လေယာဉ်တင်သင်္ဘောပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားတာကို တင်းတင်းကျပ်ကျပ် အစီအမံတွေ လုပ်ပေးဖို့ တောင်းဆို ဝေဖန်တဲ့ စာတစ်စောင်ကို သင်္ဘောကပ္ပတိန် ခရိုဇီယာက ရေတပ်ကို ပေးပို့ခဲ့ပြီးနောက် အမေရိကန် လေယာဉ်တင် ယူအက်စ်အက်စ်သီအိုဒိုရုစဗဲ့ သင်္ဘော အဆိုပါကပ္ပတိန်ကို အမေရိကန်ရေတပ်က ဧပြီ ၂ ရက်မှာ တာဝန်က ရပ်စဲလိုက်ပါတယ်။
အဲဒီဝေဖန်စာဟာ အများပြည်သူထံ ပေါက်ကြားခဲ့ပြီးနောက် ခရိုဇီယာကို တာဝန်ရပ်စဲတယ်လို့ ရေတပ်ဝန်ကြီး သောမတ်စ်မိုလီက ကြေညာခဲ့ပါတယ်။ ယာယီရေတပ်ဝန်ကြီး မိုလီက ကပ္ပတိန်ခရိုဇီယာဟာ ချင့်ချိန်နိုင်စွမ်းအား နည်းပါးပြီး မလိုအပ်ဘဲ အထိတ်တလန့်ဖြစ်အောင် လုပ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
လက်ရှိအချိန်အထိ သီအိုဒိုရုစဗဲ့သင်္ဘောပေါ်က အမှုထမ်း ၁၀၀ ကျော်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိထားပါတယ်။
လွန်ခဲ့တဲ့ သီတင်းတပတ်ခန့်က ပထမဆုံး ပိုးတွေ့ရှိခဲ့ပြီး အဲဒီအချိန် သင်္ဘောဟာ ပစိဖိတ်သမုဒ္ဒရာထဲမှာ ရှိနေပါတယ်။ ပိုးတွေ့ပြီးနောက် သင်္ဘောကို ဂူအမ်ကျွန်းဆိပ်ကမ်းမှာ ကမ်းကပ်ခဲ့ပြီး သင်္ဘောသားတွေကို ကျွန်းပေါ်က ရေတပ်စခန်းမှာ သီးခြားစောင့်ကြည့်ခဲ့ပါတယ် ။
ယူအက်စ်အက်စ် သီအိုဒိုရုစဗဲ့ သင်္ဘောပေါ်မှာ အမှုထမ်း ၅၀၀၀ ဝန်းကျင် တာဝန်ထမ်းဆောင်နေတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
Source- ရိုက်တာ ref-dvb #Myanmar_Online_News
>>zawgyi<<
အမေရိကန် လေယာဉ်တင်သင်္ဘောတွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကို အစီအမံတွေ လုပ်ပေးဖို့ တောင်းဆို ဝေဖန်တဲ့ ကပ္ပတိန်ကို တာဝန်မှရပ်စဲ
Saturday, April 4, 2020
လေယာဉ်တင်သင်္ဘောပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားတာကို တင်းတင်းကျပ်ကျပ် အစီအမံတွေ လုပ်ပေးဖို့ တောင်းဆို ဝေဖန်တဲ့ စာတစ်စောင်ကို သင်္ဘောကပ္ပတိန် ခရိုဇီယာက ရေတပ်ကို ပေးပို့ခဲ့ပြီးနောက် အမေရိကန် လေယာဉ်တင် ယူအက်စ်အက်စ်သီအိုဒိုရုစဗဲ့ သင်္ဘော အဆိုပါကပ္ပတိန်ကို အမေရိကန်ရေတပ်က ဧပြီ ၂ ရက်မှာ တာဝန်က ရပ်စဲလိုက်ပါတယ်။
အဲဒီဝေဖန်စာဟာ အများပြည်သူထံ ပေါက်ကြားခဲ့ပြီးနောက် ခရိုဇီယာကို တာဝန်ရပ်စဲတယ်လို့ ရေတပ်ဝန်ကြီး သောမတ်စ်မိုလီက ကြေညာခဲ့ပါတယ်။ ယာယီရေတပ်ဝန်ကြီး မိုလီက ကပ္ပတိန်ခရိုဇီယာဟာ ချင့်ချိန်နိုင်စွမ်းအား နည်းပါးပြီး မလိုအပ်ဘဲ အထိတ်တလန့်ဖြစ်အောင် လုပ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
လက်ရှိအချိန်အထိ သီအိုဒိုရုစဗဲ့သင်္ဘောပေါ်က အမှုထမ်း ၁၀၀ ကျော်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိထားပါတယ်။
လွန်ခဲ့တဲ့ သီတင်းတပတ်ခန့်က ပထမဆုံး ပိုးတွေ့ရှိခဲ့ပြီး အဲဒီအချိန် သင်္ဘောဟာ ပစိဖိတ်သမုဒ္ဒရာထဲမှာ ရှိနေပါတယ်။ ပိုးတွေ့ပြီးနောက် သင်္ဘောကို ဂူအမ်ကျွန်းဆိပ်ကမ်းမှာ ကမ်းကပ်ခဲ့ပြီး သင်္ဘောသားတွေကို ကျွန်းပေါ်က ရေတပ်စခန်းမှာ သီးခြားစောင့်ကြည့်ခဲ့ပါတယ် ။
ယူအက်စ်အက်စ် သီအိုဒိုရုစဗဲ့ သင်္ဘောပေါ်မှာ အမှုထမ်း ၅၀၀၀ ဝန်းကျင် တာဝန်ထမ်းဆောင်နေတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
Source- ႐ိုက္တာ ref-dvb #Myanmar_Online_News
0 comments:
Post a Comment