Saturday, April 4, 2020

အီတလီနိုင်ငံတွင် lockdownပြုလုပ်ထားမှုကို မေလ ၁ ရက်နေ့ နောက်ပိုင်းအထိဆက်လက်ပြုလုပ်သွားမည်

Image may contain: one or more people and people standing

အီတလီနိုင်ငံတွင် Coronavirus ရောဂါ ကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်ရန်အတွက် lockdown ပြုလုပ်ထားမှုကိုမေလ ၁ ရက်နေ့ နောက်ပိုင်းအထိ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း အရပ်ဘက်ဆိုင်ရာကာကွယ်ရေးအေဂျင်စီအကြီးအကဲ Angelo Borrelli မှ ဧပြီလ ၃ ရက်နေ့က ပြောကြားခဲ့ကြောင်း သိရသည်။

ယခုရက်သတ္တပတ်တွင် အစိုးရသည် အသွားအလာလှုပ်ရှားမှုဆိုင်ရာကန့်သတ်ချက်များ၊ အီတလီနိုင်ငံအတွက်အဓိကမကျသောထောက်ပံ့ရေးကွင်းဆက် (supply chain) များနှင့် ဝန်ဆောင်မှုများအားလုံးကိုဧပြီလ ၁၃ ရက်နေ့ထိရပ်တန့်ထားရမည်ဟုချမှတ်ထားသောlockdown ပြုလုပ်မှုကိုတိုးမြှင့်ခဲ့ပါသည်။
နိုင်ငံအသံလွှင့်ဌာန RAI နှင့်ပြုလုပ်သည့် ရေဒီယိုအင်တာဗျူးတစ်ခုတွင် Borrelliအား စီမံဆောင်ရွက်မှုများသည် ရက်သတ္တပတ်များစွာဆက်လက်တည်ရှိရန် လိုအပ်သလားဟု မေးမြန်းခဲ့ပါသည်။
Borrelli မှ “ ဒါကဆက်လက်ရှိနေမှာပါ။ အခြေအနေတွေကမေလ ၁ ရက်နေ့ နောက်ပိုင်း အထိဖြစ်သွားမယ်ဆိုတာ ကျွန်တော်မယုံချင်ဘူး။ ကျွန်တော်တို့အတွက် တင်းကျပ်မှုတွေ ရှိလာ လိမ့်မယ်” ဟုပြောကြားခဲ့ပါသည်။
ဧပြီလ ၂ ရက်နေ့တွင် အီတလီနိုင်ငံသည် Coronavirus ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ၁၃,၉၁၅ ဦးရှိကြောင်းတရားဝင်ထုတ်ပြန်ကြေညာခဲ့ပါသည်။
Image may contain: one or more people, people standing and outdoor
Source-Reuters #Myanmar_Online_News

>>zawgyi<<
အီတလီနိုင်ငံတွင် lockdownပြုလုပ်ထားမှုကို မေလ ၁ ရက်နေ့ နောက်ပိုင်းအထိဆက်လက်ပြုလုပ် သွားမည်
Saturday, April 4, 2020

အီတလီနိုင်ငံတွင် Coronavirus ရောဂါ ကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်ရန်အတွက် lockdown ပြုလုပ်ထားမှုကိုမေလ ၁ ရက်နေ့ နောက်ပိုင်းအထိ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း အရပ်ဘက်ဆိုင်ရာကာကွယ်ရေးအေဂျင်စီအကြီးအကဲAngelo Borrelli မှ ဧပြီလ ၃ ရက်နေ့က ပြောကြားခဲ့ကြောင်း သိရသည်။
ယခုရက်သတ္တပတ်တွင် အစိုးရသည် အသွားအလာလှုပ်ရှားမှုဆိုင်ရာကန့်သတ်ချက်များ၊ အီတလီနိုင်ငံအတွက်အဓိကမကျသောထောက်ပံ့ရေးကွင်းဆက် (supply chain) များနှင့် ဝန်ဆောင်မှုများအားလုံးကိုဧပြီလ ၁၃ ရက်နေ့ထိရပ်တန့်ထားရမည်ဟုချမှတ်ထားသောlockdown ပြုလုပ်မှုကိုတိုးမြှင့်ခဲ့ပါသည်။
နိုင်ငံအသံလွှင့်ဌာန RAI နှင့်ပြုလုပ်သည့် ရေဒီယိုအင်တာဗျူးတစ်ခုတွင် Borrelliအား စီမံဆောင်ရွက်မှုများသည် ရက်သတ္တပတ်များစွာဆက်လက်တည်ရှိရန် လိုအပ်သလားဟု မေးမြန်းခဲ့ပါသည်။
Borrelli မှ “ ဒါကဆက်လက်ရှိနေမှာပါ။ အခြေအနေတွေကမေလ ၁ ရက်နေ့ နောက်ပိုင်း အထိဖြစ်သွားမယ်ဆိုတာ ကျွန်တော်မယုံချင်ဘူး။ ကျွန်တော်တို့အတွက် တင်းကျပ်မှုတွေ ရှိလာ လိမ့်မယ်” ဟုပြောကြားခဲ့ပါသည်။
ဧပြီလ ၂ ရက်နေ့တွင် အီတလီနိုင်ငံသည် Coronavirus ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ၁၃,၉၁၅ ဦးရှိကြောင်းတရားဝင်ထုတ်ပြန်ကြေညာခဲ့ပါသည်။
Source-Reuters #Myanmar_Online_News

0 comments:

Post a Comment