Thursday, April 2, 2020

ဟားခါးမြို့တွင် လူစုလူဝေးဖြင့်တရားပွဲကျင်းပခဲ့သည့်ခရစ်ယာန်ဓမ္မဆရာ ၂ ဦးကို အမှုဖွင့်ထား

Image may contain: sky, outdoor and nature

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် လူစုလူဝေးဖြင့်တရားပွဲကျင်းပခဲ့သည့်ခရစ်ယာန်ဓမ္မဆရာ ၂ ဦးကို လ.၀.ကဥပဒေဖြင့် အမှုဖွင့်တရားစွဲဆိုထားကြောင်း ဟားခါးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ သြစတေးလျနိုင်ငံမှ social Visa ဖြင့် မြန်မာနိုင်ငံသို့ လာရောက်သော ဧဝံဂေလိ တရားဟောဆရာ EVan.Tawk Uk နှင့် ဟားခါးမြို့ သိက္ခာတော်ရဆရာတော် Rev,Biak Lian Thang တို့သည် မတ်လ၂၅ ရက် က ဟားခါးမြို့ပေါ်တွင် လူစုလူဝေးဖြင့် တရားဟောပွဲကျင်းပခဲ့ခြင်းဖြစ်သည်။
ယင်းသို့ကျင်းပခြင်းကို သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက တားမြစ်သော်လည်း လိုက်နာခြင်းမရှိသဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ဌာနဆိုင်ရာတွေက သွားပြီးစစ်ဆေးတယ်။စစ်ဆေးတော့ သူတို့က မလာဘူး၊ မပြုဘူးဆိုတဲ့ကိစ္စဖြစ်လို့ ထွေအုပ်ကတရားစွဲခိုင်းတာ” ဟု ဟားခါးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးမောင်မောင်လွင်က ပြောသည်။
ဧဝံဂေလိ တရားဟောဆရာ EVan.Tawk Uk သည် social Visa ကိုင်ဆောင် ဝင်ရောက်လာပြီး တရားဟောခြင်း ၊သိက္ခာတော်ရဆရာတော် Rev,Biak Lian Thang သည် ၎င်းအိမ်၌ တည်းခိုနေထိုင်သည်ကို သက်ဆိုင် ရာသို့ အကြောင်းမကြားခြင်းတို့ကြောင့် ဟားခါးမြို့မရဲစခန်းတွင် EVan.Tawk Uk ကို ၁၉၄၀ ခုနှစ် လ.၀.က အက်ဥပဒေ ပုဒ်မ ၄၁(ခ)၊၁၃/၁ ဖြင့်တရားစွဲဆိုထားပြီး Rev,Biak Lian Thang ကို ၁၉၄၈ ခုနှစ် လ.၀.က အက်ဥပဒေ အခန်း ၁၄/၆၊ပုဒ်မ ၅(က) ဖြင့် အမှုဖွင့်တရားစွဲဆိုထားကြောင်း သိရသည်။
<zawgyi>

Ref ; Akonthi

0 comments:

Post a Comment