Coronavirus Disease 2019 (COVID-19) ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌လက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ပြီး မတ်၃၁ရက် ညနေပိုင်းတွင် စတင်လက်ခံခဲ့ရာ ဧပြီ ၂ ရက်အထိ စုစုပေါင်း ၁၀၂ ဦး လက်ခံပြီးဖြစ်သည်။
ဧပြီ ၃ ရက်နေ့တွင်လည်း တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး၊ ထိုင်းနိုင်ငံမှ ပြန်လည် ရောက်ရှိလာသူ အမျိုးသား သုံးဦး၊ အမျိုးသမီးတစ်ဦး၊ မြဝတီ၊ မြိတ်နှင့်မူဆယ်မြို့တို့မှ ပြန်လည်ရောက်ရှိ လာသူ အမျိုးသား ငါးဦး စုစုပေါင်း ၁၁ ဦး ထပ်မံရောက်ရှိရာ စောင့်ကြည့်လူနာ စုစုပေါင်း ၁၁၃ ဦးကို လက်ခံခဲ့ပြီးဖြစ်သည်။
စောင့်ကြည့်လူနာ ၁၁၃ ဦးအနက် တစ်ဦးကို Home Quarantine အဖြစ် နေအိမ်သို့ပြန်လည် စေလွှတ်ခဲ့သဖြင့် စုစုပေါင်း စောင့်ကြည့်လူနာ ၁၁၂ ဦးကို လက္ခံထားရွိပြီး ၎င်းတို့၏ နေထိုင်စားသောက်ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့နှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ စောင့်ကြည့်လူနာ ၁၁၂ ဦးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းတွင် COVID-19 ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ကုသရန် သီးခြားစောင့်ကြည့် ကုသရမည့်သူ ၂၀၀၀ဦး နေထိုင်နိုင်ရန် အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Source-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News
>>zawgyi<<
COVID-19 နှင့်ပတ်သက်၍ သီးသန့်စောင့်ကြည့်ရမည့်သူများအား ရန်ကုန်မြို့ရှိ စစ်ကြောရေး နှင့် တည်းခိုရေးစခန်းတွင် ဆက်လက်လက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှုပေး
Saturday, April 4, 2020
Coronavirus Disease 2019 (COVID-19) ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့် ရမည့်သူ များအား ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ လက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပြီး မတ်၃၁ရက် ညနေပိုင်းတွင် စတင်လက်ခံခဲ့ရာ ဧပြီ ၂ ရက်အထိ စုစုပေါင်း ၁၀၂ ဦး လက်ခံ ပြီးဖြစ်သည်။
ဧပြီ ၃ ရက်နေ့တွင်လည်း တရုတ်နိုင်ငံမှ ပြန်လည် ရောက်ရှိလာသူ အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦး၊ ထိုင်းနိုင်ငံမှ ပြန်လည် ရောက်ရှိလာသူ အမျိုးသား သုံးဦး၊ အမျိုးသမီးတစ်ဦး၊ မြဝတီ၊ မြိတ်နှင့်မူဆယ်မြို့တို့မှ ပြန်လည်ရောက်ရှိ လာသူ အမျိုးသား ငါးဦး စုစုပေါင်း ၁၁ ဦး ထပ်မံရောက်ရှိရာ စောင့်ကြည့်လူနာ စုစုပေါင်း ၁၁၃ ဦးကို လက်ခံခဲ့ပြီးဖြစ်သည်။
စောင့်ကြည့်လူနာ ၁၁၃ ဦး အနက် တစ်ဦးကို Home Quarantine အဖြစ် နေအိမ်သို့ပြန်လည် စေလွှတ်ခဲ့ သဖြင့် စုစုပေါင်း စောင့်ကြည့်လူနာ ၁၁၂ ဦးကို လက္ခံထားရွိပြီး ၎င်းတို့၏ နေထိုင်စား သောက်ရေးနှင့် ကျန်းမာ ရေး စောင့်ရှောက်မှု လုပ်ငန်းများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေး အဖွဲ့နှင့် တာဝန်ရှိ သူများက ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် အဆိုပါ စောင့်ကြည့်လူနာ ၁၁၂ဦးမှာ ကျန်းမာရေး ကောင်းမွန် လျက်ရှိ ကြောင်း သိရှိရသည်။
အဆိုပါ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းတွင် COVID-19 ရောဂါကြိုတင် ကာကွယ် ထိန်းချုပ် ကုသရန် သီးခြားစောင့်ကြည့် ကုသရမည့်သူ ၂၀၀၀ဦး နေထိုင်နိုင်ရန် အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။
Source-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News
0 comments:
Post a Comment