တူနီးရှားနိုင်ငံဟာ တူနီးရှားငွေ ၁၀ ဒီနာတန် ငွေစက္ကူအသစ်ကို နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဆရာဝန် တော်ဟီဒါဘင်ချက်ရဲ့ ပုံနဲ့ ရိုက်နှိပ်ထုတ်ဝေလိုက်ပါတယ်။
ဒီလိုမျိုး အမျိုးသမီးတစ်ယောက်ပုံနဲ့ ငွေစက္ကူ ရိုက်နှိပ်တာဟာ အာရပ်ကမ္ဘာမှာ အင်မတန်မှ ရှားပါးတဲ့ ဥပမာတစ်ခုဖြစ်ပါ တယ်။ တူနီးရှား ဗဟိုဘဏ် ဒါရိုက်တာ အဗ္ဗဒီလာဇစ် ဘင် ဆာအစ်ဒ်က သိပ္ပံနဲ့ ဆေးပညာနယ် ပယ်က အမျိုးသမီးတွေကို ဂုဏ်ပြုလိုက်တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။
ဘင်ချက်ဟာ ၁၉၀၉ ခုနှစ်မှာ မွေးဖွားခဲ့ပြီးတော့ တူနီးရှားမှာသာမက အာဖရိက မြောက်ပိုင်းတစ်ခွင်လုံးမှာ ပထမဆုံး အမျိုး သမီး ဆရာဝန် ဖြစ်လာခဲ့တာပါ။ ဆေးပညာကို ပြင်သစ်မှာ သင်ယူခဲ့ပြီစးတော့ တူနီးရှားနိုင်ငံမှာ သူ့ရဲ့ ကိုယ်ပိုင်ဆေးခန်းကို ၁၉၃၆ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ လိုင်လာဆိုတဲ့ အမျိုးသမီး မဂ္ဂဇင်းတစ်စောင်ကိုလည်း ဦးဆောင်ထုတ်ဝေခဲ့ပါတယ်။
အဲဒီလို လမ်းသစ်ဖောက်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ကို ငွေစက္ကူမှာ ပုံနှိပ်ဖော်ပြပြီး ဂုဏ်ပြုတာဟာ ကောင်းတဲ့အလား အလာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
<zawgyi>
တူနီးရှားတွင် ပထမဆုံး အမျိုးသမီး ဆရာဝန်ပုံဖြင့် ငွေစက္ကူထုတ်လုပ်
Monday, April 6, 2020
တူနီးရှားနိုင်ငံဟာ တူနီးရှားငွေ ၁၀ ဒီနာတန် ငွေစက္ကူအသစ်ကို နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဆရာဝန် တော်ဟီဒါဘင်ချက်ရဲ့ ပုံနဲ့ ရိုက်နှိပ်ထုတ်ဝေလိုက်ပါတယ်။
ဒီလိုမျိုး အမျိုးသမီးတစ်ယောက်ပုံနဲ့ ငွေစက္ကူ ရိုက်နှိပ်တာဟာ အာရပ်ကမ္ဘာမှာ အင်မတန်မှ ရှားပါးတဲ့ ဥပမာတစ်ခုဖြစ်ပါ တယ်။ တူနီးရှား ဗဟိုဘဏ် ဒါရိုက်တာ အဗ္ဗဒီလာဇစ် ဘင် ဆာအစ်ဒ်က သိပ္ပံနဲ့ ဆေးပညာနယ် ပယ်က အမျိုးသမီးတွေကို ဂုဏ်ပြုလိုက်တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။
ဘင်ချက်ဟာ ၁၉၀၉ ခုနှစ်မှာ မွေးဖွားခဲ့ပြီးတော့ တူနီးရှားမှာသာမက အာဖရိက မြောက်ပိုင်းတစ်ခွင်လုံးမှာ ပထမဆုံး အမျိုး သမီး ဆရာဝန် ဖြစ်လာခဲ့တာပါ။ ဆေးပညာကို ပြင်သစ်မှာ သင်ယူခဲ့ပြီစးတော့ တူနီးရှားနိုင်ငံမှာ သူ့ရဲ့ ကိုယ်ပိုင်ဆေးခန်းကို ၁၉၃၆ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ လိုင်လာဆိုတဲ့ အမျိုးသမီး မဂ္ဂဇင်းတစ်စောင်ကိုလည်း ဦးဆောင်ထုတ်ဝေခဲ့ပါတယ်။
အဲဒီလို လမ်းသစ်ဖောက်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ကို ငွေစက္ကူမှာ ပုံနှိပ်ဖော်ပြပြီး ဂုဏ်ပြုတာဟာ ကောင်းတဲ့အလား အလာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
Source - One News Myanmar
0 comments:
Post a Comment