Thursday, April 2, 2020

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက lockdown ကာလအတွင်း စီမံချက်တွေကို မလိုက်နာဘဲ ချိုးဖောက်သူတွေကို ပစ်သတ်မယ်လို့ သတိပေး

Image may contain: 1 person, sitting

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ကိုရိုနာဗိုင်းရပ်စ် lockdown ကာလအတွင်း လိုက်နာရမယ့် စီမံချက်တွေ၊ ကန့်သတ်ချက်တွေ ချိုးဖောက်တဲ့သူတွေကို ပစ်သတ်ခံရမယ်လို့ သတိပေးလိုက်ပါတယ်။ 

လူဇွန်ကျွန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုကို တားဆီးဖို့အတွက် lockdown ချထားတဲ့ အစီအမံတွေနဲ့ပတ်သက်ပြီး သမ္မတ ဒူတာတေးက အခုလို ပြောလိုက်တာပါ။ ဒီကာလမှာ အစိုးရရဲ့ စီမံချက်တွေ၊ ဆောင်ရွက်ချက်တွေကို အားလုံးပူးပေါင်းဆောင်ရွက်ပေးကြဖို့နဲ့ ၊ တားမြစ်ကန့်သတ်ချက်တွေကို ချိုးဖောက်ပြီး ပြသနာဖြစ်အောင်ဖန်တီးတဲ့ ဘယ်သူကိုမဆို ပစ်သတ်ဖို့ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကို အမိန့်ပေးရလိမ့်မယ်လို့ ဒူတာတေးက ပြောပါတယ်။
ဗိုင်းရပ်စ်ကူးစက်မှု အခြေအနေဟာ ပိုပြီးဆိုးလာတာကြောင့် ပြသနာတွေမဖန်တီးကြဖို့နဲ့၊ ပြသနာဖန်တီးသူတွေကို မြေမြုပ်သင်္ဂြိုဟ်ပေးသွားမယ်လို့လည်း ဒူတာတေးက ပြောခဲ့ပါတယ်။ဒါ့အပြင် ကျန်းမာရေး ဝန် ထမ်းတွေ၊ ဆရာဝန်တွေကို ထိခိုက်အောင်လုပ်မယ်ဆိုရင် ကြီးလေးတဲ့ ရာဇဝတ်မှုဖြစ်တယ်လို့လည်း သတိ ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မနီလာမြို့တော်က ဆင်းရဲတဲ့ နေရာဒေသတွေမှာ အစိုးရရဲ့ အစားအစာထောက်ပံ့မှုမလုံလောက်တာကြောင့် ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး၊ ရဲတပ်ဖွဲ့က ဆန္ဒပြသူအချို့ကို ဖမ်းဆီးထိန်း သိမ်းခဲ့ပါတယ်။ ဧပြီလ (၂) ရက်နေ့ နေ့လည်ပိုင်းအထိ ရရှိတဲ့ သတင်းတွေအရ ဖိလစ်ပိုင်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ(၂) ထောင်ကျော်ရှိပြီး သေဆုံးသူ (၁၀၀) နီးပါးရှိတယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။
Ref ; 5 PLUS NEWS
<zawgyi>
ဖိလစ်ပိုင်သမ္မတ ဒူတာတေးက lockdown ကာလအတွင်း စီမံချက်တွေကို မလိုက်နာဘဲ ချိုးဖောက်သူတွေကို ပစ်သတ်မယ်လို့ သတိပေး
Thursday, April 2, 2020

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ကိုရိုနာဗိုင်းရပ်စ် lockdown ကာလအတွင်း လိုက်နာရမယ့် စီမံချက်တွေ၊ ကန့်သတ်ချက်တွေ ချိုးဖောက်တဲ့သူတွေကို ပစ်သတ်ခံရမယ်လို့ သတိပေးလိုက်ပါတယ်။ လူဇွန်ကျွန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုကို တားဆီးဖို့အတွက် lockdown ချထားတဲ့ အစီအမံတွေနဲ့ပတ်သက်ပြီး သမ္မတ ဒူတာတေးက အခုလို ပြောလိုက်တာပါ။ ဒီကာလမှာ အစိုးရရဲ့ စီမံချက်တွေ၊ ဆောင်ရွက်ချက်တွေကို အားလုံးပူးပေါင်းဆောင်ရွက်ပေးကြဖို့နဲ့ ၊ တားမြစ်ကန့်သတ်ချက်တွေကို ချိုးဖောက်ပြီး ပြသနာဖြစ်အောင်ဖန်တီးတဲ့ ဘယ်သူကိုမဆို ပစ်သတ်ဖို့ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကို အမိန့်ပေးရလိမ့်မယ်လို့ ဒူတာတေးက ပြောပါတယ်။
ဗိုင်းရပ်စ်ကူးစက်မှု အခြေအနေဟာ ပိုပြီးဆိုးလာတာကြောင့် ပြသနာတွေမဖန်တီးကြဖို့နဲ့၊ ပြသနာဖန်တီးသူတွေကို မြေမြုပ်သင်္ဂြိုဟ်ပေးသွားမယ်လို့လည်း ဒူတာတေးက ပြောခဲ့ပါတယ်။ဒါ့အပြင် ကျန်းမာရေး ဝန် ထမ်းတွေ၊ ဆရာဝန်တွေကို ထိခိုက်အောင်လုပ်မယ်ဆိုရင် ကြီးလေးတဲ့ ရာဇဝတ်မှုဖြစ်တယ်လို့လည်း သတိ ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မနီလာမြို့တော်က ဆင်းရဲတဲ့ နေရာဒေသတွေမှာ အစိုးရရဲ့ အစားအစာထောက်ပံ့မှုမလုံလောက်တာကြောင့် ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး၊ ရဲတပ်ဖွဲ့က ဆန္ဒပြသူအချို့ကို ဖမ်းဆီးထိန်း သိမ်းခဲ့ပါတယ်။ ဧပြီလ (၂) ရက်နေ့ နေ့လည်ပိုင်းအထိ ရရှိတဲ့ သတင်းတွေအရ ဖိလစ်ပိုင်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ(၂) ထောင်ကျော်ရှိပြီး သေဆုံးသူ (၁၀၀) နီးပါးရှိတယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။
Ref ; 5 PLUS NEWS

0 comments:

Post a Comment