေသိန်း၊ ဦးကျော်သိန်းချေ၊ ဦးဝင်းလှိုင် တို့သည် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အတွက် လူသစ်စုဆောင်းပေးခြင်း၊ လိုအပ်သော အုပ်ချုပ်မှု ကိစ္စရပ်များ ဆောင်ရွက်ပေးခြင်း၊ ကျောက်တော်မြို့နယ်အတွင်း လုံခြုံရေး တပ်ဖွဲ့ ဝင်များ၏ လှုပ်ရှားမှုသတင်းပေးပို့ခြင်းနှင့် မိုင်းထောင်ဖောက်ခွဲခြင်းများကို ဆောင်ရွက်ရာတွင် ပါဝင်သူများဖြစ်ကြောင်း၊ ၎င်းတို့ ကျေးရွာမှ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့သို့ ဝင်ရောက်သူ ၁၅ ဦးခန့် ရှိကြောင်း သိရှိရသည်။
အထက်ပါ ဖမ်းဆီးရမိသည့် AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ပတ်သက် ဆက်နွယ်သူများအား စစ်တွေမြို့ မြို့မရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်လျက်ရှိသော ဦးကျော်ကြီး(ခ) ဦးကျော်တင့်နှင့် ဦးကျော်သိန်းချေတို့အား ကျောက်တော်မြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
သရက်အုပ်ကျေးရွာအတွင်း ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး ကျောက်တော်မြို့သို့ ပြန်လည်ထွက်ခွာလာသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် AA အကြမ်းဖက် သောင်းကျန်းသူများက ကျောက်တော်မြို့၏ တောင်ဘက် မီတာ ၅ဝဝ ခန့်အကွာ၌ ရီမုမိုင်း ၄ လုံးဖြင့် ကားလမ်းဝဲယာမှ ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။ ၎င်းနေရာမှ ဆက်လက်ထွက်ခွာလာရာ ကျောက်တော်မြို့၏ တောင်ဘက် မီတာ ၂ဝဝ ခန့် အကွာ သို့အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ထပ်မံနှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန် ထိတွေ့မှုဖြစ်ပွားခဲ့ သည်။ တစ်ချိန်တည်းမှာပင် ကျောက်တော်မြို့၏ အရှေ့ဘက်မီတာ ၂ဝဝ ခန့်အကွာရှိ ကုလားတန်မြစ်အတွင်း ကျောက်တော်မြို့၏ အရှေ့ဘက်လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ ကိုလည်း AA အကြမ်းဖက် သောင်းကျန်းသူများက မြစ်ကမ်းစပ်ရှိ အဆောက်အဦများ အတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရသည်။
အဆိုပါဖြစ်စဉ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မော်တော်ယာဉ်များ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ကြောင်းနှင့် တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် AA အကြမ်းဖက် သောင်းကျန်းသူများ၏ ရခိုင်ပြည်နယ်အတွင်း ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေမှုအား ကာကွယ် တားဆီးရေးတို့အတွက် ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#Myanmar_Online_News
>>zawgyi<<
ကျောက်တော်မြို့နယ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ်သူ ၃ ဦးဖမ်းဆီးရမိကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်
Saturday, April 4, 2020
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အရပ်သားများအသွင်ယူ၍ ကျေးရွာများ အတွင်း ရောနှောနေထိုင်ပြီး တပ်မတော်အုပ်ချုပ်မှု ယာဉ်တန်းများ၊ ရိက္ခာပို့ ရေယာဉ်များ၊ စီမံကိန်းပစ္စည်းပို့ ရေယာဉ်များအား မိုင်းထောင်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ၊ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်အောင် ဆောင်ရွက်ခြင်းများစသည့် ဥပဒေမဲ့ အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ AA အကြမ်းဖက် သောင်းကျန်းသူများသည် ရခိုင်ပြည် နယ်၊ ကျောက်တော်မြို့နယ်၊ သရက်အုပ်ကျေးရွာအတွင်း ဒေသခံရွာသူ၊ ရွာသားများ အသွင်ဖြင့် နေထိုင်လျက်ရှိပြီး ဆက်ကြေးကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်းများ ပြုလုပ် လျက်ရှိကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဧပြီ ၁ ရက် နံနက်ပိုင်းတွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ AA အကြမ်းဖက် သောင်းကျန်းသူ များနှင့် ပတ်သက်ဆက်နွယ်သူ ဦးအောင်စံလှ ၅၆ နှစ်(ဘ) ဦးသာလှအောင်၊ ဦးစိုးရွှေမောင် ၅၂ နှစ်(ဘ) ဦးမောင်ညိုထွန်းနှင့် ဦးတင်တင်မောင် ၄ဝ နှစ်(ဘ) ဦးကျော်ဇံဝေ တို့ကို ဖမ်းဆီးရမိခဲ့ပြီး AA အကြမ်းဖက်သောင်းကျန်းသူများ စုပုံထားသည့် ရိက္ခာများ၊ ဆေးဝါးများ၊ NGO အဖွဲ့အစည်းများမှ စစ်ဘေးရှောင်များသို့ ထောက်ပံ့လှူဒါန်းထားသည့် ရိက္ခာပစ္စည်းများ၊ မိုင်းဖောက်ခွဲရာတွင် အသုံးပြုသည့် ယမ်းကြိုးများ၊ ဒီတိုနေတာများနှင့် အခြားအသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ AA အကြမ်းဖက် သောင်းကျန်းသူများသည် ၂ဝ၁၈ ခုနှစ် အောက်တိုဘာလတွင် ကျေးရွာသို့ရောက်ရှိလာခဲ့ပြီး စည်းရုံးမှုများ ပြုလုပ်ခဲ့ ကြောင်း၊ အိမ် ထောင်စု ၁ စုလျင် ဆန် ၁ တောင်း၊ ငွေ ၂ဝဝဝ၊ ၃ဝဝဝ၊ ၅ဝဝဝ အားလစဉ် ကောက်ခံကြောင်းနှင့် ကောက်ခံရရှိသည့် ငွေများကို တစ်ရွာတည်းနေ ဦးကျော်ကြီး(ခ) ဦးကျော်တင့် နေအိမ်သို့ ပို့ဆောင်ပေးရကြောင်း၊ ၎င်းမှတစ်ဆင့် AA အကြမ်းဖက် သောင်းကျန်းသူများထံသို့ စက်လှေများ၊ ထော်လာဂျီများဖြင့် ဆက်လက် ပို့ဆောင်လျက်ရှိ ကြောင်း သိရသည်။
ယင်းအပြင် AA အကြမ်းဖက် သောင်းကျန်းသူများသည် ကျေးရွာအတွင်း အမြဲမပြတ် ဝင်ထွက် လျက်ရှိပြီး ဦးကျော်သိန်းချေ နေအိမ်၌ အစည်းအဝေးများ ပြုလုပ်လျက်ရှိကြောင်း၊ တစ်ရွာ တည်းနေသူ ဦးကျော်ကြီး၊ ဦးစံတင်၊ ဦးလှရွှေသိန်း၊ ဦးကျော်သိန်းချေ၊ ဦးဝင်းလှိုင် တို့သည် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အတွက် လူသစ်စုဆောင်းပေးခြင်း၊ လိုအပ်သော အုပ်ချုပ်မှု ကိစ္စရပ်များ ဆောင်ရွက်ပေးခြင်း၊ ကျောက်တော်မြို့နယ်အတွင်း လုံခြုံရေး တပ်ဖွဲ့ ဝင်များ၏ လှုပ်ရှားမှုသတင်းပေးပို့ခြင်းနှင့် မိုင်းထောင်ဖောက်ခွဲခြင်းများကို ဆောင်ရွက်ရာတွင် ပါဝင်သူများဖြစ်ကြောင်း၊ ၎င်းတို့ ကျေးရွာမှ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့သို့ ဝင်ရောက်သူ ၁၅ ဦးခန့် ရှိကြောင်း သိရှိရသည်။
အထက်ပါ ဖမ်းဆီးရမိသည့် AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ပတ်သက် ဆက်နွယ်သူများအား စစ်တွေမြို့ မြို့မရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်လျက်ရှိသော ဦးကျော်ကြီး(ခ) ဦးကျော်တင့်နှင့် ဦးကျော်သိန်းချေတို့အား ကျောက်တော်မြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
သရက်အုပ်ကျေးရွာအတွင်း ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး ကျောက်တော်မြို့သို့ ပြန်လည်ထွက်ခွာလာသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် AA အကြမ်းဖက် သောင်းကျန်းသူများက ကျောက်တော်မြို့၏ တောင်ဘက် မီတာ ၅ဝဝ ခန့်အကွာ၌ ရီမုမိုင်း ၄ လုံးဖြင့် ကားလမ်းဝဲယာမှ ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။ ၎င်းနေရာမှ ဆက်လက်ထွက်ခွာလာရာ ကျောက်တော်မြို့၏ တောင်ဘက် မီတာ ၂ဝဝ ခန့် အကွာ သို့အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ထပ်မံနှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန် ထိတွေ့မှုဖြစ်ပွားခဲ့ သည်။ တစ်ချိန်တည်းမှာပင် ကျောက်တော်မြို့၏ အရှေ့ဘက်မီတာ ၂ဝဝ ခန့်အကွာရှိ ကုလားတန်မြစ်အတွင်း ကျောက်တော်မြို့၏ အရှေ့ဘက်လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ ကိုလည်း AA အကြမ်းဖက် သောင်းကျန်းသူများက မြစ်ကမ်းစပ်ရှိ အဆောက်အဦများ အတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရသည်။
အဆိုပါဖြစ်စဉ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မော်တော်ယာဉ်များ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ကြောင်းနှင့် တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် AA အကြမ်းဖက် သောင်းကျန်းသူများ၏ ရခိုင်ပြည်နယ်အတွင်း ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေမှုအား ကာကွယ် တားဆီးရေးတို့အတွက် ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
0 comments:
Post a Comment